၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေး … (Photo: Kyaw Zayya) မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေးလာကြပါ တယ်။ ဒီပြဿနာကို အချိန်မီမတားဆီးနိုင် ရင်တော့ ရုတ်တရက်ရေကြီးရေလျှံမှုကိုကာကွယ်ဖို့၊ စိုက်ပျိုး ရေ၊ သောက်ရေသုံးရေ ဖြန့်ဖြူးသိုလှောင်ဖို့နဲ့ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ဖို့ဆိုတဲ့ ဆည်တွေရဲ့ လုပ် ငန်းဆောင်တာတွေကို ထိခိုက်လာပြီး ရေရှည်တည်တံ့မှုပါ လျော့ကျပျက်စီးကြရ လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။ သဲနုန်းအလွန်အကျွံ အနည်ထိုင် တာ ခံရတဲ့ […]
သက်ဦးမွန်ရေးသည်။ သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာယိုင်နဲ့နေပြီ။အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။ ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူမနေတဲ့ အိမ်အလွတ်တစ်ခုမှာ အိမ်ရှင်ကိုခွင့်တောင်းပေးပြီး ခေတ္တနေခိုင်းထားရပါတယ်။ ပင်လယ်ကမ်းစပ်နားတည်ရှိသည့် […]
ကျော်ဇေယျ ရေးသည် မြစ်တန်း၊ ဇွန် ၂၀၁၈ မြန်မာပြည်ရဲ့စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသကို လွန်ခဲ့တဲ့ ၁၀နှစ်က နာဂစ်မုန်တိုင်း ဝင်မွှေလို့ ဒေသ တစ်ခုလုံးနီးပါး အတုန်းအရုန်းနဲ့ ဘုန်းဘုန်းလဲတုန်းက မြစ်တန်းရွာလည်း မရှုမလှ ခံခဲ့ရတယ်။ နာမည်နဲ့လိုက်အောင် မြစ်ဘေးမှာ အတန်းလိုက်တည်ရှိတဲ့ မြစ်တန်းရွာဟာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ထဲမှာ တည် ရှိတာပါ။ ဘိုကလေးမြို့ကနေ အောက်ဘက်ပင်လယ်ပိုင်းကို ဘိုကလေးမြစ်အတိုင်း စက်လှေနဲ့ တစ်နာရီခွဲလောက် မောင်းဆင်းသွားရင် ညာဘက်ကမ်းဘေးမှာ ဒီရွာကို တွေ့ရပါလိမ့်မယ်။ နာဂစ်မုန်တိုင်းတိုက်တုန်းက လူ ၇၀၀ လောက်နေထိုင်တဲ့ ဒီရွာမှာ ၆၀ နီးပါးသေခဲ့သလို အသက်ဘေးကလွတ်သူတွေလည်း သူတို့ ပိုင်ဆိုင်သမျှ မုန်တိုင်းကယူသွားလို့ လက်ချည်းဗလာနဲ့ ကျန်ခဲ့ရတာပါ။ အုန်းပင်၊ကွမ်းသီးပင်နဲ့ အခြားဒီရေတောအပင်တွေသာ မရှိခဲ့ရင် အသေအပျောက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ရွာသားတွေက […]
၂၀၁၈ ဖေဖေါ်ဝါရီထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ရန်ကုန်(ဖေဖေါ်ဝါရီ ၂၀၁၈) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆွေး နွေးခြင်းမရှိဘဲ အစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်နေပြီး စီမံကိန်းများမှာလည်း အောင်မြင်မှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က ဝေဖန်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဘယ်စီမံကိန်းကိုမှ ကျွန်မတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ပြခဲ့တာမရှိခဲ့ဘူး။ လွှတ်တော်က မေးလို့သာလာဖြေတာ။ စီမံကိန်းတစ်ရပ်အနေနဲ့ လွှတ်တော်ကိုတင်ပြရမယ်ဆိုတာမျိုးကို စီမံကိန်းဝန်ကြီးက လုံးဝမလုပ်ခဲ့ဘူး” ဟု ဝေဖန်သည်။ သူသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ (မထသ)မှ […]
၂၀၁၈ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ မိုးယွင်းကြီး (ဧပြီ၊ ၂ဝ၁၈) ဗညားကျော်ရေးသည်။ မိုးယွင်းကြီးအင်း ပတ်ဝန်းကျင်တစ်ခုလုံးဟာ ညို့မှိုင်းအုံ့ ဆိုင်းနေပြီး မိုးဖွဲတွေကျကာ လှိုင်းလေထန်လာတာကြောင့် ဦးငွေမောင်းဟာ ငါးဖမ်းပိုက်တွေသိမ်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အင်းကြီးကတော့ တိမ်ညိုတွေဆီက ဖိတ်ကျလာတဲ့ မိုးဖွဲတွေကို ခွက်နဲ့ ခံထားသလို ရှိနေပါတယ်။ ပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေကြောင့် အင်းရေပြင်ဟာ လှိုင်းထပြီး သူ့ရဲ့စက်လှေကို ဘယ်ပြန်ညာပြန် ရိုက်ပုတ်နေတာကြောင့် လှိုင်းမထတဲ့ ဒိုက်ပင်တွေကြားထဲ ခိုနားရင်း အိမ်ပြန်ဖို့ အခွင့်သာမယ့် အချိန်ကို စောင့်နေပါတယ်။ ခဏနေတော့ လေငြိမ်သွားပြီအထင်နဲ့ လှေကို စက်နှိုးပြီး မောင်းလိုက်တဲ့အခါမှာ လှိုင်းနှစ်ချက်လောက် ဆောင့်ရိုက်တာ ခံလိုက်ရပြီး လှေမြုပ်သွားတယ်လို့ မိုးယွင်းကြီးအင်းထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက လှေမှောက်ခဲ့တဲ့ […]
