အမေ့ခံများ

ရိတ်သိမ်းချိန်လွန် မဂ္ဂဇင်းများ

February 5, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အမေ့ခံဖြစ်ပါသည် မောင်ဉယျာဉ်ရေးသည် မြန်မာစာပေလောကမှာ မဂ္ဂဇင်းတွေရဲ့ ကျေးဇူးက ကြီးမားလှတယ်။ ဒါပေမဲ့ မြန်မာမဂ္ဂဇင်း လောကရဲ့ ဒီနေ့အခြေအနေက ရပ်တည် ရုန်းကန်နိုင်ဖို့ မနည်းကြိုးစားနေကြရတယ်။ ကာလရှည်ကြာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တဲ့ သက်တော်ရှည် မဂ္ဂဇင်းကြီးတွေလည်း နွေဦးရက်တွေမှာ ကြွေကျတဲ့ရော်ရွက်ဝါတွေလိုပဲ။ တဖြောဖြော မြေခသက်ဆင်းနေတယ်။ မြန်မာမဂ္ဂဇင်းတွေရဲ့ သက်တမ်းသည်ပင် နှစ် ၁၀ဝ ကျော်ခဲ့ပါပြီ။ မနေ့တစ်နေ့ကပဲ ဆရာကြီးရွှေဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင်ဝတ္ထုတိုကို မြန်မာဝတ္ထုတို နှစ် ၁၀ဝ ပြည့်ပွဲ လုပ်ခဲ့တယ် မဟုတ်လား။ အဲဒီဝတ္ထုတိုက ၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယ မဂ္ဂဇင်း အမှတ် ၁ မှာ ဖော်ပြခဲ့တာပါ။ ဒါလောက်ဆိုရင် မြန်မာ မဂ္ဂဇင်းတွေရဲ့ သက်တမ်းကို […]

အပြည့်အစုံဖတ်ရန်

မဆုံဖြစ်ခဲ့ကြသူများ

December 12, 2019

မောင်ဥယျာဉ်ရေးသည်။ မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အမေ့ခံဖြစ်ပါသည်။ အခုလို မိုးတွေတဖွဲဖွဲကျတဲ့ သိဟ်ရာသီရောက်တိုင်း မှောင်မည်းအေးစက်တဲ့အတိတ်တွေကို သတိမရချင်ဘဲ သတိရနေမိတယ်။ လူတိုင်းမှာ အတိတ်တွေ ကိုယ်စီ ရှိကြတယ်။ တချို့အတိတ်တွေက ရွှေထီးဆောင်းခဲ့တဲ့ အတိတ်တွေဖြစ်ပြီး အတိတ်အချို့ကတော့ ဘယ်တော့မှ ပြန်မသွားချင်တော့တဲ့ အတိတ်ခါးခါးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးမှာ အတိတ်ခါးခါးတွေ ကိုယ်စီရှိခဲ့ကြဖူးတယ်။ အတိတ်ခါးခါးတွေကြောင့်ပဲ ရှင်လျက်နဲ့ ဝေးကွာခဲ့ရသလို တချို့လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးရှည်ကြီးဆီ ထွက်ခွာသွားကြပြီ။ မှောင်မည်းစိုထိုင်းတဲ့ ဝန်းကျင်က အလွမ်းဓာတ်ခံရှိသူကို လွမ်းအောင်ဖန်နေတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က အဖြစ်တွေဟာ ဒီနေ့ထိ စွဲစွဲထင်ထင် ရှိနေတုန်းပဲ။ ကျွန်တော်တို့အားလုံး ခွဲတမ်း၊ ဦးရာလူ၊ ပါမစ် စတဲ့ စနစ်ဆိုးကြီးကို ခါးစည်းခံခဲ့ရတဲ့အပြင် ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ […]

အပြည့်အစုံဖတ်ရန်

ကျောက်ခေတ်က ဗုံသံ

December 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ Remembrance ဖြစ်ပါသည် သန်းနိုင်ဦး ရေးသည်။ မြန်မာနိုင်ငံက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကမ္ဘာကသိအောင် အားထုတ်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ဘူမိဗေဒပါမောက္ခဆရာဦးဘမော် ပါဝင်တယ်။ ဆရာဦးဘမော် ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံတောင်ဒေသက လူမေးရိုးခွံကြောင့် ကမ္ဘာက မြန်မာကို အာရုံစိုက်ခဲ့ရတယ်။ ဆရာ့တွေ့ရှိချက်တွေကို Science ၊ National Geographic စတဲ့ နိုင်ငံတကာက ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြတယ်။ ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ မှာ သတ်မှတ်ခဲ့တယ်။ နိုင်ငံတကာ အတ္ထုပ္ပတ္တိပြုစုရေးစင်တာက ၂၀ ရာစုအတွင်း ထင်ရှားတဲ့ သိပ္ပံပညာရှင် ၂၀ဝ၀ စာရင်းမှာ ထည့်သွင်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အခြေ စိုက် […]

