သတင်းဆောင်းပါးများ

ကျူးကျော်မျိုးစိတ်အန္တရာယ် သတိပြုကာကွယ်

August 30, 2018

ဟေမာန်ပြည့် ရေးသည်။ ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈) သူ့ကို လွန်ခဲ့သည့်ဆယ်နှစ်က နာဂစ်မုန်တိုင်း အပြီး ရွာအနီးကချောင်းလေးထဲတွင် ဦးအေးမင်း စတွေ့ ခဲ့တာ ဖြစ်သည်။  တွေ့စက ထူး ခြားသည့် ပုံပန်းသွင်ပြင်ကြောင့် သူ့ ကို သတိပြုမိခဲ့သော်လည်း အမှုမဲ့ အမှတ်မဲ့သာ ဖြစ် သည်။ အခုအချိန်မှာ တော့ သူ့ကြောင့် အသက် ၄၂ နှစ်အရွယ် ဦးအေးမင်း ခေါင်းခဲနေရပြီ။ ‘သူ’ဆိုသည်က သုံးမြှောင့်ပုံကိုယ်လုံးပိုင်ရှင်၊ ခန္ဓာကိုယ် ဘေးနှစ်ဖက်နှင့်ကျောပေါ်တွင် ဆူးချွန်တွေ ထိုးထိုးထောင်ထောင် နှင့် အရေပြားပေါ်တွင်လည်း အနက်ရောင်အကွက်များရှိသည့် စုပ်ခွက်ငါးပင်ဖြစ်သည်။ ယင်း၏ ပုံသဏ္ဌာန်က မြွေပွေးနှင့် ဆင်တူ သည့်အတွက် တွံတေးမြို့နယ်ရှိဒေသခံတွေက သူ့ကို မြွေပွေးငါးခူ ဟုခေါ်ကြသည်။ Photo – Supply […]

အပြည့်အစုံဖတ်ရန်

မေတ္တာရိပ်မြုံ

August 30, 2018

မေတ္တာရိပ်မြုံ သက်ဦးမွန်ရေးသည်။ အနာဂတ်ကြယ်ပွင့် ကလေးများဂေဟာ                      Photo – Thet Oo Mon   အစိမ်းနုရောင် နှစ်ထပ်တိုက် အိမ် တစ်လုံးထဲတွင် ပုခက်နှစ်လုံး အပြိုင် အဆိုင် လွှဲနေကြသည်။ ပုခက်တစ် လုံးထဲတွင် လသားအရွယ် ကလေး ငယ်နှစ်ဦး ရှိသည်။ တစ်ဦးက အသား ညိုညို ဝဝကစ်ကစ်လေး။ နောက် တစ်ဦးက အသားဖြူဖြူ၊ နောက် ပုခက်တစ်လုံးထဲတွင်တော့ ဆံပင် ကလေးတွေ မည်းနက်နေသော ဖြူ ဖြူဖွေးဖွေး မျက်နှာသွယ်သွယ် ကလေးငယ်တစ်ဦး။ သူတို့ နှစ်ခြိုက် စွာ အိပ်မောကျနေသည်။ ပုခက်ထဲတွင်ရှိသည့် […]

အပြည့်အစုံဖတ်ရန်

အသားကင်နှင့် ကင်ဆာရောဂါ … (အပိုင်း-၁)

August 29, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အသားကင်နှင့် ၎င်း၏အနံ့သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား ဒေါက်တာစိုးခိုင် ရေးသည်။ ၂ဝ၁၈ ဇွန်အတွင်း လွှင့်ထုတ်ခဲ့သော  MNTV ၏ Today’s Talk အစီအစဉ်တစ်ခုတွင် တင်ဆက် သူက ‘အသားကင် Barbecued Meats များနှင့် ၎င်းမှ ထွက်ပေါ်လာသော အနံ့ Smell  သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား’ အကြောင်းအရာ ဖြင့် ခေါင်း စဉ်တစ်ခုကို ဆွေးနွေးတင်ပြသွားသည်။ တင်ဆက်သူ Host ၏ အဖြေမှာ “Yes”  ဖြစ်ပါ သည်။ အမေရိကန်သုတေသနဌာနတစ်ခု၏ လေ့ လာတွေ့ရှိချက်အရ တင်ပြခြင်း ဖြစ်သည်ဟု ကြားလိုက်မိပါသည်။ သိပ်မမှတ်မိတော့ပါ။ ၁၉၉၆ ၏ နောက်ပိုင်းမှ အစပြု၍ အသားကင် […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး…(အပိုင်း-၅)