၂၀၁၈ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် (၅၃) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂ဝ၁၈) ဗညားကျော်ရေးသည်။ မြန်မာနိုင်ငံမှာ လူတွေသတိမထားမိဘဲ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုရှိပါတယ်။ အဲဒီရောဂါ ပြင်းထန်လာပြီဆိုရင် လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း ဝန်မလေးတော့ဘူး။ သူတို့လုပ်ချင်ရာကို လုပ်ကြပါ တော့တယ်။ ရောဂါက ကုရာနတ္ထိဆေးမရှိတော့ မဟုတ်ဘူး။ နုစဉ်အခါမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုကုသရမှန်းလည်း လူတွေက မသိကြဘူး။ ဒီရောဂါဖြစ်မှန်းတောင် တချို့က မသိကြပါဘူး။ ဒါကြောင့်လည်း အသက်တွေ ဆုံးရှုံးနေရပါတယ်။ သူက သိသာထင်ရှားတဲ့ ရောဂါလက္ခဏာလည်း မပြ၊ ခန္ဓာကိုယ် အပြင်ဘက်မှာလည်း ဒဏ်ရာဒဏ်ချက်မရှိတဲ့အတွက် ရောဂါဖြစ်သူကိုယ်တိုင် ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်မှသာ ပျောက်ကင်းနိုင်တာဖြစ်ပါတယ်။ အဲဒီရောဂါကတော့ စိတ်ကျဝေဒနာပဲဖြစ်ပါတယ်။ Photo: […]
ရန်ကုန် (နိုဝင်ဘာ၊ ၂ဝ၁၇) အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိကအသက် သွေးကြောတွေ ဖြစ်တယ်လို့ တက်လာတဲ့ အစိုးရတိုင်းက ပြောဆိုကြပေမယ့် ဒီနေ့အထိတော့ ဒီလုပ်ငန်းတွေဟာ လုံလောက်၊ ထိရောက်တဲ့ ပံ့ပိုးမှုမျိုး မရရှိကြသေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက် ကြီးစိုးမှုအောက်မှာ ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံစီးပွားရေးကိုပြန်လည် ဦးမော့လာစေဖို့ ၂ဝ၁၁ မှာ တက်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ Photo – Zayar Hlaing ဒီအထဲမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (Small and Medium Enterprise – SME) ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအဖြစ် သတ်မှတ်ခဲ့တာပါ။ […]
နိုဝင်ဘာ ၂ဝ၁၇ ဆိုဖာခုံနှင့် နံရံတွေကိုအနီရောင်တို့ဖြင့်အလှဆင်ကာ နီယွန်မီးများ ထွန်းထားသော ကေတီဗီဟု ယူဆရသည့် အခန်းတစ်ခုတွင် အမျိုးသားလေးဦး ထိုင်နေသည်။ သူတို့ရှေ့ရှိ စားပွဲပေါ်မှာတော့ အရက်ပုလင်းနှင့် အမြည်းပန်းကန်များက အပြည့်။ အလယ်တွင် ထိုင်နေသူနှစ်ဦးမှာ လက်ချောင်းတွေကို ကောက်ကွေးထားပြီး စကားပြောသည့်အခါတွင်လည်း မဲ့ရွဲ့ကာ အာလေး၊ လျှာလေးဖြင့် အားယူပြီး စကားပြောနေကြသည်။ Photo – ကို့ယို့ကားယား ဇာတ်လမ်းကြော်ငြာမှ ဇာတ်ဝင်ခန်းတစ်ခု၏ Screenshot ၎င်းတို့နှစ်ဦးအနက် တစ်ဦးက ဘေးနားတွင် ထိုင်နေသည့် သူ့အဖော်နားကပ်ပြီး ”စော်လေးယောက်ခေါ်ပေး”ဟု ဆိုလိုက်သည်။ အပြောခံရသူက အံ့သြသွားသည့် အမူအရာလုပ်ပြီး ”အာ…သူ့ကြည့်တော့လည်း မစွမ်းမသန်နဲ့ ဘယ်လိုတွေ ပြောနေတာလဲ”ဟု ဆိုလိုက်သည်။ ယင်းဇာတ်ဝင်ခန်းသည် ဒါရိုက်တာပြည်ဟိန်းသီဟမှ ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် ရွှေမှုန်ရတီတို့ အဓိက ပါဝင်ရိုက်ကူးမည့် ‘ကို့ယို့ကားယား’ […]
ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇ ) (ဒဂုံတောင် အောင်ဗောဓိဘုရားအလှူခံပုံးထဲက ငွေကျပ်သုံးရာယူခဲ့မိတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်း ခံရအောင် ဂေါပကလူကြီးက အတင်းအကျပ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။) ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ခုနစ်ဘီလီယံကျော် ပျောက်ဆုံးခဲ့လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို အမှုဖွင့်တရားစွဲတာမျိုး မလုပ်ခဲ့ပေမယ့် ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးအမှုဖွင့်ကာ အချုပ်ခန်းထဲ ထည့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ Photo – Banyar Kyaw စက်တင်ဘာ ၁၃ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အောင်ဗောဓိဘုရားဝင်းထဲရှိ အစ်မတော်မြနန်းနွယ် နတ်နန်းအလှူခံပုံးထဲက ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဘုရားဂေါပကအဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီး အချုပ်ခန်းထဲကို ထည့်ခဲ့တာပါ။ ပထမအကြိမ် ရဲစခန်းမှာ အမှုဖွင့်ပြီးတဲ့အခါ တောင်ဒဂုံမြို့နယ်ရဲစခန်းက ကလေးသုံးယောက်ကို ရပ်ကွက်ထောက်ခံစာနဲ့ […]
ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် အတွင်းက အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့ရဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေး နွေးချင်ပါတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုအပေါ် အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက လက်မခံနိုင်ဘူးလို့ ဆိုကြပါတယ်။ Photo – Zay Yar ARSA အဖွဲ့က တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရာအနှံ့ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၉ ရက်ကစလို့ တစ်လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပါတယ်။ တစ်လမပြည့်ခင် နှစ်ရက်အလိုမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ အကူအညီကိုယူပြီး ပြည်တွင်းက အခြား သော […]
Photo – Zayar Hlaing သိန်းသုံးရာဆိုသည့်ဝင်ငွေသည် မိသားစုဆယ့်နှစ်ယောက်ရှိသော ဒေါ်ခင်စောလှအတွက် မစား မသောက်ဘဲခြောက်နှစ်နီးပါး စုဆောင်းမှရမည့် ငွေပမာဏဖြစ်သည်။ ထိုငွေကို တစ်ရက်တည်းနှင့် ရနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိခဲ့သော် လည်း သူငြင်းပယ်ခဲ့သည်။ ထိုငွေကြေးက လျော်ကြေးပေးရန် လာရောက်ကမ်းလှမ်းခဲ့သော ငွေဖြစ်ပြီး သုံးကြိမ်တိုင်တိုင် လာရောက်ညှိနှိုင်းခြင်းကို သူက ခေါင်းခါခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၁၃ နှစ်အရွယ် သူ့သမီးငယ် မစုမမလှိုင်သည် တာမွေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် သုံးလကျော်သွားရောက်လုပ်ကိုင်ရင်း အနှိပ်စက်ခံခဲ့ရသည်။ ထိုအိမ်ရှင်များက မစုမမလှိုင်အား တစ်နေ့ထမင်းတစ်နပ်သာ ကျွေးခြင်း၊ မိုးလင်းမှ ညဉ့်နက်သည်အထိ ခိုင်းစေခြင်းနှင့် သူ၏ဘယ်ဘက်ပေါင်တွင် အပ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းနှိပ်စက်ခဲ့သဖြင့် ပြင်ပဒဏ်ရာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတွက် ဒေါ်ခင်စောလှက တရားလိုပြုလုပ်ပြီး ၂ဝ၁၆ ဒီဇင်ဘာ ၆ […]
Photo – Kyaw Zayya ရွှေကျွန်းသာ (စက်တင်ဘာ၊ ၂ဝ၁၇) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အောက်ပိုင်း၊ ပင်လယ်ဘက်ကို မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ ဆင်းသွားတဲ့အခါ အနီရောင်ဆိုင်းဘုတ်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ထိုးထိုးထောင်ထောင် စိုက်ထူထားတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ကြရပါလိမ့်မယ်။ ဒီဆိုင်းဘုတ်တွေပေါ်မှာ ရေးထားတာကတော့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်တာ၊ တဲအိမ်ဆောက်တာ၊ ငါးဖမ်းတာ၊ ကဏန်းထောင်တာ၊ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ အမိန့်စာရဲ့ အောက်ဆုံးမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆန်းကျော် (ပ/၄၂၄၉) ဆိုပြီး ရေးထားပါတယ်။ ဒီအမိန့်ထုတ်ပြန်ထားတဲ့ ကျွန်းရဲ့နာမည်က ရွှေကျွန်းသာလို့ ခေါ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အဝန်းအားဖြင့် ဧက ခုနစ်ထောင်ကျော်ကျယ်ဝန်းပြီး ဒီအထဲက ဧက ၂,၇ဝဝ ကျော်ကို တိုင်းအစိုးရက စိုက်ပျိုးခွင့်၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."