အပြည့်အစုံဖတ်ရန်

အလံတိုင်ရှေ့မှာ အတူရပ်ခဲ့ကြစဉ်က

November 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အမေ့ခံဖြစ်ပါသည်။ မောင်ဥယျာဉ်ရေးသည်။ အလံတိုင်ရှေ့မှာ အတူရပ်ခဲ့ကြဖူးပါသလား။ အလံတိုင်တစ်ခုထဲအောက်မှာ တွဲလက်တွေခိုင်မြဲခဲ့ကြဖူးပါသလား။ တလူလူလွင့်နေတဲ့အလံတော်အောက်မှာ သစ္စာဓိဋ္ဌာန်တွေ သံပြိုင်ဆိုခဲ့ကြဖူးသလား။ ကမ္ဘာပေါ်က ရှိသမျှလူသားတိုင်း အလံတစ်ခုခုနဲ့ ဆက်စပ်ပတ်သက်နေလေ့ရှိတယ်။ နိုင်ငံသားတိုင်းမှာ နိုင်ငံတော်အလံဆိုတာ ရှိကြစမြဲမဟုတ်လား။ နိုင်ငံမဲ့ဖြစ်နေစေဦးတော့ အသင်း အဖွဲ့တစ်ခုခုမှာ ပါဝင်ပတ်သက်မှုရှိခဲ့ရင် အလံနဲ့မလွတ်ကင်းနိုင်တော့ဘူး။ လူမျိုးရဲ့ အလံ၊ အသင်းအပင်းရဲ့ အလံ၊ နေရာဒေသရဲ့ အလံစသဖြင့် အမျိုးမျိုးအဖုံဖံ ုရှိနိုင်တယ်။ အလံတွေရဲ့ အဓိပ္ပာယ်တွေက ကျယ်ပြောလွန်းလှတယ်။ နယ်နိမိတ်ကို ဖော်ပြတာလည်းရှိသလို ဩဇာအာဏာသက်ရောက်မှုရှိကြောင်း ဖော်ပြရာမှာလည်း အလံကိုအသုံးပြုကြတယ်။ နိုင်ငံကိုကိုယ်စားပြုတဲ့အခါမှာလည်း အလံတွေကိုအသုံးပြုလေ့ရှိတယ်။ အောင်မြင်ကြောင်း ဖော်ပြချင်တဲ့အခါ အလံစိုက်လိုက်ကြတာလည်း ရှိတာပေါ့။ တစ်ဖွဲ့တည်း၊ တစ်စုတစ်စည်း တည်း၊ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြသရာမှာလည်း အလံကိုအသုံးပြုကြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ […]

အပြည့်အစုံဖတ်ရန်

ရွာမွန်သာ နွေကန္တာဦး

November 1, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ မိတ္ထီလာလွင်ပြင်ကနေ ရှမ်းကုန်းပြင်မြင့်ကိုတက်ရတိုင်း သာစည်မြို့အလွန်က ရွာမွန်သာဆိုတဲ့ ရွာကလေးကိုဖြတ်ရတယ်။ ရွာမွန်သာရွာဟာ သာစည်မြို့ရဲ့  အရှေ့ဘက်နှစ်မိုင်သာသာလောက်မှာရှိတယ်။ ရွာမွန်သာကိုဖြတ်ရတိုင်း စာချစ်သူအများစုက တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးကိုအမှတ်ရကြတယ်။ နွေကန္တာဦးက သာစည်မြို့နယ်ထဲက ရွာမွန်သာရွာလေးမှာ ဒေါက်တာနှင်းငွေ၊ နုနုငယ်၊ ဘခက်၊ ညွန့်မေတို့နဲ့ ဇာတ်အိမ်တည်ခဲ့တာပါ။ ရွာမွန်သာရွာကို စာရေးဆရာမောင်သာချိုက ကမ္ဘောဇရဲ့မုခ်ဦးလို့ အမည်မှည့်ခေါ်ခဲ့တယ်။ စာရေးဆရာရွှေနောင်ရိုးကတော့ လွန်ခဲ့တဲ့နှစ် ၄၀ ကျော်ကသွားခဲ့ဖူးတဲ့ ရွာမွန်သာခရီးကို အက်ဆေးတစ်ပုဒ်ရေးသားခဲ့တယ်။ ရွာမွန်သာရွာကို မြင်းလှည်းစီးသွားခဲ့ရာမှာ အဲဒီခေတ် (လွန်ခဲ့တဲ့နှစ် ၄၀ ကျော်) ကသာစည်- ရွာမွန်သာရွာ အသွားအပြန်ခရီး သုံးကျပ်တန်ကို ငါးကျပ်ပေးပြီး စီးခဲ့ရဖူးကြောင်း သူ့အက်ဆေးမှာ ထည့်သွင်းရေးသားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နွေကန္တာဦးဝတ္ထုကြောင့် ရွာမွန်သာရွာလေးက […]