August 28, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စာနာ နားလည်ပေးဖို့လို သင်ကြားရေးစနစ်များအပြင် အခြေခံအဆောက်အအုံ ဘက်မှာလည်း ကျောင်းဆောင်တွေ စတင်ဆောက်လုပ်က တည်းက မသန်စွမ်းတွေ သွားလာဖို့ ထည့်သွင်းစဉ်းစားဆောက်ခဲ့ မယ်ဆိုရင် အဆောက်အအုံတွေကို ပြန်ဖျက်၊ ပြန်ဆောက်တာ ထက် ကုန်ကျစရိတ်ပိုသက်သာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်း သူများအဖွဲ့ချုပ်က မသန်စွမ်းသူများ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးတင်ဇာမောင်က ဆိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ပြီးတဲ့ ကျောင်းဆောင်တွေနဲ့ မသန် စွမ်းကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်း ဖို့ဆိုရင် အတန်းပိုင်ဆရာမတွေရဲ့ ကလေးတွေအပေါ် ပြုမူဆက် ဆံပုံနဲ့ ကျောင်းအသိုင်းအဝိုင်းရဲ့ အကူအညီ အများကြီးလိုအပ် တယ်လို့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေနဲ့ မသန်စွမ်း ကလေးမိဘတွေက မော်ကွန်းကို ပြောကြပါတယ်။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက အစီအစဉ် ကြီးကြပ်ရေးမှူးဖြစ်တဲ့ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး…(အပိုင်း-၄)

August 28, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စာသင်ခန်းအတွင်းက စိန်ခေါ်မှု ၂ဝ၁၅ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂ဝ အရ မသန်စွမ်းသူတိုင်းဟာ အခြားသန်စွမ်းသူများ နည်းတူ ပညာသင်ယူခွင့်ရှိသလို အစိုးရပိုင်၊ အများပိုင်၊ ပုဂ္ဂလိက ပိုင်နဲ့ အဖွဲ့အစည်းပိုင်ကျောင်းများ၊ သင်တန်းများ၊ အသက်မွေး ဝမ်းကျောင်းများ၊ သိပ္ပံများ၊ ကောလိပ်နဲ့ တက္ကသိုလ်များတွင် လည်း ပညာသင်ယူခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကျောင်းစာသင်ခန်းထဲ ရောက်လာတဲ့ မသန်စွမ်း ကျောင်းသားတွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ တတ် ကျွမ်းနားလည်တဲ့ ဆရာတွေက ကျောင်းတိုင်းမှာ မရှိသေးသလို သင်ထောက်ကူပစ္စည်းတွေလည်း မရှိသေးဘူးလို့ မသန်စွမ်းသူ များ ပညာရေးဆိုင်ရာ ဆောင်ရွက်သူတွေက ဆိုကြပါတယ်။ အနောက်ပိုင်းတက္ကသိုလ်မှာ ဒဿနိကဗေဒဘာသာရပ်နဲ့ နောက်ဆုံးနှစ်တက်နေတဲ့ အမြင်အာရုံမသန်စွမ်းသူ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၃)

August 27, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အဆင်သင့် မဖြစ်သေးတဲ့ ကျောင်းဝန်းကျင် အမျိုးသားပညာရေးမဟာဗျူဟာစီကိန်း ၂ဝ၁၆ အရ ဘုန်းတော်ကြီးကျောင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မူလတန်း ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ပုဂ္ဂလိကကျောင်း စုစုပေါင်း လေးသောင်းအထက်မှာ ရှိတယ်လို့ ဆိုထားပြီး ကျောင်းသူ၊ ကျောင်းသားပေါင်းဦးရေ ရှစ်သန်း အထက်မှာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ စာသင် ကျောင်းအများစုရဲ့  ၅၅ ရာခိုင်နှုန်းနဲ့ သန့်စင်ခန်းတွေရဲ့ ၇၄ ရာခိုင် နှုန်းဟာ မသန်စွမ်းကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်ပြေသင့်လျော်တဲ့ အခြေအနေ မရှိဘူးလို့ ဖော်ပြထား        ပါတယ်။ လက်ရှိ စာသင်ကျောင်းအများစုဟာ ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ ပုံစံနဲ့ ဆောက်လုပ်ထားတာ ဖြစ် […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၂)

