ရန်ကုန်၊ ၂၀၂၀ ဩဂုတ် ၂၆ (မော်ကွန်း)









၂၄ နာရီအတွင်း COVID-19 ရောဂါပိုးရှိသူ ၁၀၀ အထိ စံချိန်တင်ထွက်ပေါ်လာခဲ့ပြီးနောက် ဒုတိယ COVID-19 ရောဂါလှိုင်း မြန်မာပြည်တွင် စတင်ပြီဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။
ရောဂါပိုးတွေ့ရှိသူအများစုသည် ရခိုင်ပြည်နယ်တွင် ဖြစ်သည်။ ယခုတဖန် ခေါင်းထောင်ထလာသည့် ဗိုင်းရပ်စ်ကူးစက်မှုသည် ပြည်တွင်းကူးစက်ခံရမှုအများဆုံးဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာနကလည်း မနက်ဖြန်မှ စတင်ကာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းများကို ပြန်ပိတ်မည် ဖြစ်သည်။ ဒုတိယအကြိမ် တစ်ရှိန်ထိုးမြင့်တတ်လာသည့် COVID-19 ရောဂါပိုးကူးစက်မှုကာလ ရန်ကုန်မြို၏ ယနေ့ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။
ဓါတ်ပုံ – ဖြိုးထက်အောင်
#Dailynews