အပြည့်အစုံဖတ်ရန်

အငြိမ်းစားရသွားတဲ့ ကြေးသွန်းထည်

July 9, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Forgotten  ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ အငြိမ်းစားရသွားတဲ့ ကြေးသွန်းထည် လူတို့ တီထွင်ဖန်တီးခဲ့တဲ့ အရာတွေအားလုံး ခေတ်နဲ့ အံမဝင်တော့တဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားကြတယ်။ လူသုံးကုန်ပစ္စည်း တချို့ လူသားတွေ တီထွင်ဖန်တီးခဲ့တာ မှန်ပေမယ့် ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တဲ့အခါ သူ့ အလိုလို တိမ်မြုပ်ပျောက်ကွယ်သွားကြတယ်။ အခုခေတ်လို နည်းပညာက အရာရာကို ဦးဆောင် နေတဲ့ခေတ်မှာ မနေ့တစ်နေ့က တီထွင်ခဲ့တာ ဖြစ်ပေမယ့် ဒီနေ့မှာအသုံးမဝင်တာမျိုး ဖြစ်သွား လေ့ရှိတယ်။ ရေဒီယိုကြီးတွေ၊ ကက်ဆက်တွေ ပေါ်ခါစက ဆယ်စုနှစ်ပေါင်းများစွာ အသုံးဝင်ခဲ့ ပေမယ့် မနေ့တစ်နေ့ကမှ ပေါ်ခဲ့တဲ့ အမ်ပီသရီးတွေ၊ အမ်ပီဖိုးတွေကို ဒီနေ့ခေတ်မှာ ဘယ်သူမှ မသုံးတော့ဘူး။ လူ့အသုံးအဆောင် ပစ္စည်းတွေထဲမှာ ခေတ်စနစ် တောင်း […]

အပြည့်အစုံဖတ်ရန်

ရွာဘုံတွေ ကုံလုံပါရဲ့လား

June 14, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Forgotten ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ရပ်တိုင်းရွာတိုင်းမှာ မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်းတွေ ရှိ ကြတယ်။ လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်တွေမှာလည်း အသုံးအဆောင်ပစ္စည်းတွေ ရှိကြသလို ပိုက်ဆံဝါလားတွေ အခြေ ချနေထိုင်တဲ့ လူကုံထံရပ်ကွက်တွေမှာလည်း အသုံးအဆောင် ပစ္စည်းတွေရှိကြတယ်။  အထူးသဖြင့် ရပ်ရွာမှာ နေထိုင်ကြသူတွေရဲ့ ထည့်ဝင်ကြတဲ့ အလှူငွေတွေ နဲ့ ထူထောင်ထားကြတဲ့ ပစ္စည်းတွေ ဖြစ်ပြီး ရွာဘုံ ပစ္စည်းတွေရယ်လို့ ခေါ်ဝေါ်ကြတယ်။ ရွာဘုံပစ္စည်းရယ်လို့ ဘယ်ခေတ်၊ ဘယ်စနစ်မှာ စတင် ထူ ထောင်ခဲ့ကြမှန်း မသိရပေမယ့် ခေတ်ကာလ ကြာညောင်းခဲ့တာ တော့ သေချာတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ရွာဘုံပစ္စည်းတွေ ထူ ထောင်တဲ့ ဓလေ့ နည်းပါးလာတယ်။ နဂိုရှိနှင့်ပြီး ရွာဘုံပစ္စည်း […]