August 27, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။မသန်စွမ်းသူများနဲ့ လူတိုင်း အကျုံးဝင် ပညာရေး မသန်စွမ်းကလေးတွေ စာသင်ခန်းတွေထဲရောက်လာဖို့ လူတိုင်းအကျုံးဝင်ပညာရေးကို ၂ဝ၁၅ ကစပြီး အစိုးရက အကောင်အထည်ဖော်ခဲ့ပါတယ်။ လူတိုင်းအကျုံးဝင်ပညာရေးဆိုတာကတော့ မသန်စွမ်းသူ တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူတွေကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုမှာ ပညာသင်ယူဆည်းပူးခွင့်ရှိစေဖို့ အခွင့် အလမ်း ဖန်တီးပေးတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ မသန်စွမ်းကလေးတွေဟာ အထူးပညာရေး ကျောင်းတွေမှာသာ တက်ရောက်သင့်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၇၅ ရာခိုင်နှုန်းက ခိုင်မာစွာ ယူဆနေကြဆဲဖြစ် တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂ဝ၁၆ မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းကလေးသူငယ် များ၏ အခြေအနေ ဆန်းစစ်လေ့လာမှုအစီရင်ခံမှာ ဖော်ပြထား […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး…(အပိုင်း-၁)

August 27, 2018

ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈) သာမန်ကလေးတစ်ယောက်အတွက် လှစ်ခနဲ ဖြတ်သွားလို့ရတဲ့ ကျောင်းဝင်းတံခါးပေါက်ဟာ အသက် ၁ဝ နှစ်အရွယ် မိုးမြတ်သူအတွက်တော့ ခက်ခဲလှပါတယ်။ တစ်ပေဝန်းကျင်လောက်မြင့်တဲ့ တံခါးအောက်ခြေပေါင်ကို ဘယ်ခြေနဲ့ ကျော် တက်ရမလား၊ ညာခြေနဲ့ ကျော်တက်ရမလား ဆိုတာ ရွေးနေရတာကိုက အလုပ်တစ်ခုလိုဖြစ် နေတယ်။ အဲဒီလိုအချိန်မျိုးမှာ နောက်က အတင်းတိုးဝှေ့ကျော်တက် တဲ့ ကလေးတွေ ရှိတတ်တာကြောင့် ခလုတ်တိုက် လဲကျမသွား အောင် သတိထား ကာကွယ်ပေးနေရတယ်လို့ သမီးဖြစ်သူကို ကျောင်းလိုက်ပို့ပေးတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သ္တာအေးက ဆို ပါတယ်။ ဒုတိယတန်းကျောင်းသူ မိုးမြတ်သူဟာ သူငယ်နာ အကြောတင်းဖြစ်နေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်ပါ တယ်။ သူရဲ့ ဘယ်ဘက်လက်၊ ညာဘက်ခြေထောက်၊ ကုပ်နဲ့ ခါး တို့ဟာ သန်စွမ်းမှုအားနည်းတယ်လို့ မိခင်ဖြစ်သူက ပြောပြ […]

အပြည့်အစုံဖတ်ရန်

သက်တမ်းတိုလာတဲ့ ဆည်တွေရဲ့ အန ္တရာယ်

August 24, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေး … (Photo: Kyaw Zayya) မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေးလာကြပါ တယ်။ ဒီပြဿနာကို အချိန်မီမတားဆီးနိုင် ရင်တော့ ရုတ်တရက်ရေကြီးရေလျှံမှုကိုကာကွယ်ဖို့၊ စိုက်ပျိုး ရေ၊ သောက်ရေသုံးရေ ဖြန့်ဖြူးသိုလှောင်ဖို့နဲ့ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ဖို့ဆိုတဲ့ ဆည်တွေရဲ့ လုပ် ငန်းဆောင်တာတွေကို ထိခိုက်လာပြီး ရေရှည်တည်တံ့မှုပါ လျော့ကျပျက်စီးကြရ လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။ သဲနုန်းအလွန်အကျွံ အနည်ထိုင် တာ ခံရတဲ့ […]

