CCTV ကင်မရာတွေဟာ မြို့ပြတော်လှန်ရေးအဖွဲ့တွေအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်နေ

CCTV ကင်မရာတွေဟာ မြို့ပြတော်လှန်ရေးအဖွဲ့တွေအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်နေ

ရန်ကုန် – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း)

CCTV ကင်မရာတွေဟာ မြို့ပြတွေက တော်လှန်ရေးအဖွဲ့တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာတယ်လို့ ရန်ကုန်မြို့၊တော်လှန်ရေးမြေအောက်အဖွဲ့(UG)တွေဆီက သိရပါတယ်။

“အခု ဇွန်လပထမအပတ်ထဲမှာကို CCTV ကြောင့် UG နှစ်ဖွဲ့ အဖမ်းခံလိုက်ရတာရှိတယ်။ ဒီ CCTV တွေကပဲ ထပ်ဆင့်လိုက်ပြီး ဖမ်းဆီးခံလိုက်ရတာမျိုး”လို့ ရန်ကုန်မြို့၊ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ မိမိလုံခြုံရေးနဲ့မသက်ဆိုင်တဲ့ဘက်တွေမှာ CCTV တွေကို ထားမယ်ဆိုရင် UG တွေအတွက် အလုပ်လုပ်ရတာ အခက်အခဲရှိလာမယ်လို့ သူကပြောပါတယ်။

ဒီလထဲမှာ ဖမ်းဆီးခံထားရတဲ့ UG တွေနဲ့ပတ်သက်လို့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းကလွဲရင် နောက်ထပ်ဘာသတင်းမှ မကြားရသေးဘူးလို့ စမ်းချောင်းပင်မသပိတ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လတ်တလောမှာ “မြို့ပြကို CCTV နဲ့ မသတ်နဲ့” ဆိုတဲ့ ကမ်ပိန်းကို UG အဖွဲ့တွေက ပြုလုပ်နေကြပြီး CCTV တပ်ဆင်ချိန်ရွယ်တဲ့အခါ မိမိတို့ရဲ့ အိမ်၊ ဆိုင်ဧရိယာတွေကို ကျော်လွန်ပြီး မလုပ်ကြဖို့နဲ့ မှတ်တမ်းတွေကို ကြာကြာမထားဘဲ ပုံမှန်ဖျက်ပေးကြဖို့ တောင်းဆိုထားကြပါတယ်။

ဒါအပြင် ပြည်သူတွေအနေနဲ့ မျက်နှာကို လုံခြုံစွာဖုံးအုပ်ပြီး ကမ်ပိန်းနဲ့ပတ်သက်တဲ့စာတန်းတစ်ခုခု ဒါမှမဟုတ် “No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTV သည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌နေသည်၊ CCTV အန္တရာယ်ကို UG များအထူးသတိထားကြပါ” စတဲ့ စာသားတွေကို စာရွက်ပေါ်မှာရေးကာ မိမိတို့ အွန်လိုင်းပလက်ဖောင်းတစ်ခုခုမှာ တင်ပေးကြဖို့တောင်းဆိုထားပါတယ်။

ဒါအပြင် မြေပြင်သပိတ်၊ တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့

Youth Strike Committee
https://www.facebook.com/profile.php?id=100089853660936…

People Supply Force Yangon – BKK HQ
https://www.facebook.com/psfyangon?mibextid=LQQJ4d

Youth Association of Thingangyun YAT
https://www.facebook.com/profile.php?id=100066806656339

UG Supporter Group – USG
https://www.facebook.com/USG04

OCTOPUS
https://www.facebook.com/octopusyangon?mibextid=LQQJ4d

Yangon Drone
https://www.facebook.com/springclickgallery?mibextid=LQQJ4d

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
https://www.facebook.com/SanchaungStrike/

စာမျက်နှာတွေကိုလည်း ကမ်ပိန်းဓာတ်ပုံတွေပေးပို့နိုင်တယ်လို့ UG အဖွဲ့တွေက ဆိုပါတယ်။
ပုံစာ – “မြို့ပြကို CCTV နဲ့ မသတ်နဲ့” ကမ်ပိန်းနှိုးဆော်စာ


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."