အပြည့်အစုံဖတ်ရန်

ပေရွက်ပေါ်က မျှော်လင့်ချက်များ

May 17, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Forgotten ြဖစ်ပါသည်။ မောင်ဥယျာဉ် လူတိုင်းမျှော်လင့်ချက်ထားကြ တယ်။ လူတစ်ယောက်ရဲ့ အနာဂတ် မျှော်လင့်ချက်ဟာ တစ်စုံတစ်ယောက်ရဲ့ ဟောပြော ချက်တွေကို ပေထက်အက္ခရာ တင်ရုံနဲ့ တကယ်ဖြစ်၊ မဖြစ် မသေချာပေမယ့် ယုံကြည်ချက် ကြီးကြီး မားမားနဲ့မျှော်လင့်ခဲ့ကြဖူးတယ်။    ရိုးရာအစွဲအလမ်းတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေက လူမျိုးတိုင်း၊ နိုင်ငံတိုင်းမှာရှိတယ်။ ကျွန်တော်တို့ လူ့အဖွဲ့ အစည်း မှာလည်း အဲဒီလို ယုံ ကြည်ချက်တွေ ထုနဲ့ ထည်နဲ့ ရှိနေကြတယ်။ ပေ ရွက်ပေါ်က ဇာတာခွင်တွေက ကျွန်တော်တို့ လူ့ အဖွဲ့အစည်းရဲ့ ရိုးရာယုံကြည်မှုတွေပါပဲ။ မွေးပြီး မကြာမီမှာ ဇာတာလုပ်ကြတာ ဖြစ်လို့ လူတစ်ဦးချင်းစီရဲ့ ဖွားဖက်တော်လို့တောင် ဆိုနိုင်တယ်။ ကျွန်တော်တို့ခပ်ငယ်ငယ်ကတော့ အိမ်ရှိ လူကုန် […]

အပြည့်အစုံဖတ်ရန်

ရှစ်စပ်က ဂျင်ဂျင်လည်ခဲ့ကြသူများ

March 13, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Forgotten ဖြစ်ပါသည်။ မောင်ဥယျာဉ် လူတိုင်းကိုယ်စီ ကလေးဘဝက ကစားနည်းတွေ ကို  မှတ်မှတ်ထင်ထင် ရှိကြပါလိမ့်မယ်။ ကလေး ကစားနည်းတိုင်းက ကိုယ်လက်လှုပ်ရှား ပါဝင် သလို စည်းကမ်းနည်းလမ်းတွေလည်း တိတိ ကျကျ သတ်မှတ်ထားလေ့ရှိတယ်။ တချို့ကစား နည်းတွေက ကိုယ်လက်လှုပ်ရှားမှုကို အထောက် အကူ ပြုရုံမက ဉာဏ်ရည်ဉာဏ်သွေးပါ တစ်ပြိုင် နက် သုံးရတဲ့ကစားနည်းတွေလည်းရှိတယ်။ မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာလည်း ကစားနည်း ပေါင်းစုံဗြောင်းဆန်အောင် ကစားဖူးခဲ့မှာ သေချာတယ်။ ကျွန်တော် မှတ်မှတ်ထင်ထင် ရှိနေတဲ့ ကစားနည်းက ဂျင်ပေါက်တမ်း ကစားနည်းပါပဲ။ ဂျင်ပေါက်တမ်းကစားနည်းကို မူလတန်းကျောင်းသားဘ၀ နွေကျောင်းပိတ်ရက်တွေမှာ စပြီး ကစားဖူးတာပါ။ ကျွန်တော်တို့ ထက် ကြီးသူတွေက မြေတလင်းပြောင်ပြောင်မှာ တုတ်ချောင်း တစ်ချောင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

ကြက်ဖ၊ ဇာမဏီ၊ မိကျောင်းနှင့်ဆိတ်ငါးကောင်တို့ သယ်ဆောင်ရာ

February 9, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Travelogue ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။                  လူတစ်ယောက်ရဲ့ သွားလာရေး ယာဉ်တွေထဲမှာ အခြေခံအကျဆုံး ယာဉ်ကဘာဖြစ်မယ်ထင်ပါသလဲ။ ကျွန်တော့်အထင်စက်ဘီးတွေ ဖြစ် ပါလိမ့်မယ်။ ယာဉ်ယန္တရား လောက တီထွင်မှုရဲ့ ကနဦးခြေလှမ်းကလည်း စက်ဘီးတွေပဲ ဖြစ်ပါလိမ့်မယ်။                  ကမ္ဘာဦးဘီးယဉ်ကျေးမှုအစက ရိုလာလို့ခေါ်တဲ့ ဒလိမ့် တုံးကြီးတွေ။ လေးလံတဲ့ ပိရမစ်ကြီးတွေ၊ ကြီးမားတဲ့ ကျောက် တုံးကြီးတွေ ကိုလိုအပ်တဲ့ နေရာရောက်အောင် ရွှေ့လိုတဲ့ ပစ္စည်း အောက်ခြေမှာ သစ်လုံးကြီးတွေကို ဒလိမ့်တုံးအဖြစ်ခံပြီး တစ် နေရာက […]

အပြည့်အစုံဖတ်ရန်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."