အပြည့်အစုံဖတ်ရန်

သေမင်းခံတွင်းဝက မြစ်ဝကျွန်းပေါ်ဒေသ

August 15, 2018

သက်ဦးမွန်ရေးသည်။ သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာယိုင်နဲ့နေပြီ။အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။ ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူမနေတဲ့ အိမ်အလွတ်တစ်ခုမှာ   အိမ်ရှင်ကိုခွင့်တောင်းပေးပြီး ခေတ္တနေခိုင်းထားရပါတယ်။ ပင်လယ်ကမ်းစပ်နားတည်ရှိသည့် […]

အပြည့်အစုံဖတ်ရန်

နာဂစ်ဆယ်နှစ်သာကြာ နောက်တစ်ကြိမ်အတွက် အသင့်မဖြစ်သေးပါ

June 14, 2018

ကျော်ဇေယျ ရေးသည် မြစ်တန်း၊ ဇွန် ၂၀၁၈ မြန်မာပြည်ရဲ့စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသကို လွန်ခဲ့တဲ့ ၁၀နှစ်က နာဂစ်မုန်တိုင်း ဝင်မွှေလို့ ဒေသ တစ်ခုလုံးနီးပါး အတုန်းအရုန်းနဲ့ ဘုန်းဘုန်းလဲတုန်းက မြစ်တန်းရွာလည်း မရှုမလှ ခံခဲ့ရတယ်။ နာမည်နဲ့လိုက်အောင် မြစ်ဘေးမှာ အတန်းလိုက်တည်ရှိတဲ့ မြစ်တန်းရွာဟာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ထဲမှာ တည် ရှိတာပါ။ ဘိုကလေးမြို့ကနေ အောက်ဘက်ပင်လယ်ပိုင်းကို ဘိုကလေးမြစ်အတိုင်း စက်လှေနဲ့ တစ်နာရီခွဲလောက် မောင်းဆင်းသွားရင် ညာဘက်ကမ်းဘေးမှာ ဒီရွာကို တွေ့ရပါလိမ့်မယ်။ နာဂစ်မုန်တိုင်းတိုက်တုန်းက လူ ၇၀၀ လောက်နေထိုင်တဲ့ ဒီရွာမှာ ၆၀ နီးပါးသေခဲ့သလို  အသက်ဘေးကလွတ်သူတွေလည်း သူတို့ ပိုင်ဆိုင်သမျှ မုန်တိုင်းကယူသွားလို့ လက်ချည်းဗလာနဲ့ ကျန်ခဲ့ရတာပါ။ အုန်းပင်၊ကွမ်းသီးပင်နဲ့ အခြားဒီရေတောအပင်တွေသာ မရှိခဲ့ရင် အသေအပျောက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ရွာသားတွေက […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်ကို အလေးမထား ထင်ရာစိုင်းနေသည့် ရန်ကုန်တိုင်းအစိုးရ

April 12, 2018

၂၀၁၈ ဖေဖေါ်ဝါရီထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ရန်ကုန်(ဖေဖေါ်ဝါရီ ၂၀၁၈) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆွေး နွေးခြင်းမရှိဘဲ အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်နေပြီး စီမံကိန်းများမှာလည်း အောင်မြင်မှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က ဝေဖန်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဘယ်စီမံကိန်းကိုမှ ကျွန်မတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ပြခဲ့တာမရှိခဲ့ဘူး။ လွှတ်တော်က မေးလို့သာလာဖြေတာ။ စီမံကိန်းတစ်ရပ်အနေနဲ့ လွှတ်တော်ကိုတင်ပြရမယ်ဆိုတာမျိုးကို စီမံကိန်းဝန်ကြီးက လုံးဝမလုပ်ခဲ့ဘူး” ဟု ဝေဖန်သည်။ သူသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ (မထသ)မှ  […]

အပြည့်အစုံဖတ်ရန်
1 … 7 8 9 10 11 12 13 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."