မှတ်တမ်းများ

Photo Essay

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Photo Essay ဖြစ်ပါသည်။ ဓာတ်ပုံ – ဇေယျာမင်း 2015 ခုနှစ် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် SPP/SSA တို့တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင်တစ်သောင်းခန့်ဟာ နေရပ်ကို စွန့်ခွာပြီး ဟိုက်ပါကျေးရွာနဲ့ ဝမ်ဝကျေးရွာတို့မှာ ခိုလှုံခဲ့ပါတယ်။ ကလေးတွေပညာရေးနဲ့စစ်ပွဲတွေ ထပ်ဖြစ်လာမှာကြောက်ပြီးတော့ အချို့ကတော့ ခုအချိန်အထိ ဟိုက်ပါရွာအနီးမှာ ဝမ်မိုင်အမည်နဲ့ ရွာသစ်တည်နေထိုင်နေကြပါတယ်.. ဒီစစ်ဘေးရှောင် ရွာသစ်ကလေးရဲ့ မြင်ကွင်းတွေကို သွားရောက်ရိုက်ကူးတင်ဆင်ပေးထားပါတယ်….. Photo-Zayar Min ဝမ်မိုင်ရွာအသစ်မှာ နမ့်ပါမွန်း ကုန်းနင်နဲ့ လီဆူရွာတွေက စစ်ရှောင်လာရတဲ့ မလောင်နှင့် လီဆူတိုင်းရင်းသား ၄ဝဝကျော်နေထိုင်လျက်ရှိပြီး ကလေးငယ် ၁ဝဝ ဝန်းကျင်ပါဝင်ပါတယ်   Photo-Zayar Min   Photo-Zayar Min အများစုကတော့ ပြောင်းဖူးစိုက်တာတွေ တောင်ယာစိုက်တာနဲ့အမဲလိုက်တာတွေ လုပ်ကိုင်ကြပါတယ်..   Photo-Zayar Min […]

အပြည့်အစုံဖတ်ရန်

သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။ အပိုင်း ၃ ဇေယျာလှိုင်  ရေးသည်။ ဒီနေ့စမ်းသပ်မှုက မွန်းလွဲ ၁ နာရီမှ လုပ်ရမှာဆိုတော့ မနက်ပိုင်းကို GOLDEN MOUNT လို့ခေါ်တဲ့ တောင်ပေါ်ရွှေစေတီနဲ့ ဘန်ကောက်က နာမည်ကြီး မြဘုရားကို သွားဖို့ မနက် ၈း၃၀ လောက် အဆောင်ကနေ ထွက်လာခဲ့ကြတယ်။ ဈေးသက်သာပြီးယာဉ်ကျောပိတ်တာရှောင်ရှားနိုင်တဲ့ ရေဆိုးမြောင်းထဲကလှေကိုပဲ စီးဖို့ ဆုံးဖြတ်လိုက်တယ်။       ဘန်ကောက်ကို အရှေ့အနောက် ဖောက်ထားတဲ့ ဒီရေဆိုး မြောင်းထဲက လှေတွေဟာ ၁၈ ကီလိုမီတာရှည်လျားတဲ့ ခရီးစဉ် ကို မနက် ၅း၃၀ ကနေ ည ၈း၃၀ အထိ ပြေးဆွဲပါတယ်။ ခရီးစဉ် နှစ်ပိုင်း ရှိပြီး တစ်ပိုင်းကတော့ […]

အပြည့်အစုံဖတ်ရန်

၀က်လူးကျေးရွာသွား တောလား

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာ မောင်သာရက ဝက်လူးကျေးရွာသွား တောလား ဆိုတဲ့ လုံးချင်းဝတ်္ထုစာအုပ်တစ်အုပ် (၁၉၇၀ ခုနှစ် ဝန်းကျင်မှာ) ရေးသားခဲ့တယ်။ အဲဒီခေတ်က ပြည် သူ့ကြားမှာ အမှန်ရှာ၊ ဘဝသရုပ်ဖော်စာပေသည်သာ ပြည်သူ့စာပေ၊ ပြည်သူ့ဘ၀ ကွင်းဆင်းလေ့လာကြ စတဲ့ ကြွေးကြော်သံတွေ မြန်မာစာပေလောကမှာ မင်းမူနေချိန် ဖြစ်တယ်။ ဆရာမောင်သာရကိုယ်တိုင် လည်း အသားနက်မကြီး အောင်လံထူ (ရေနံမြေက အလုပ်သမားတွေအကြောင်း)၊ နောက်ဆုံးတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ (လေးကောင်ဂျင် ကစားကြတဲ့ လောင်းကစားသမားတွေအကြောင်း)၊ မတ်တတ်ရပ်လို့ လမ်းမှာ ငို (ရန်ကုန်မြို့က လေးဘီးအငှားယာဉ်မောင်းတွေအကြောင်း) စတဲ့ စာအုပ် တွေအတွက် ကိုယ်တိုင် ကွင်းဆင်းပြီး […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေး

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ အင်တာဗျူး ဖြစ်ပါသည်။ ဦးသန်းဇော်အောင် တရားလွှတ်တော်ရှေ့နေ မြန်မာမီဒီယာရှေ့နေများကွန်ရက် အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း ခင်မောင်မြင့် မေးသည်။ မြန်မာနိုင်ငံက သတင်းသမားတွေဟာ တပ် မတော်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူရေးသားတဲ့အခါ ပြစ်ဒဏ် မြင့်မားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုတာကို ခံနေ ရပါတယ်။ ယခုလည်း ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံ ထားရပါတယ်။ အဲဒီ ဖမ်းဆီးခံထားရတဲ့ ရိုက် တာသတင်းထောက်နှစ်ဦးရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်နဲ့ တွေ့ဆုံမေးမြန်းထားပါ တယ်။ သူဟာ Myanmar Media Lawyers’ Network (MMLN) ရဲ့ အတွင်းရေးမှူးလည်း […]

အပြည့်အစုံဖတ်ရန်

ဒါ ဟိုတုန်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ လူလေ..

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Cartoon ဖြစ်ပါသည်။  

အပြည့်အစုံဖတ်ရန်

ခင်ဗျားတို့တော့ ကံကောင်းပြီဗျာ….

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Cartoon ဖြစ်ပါသည်။  

အပြည့်အစုံဖတ်ရန်

အာတီးယားဆောင်

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Essay ဖြစ်ပါသည်။ စက်တင်ဘာ ၂ဝ၁၈ ညဘက်တွင်အိပ်ရန်နေရာရှိပြီး နေ့ခင်းတွင် ချက်ပြုတ်စားသောက် ရန် မီးဖို၊ ဧည့်သည်အပေါင်းအသင်းလာလျှင် ဧည့်ခံစရာ နေရာထိုင် ခင်း အနည်းအကျဉ်းရှိသည့်နေရာကို အိမ်ဟု ခေါ်ကြေးဆိုလျှင် ရန် ကုန်မြို့၊ လှည်းတန်းရပ်ရှိ အိပ်ခန်းလေးတစ်ခန်းသည် ကျွန်မအတွက် ဒုတိယအိမ် ဖြစ်ခဲ့ဖူးသည်။  ၁ဝ ပေပတ်လည် ခန့် ကျယ်နိုင်သည့် ထိုအိပ်ခန်းကျဉ်း လေးသည် အိမ်ကြီး တစ်အိမ်၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ ထိုအိမ်ကြီးသည် အိပ် ခန်း ကျဉ်းလေးပေါင်းများ စွာဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော အိမ်ဖြစ် သည်။ ကျွန်မကဲ့သို့ပင် ဇာတိ မြေကို စွန့်ခွာလာသူများကို အမိုး၊ အကာ၊ ကျောခင်းစရာ […]

အပြည့်အစုံဖတ်ရန်

မီးရောင်အောက်မှာ ကက်ဆက်နားထောင်ခြင်း

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Forgotten ဖြစ်ပါသည်။ ခေတ်က အဆက်မပြတ်တိုးတက်နေတယ်။ မနေ့ကနဲ့ ဒီနေ့မတူသလို ဒီနေ့နဲ့ မနက်ဖြန်လည်း ကွာ ခြားတယ်။ ရှော့ ပင်းမောလ်က နောက်ဆုံးပေါ် ကုန် ပစ္စည်းတစ်ခု ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဒိတ်အောက်တဲ့ ခေတ်ဖြစ်နေပြီ။ ၂၁ ရာစု လူသားတွေက တီထွင်မှုမှာ ဝါသနာထုံကြ တယ်။ ဆန်းသစ်မှုမှာ ပါရမီပါကြ တယ်။ သူ့ထက်ငါ အပြိုင် ဆန်း သစ် တီထွင် နေကြတယ်။ လူတို့တီထွင်ခဲ့တဲ့ ကုန်ပစ္စည်း တွေထဲမှာ အချိန် ကာလတာရှည်ကြာအောင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို လွှမ်း မိုးခဲ့တဲ့ကုန်ပစ္စည်းတစ်ခု ရှိခဲ့ဖူးတယ်။ တောရော မြို့ပါ အသုံး တည့်တဲ့ ပစ္စည်းဖြစ်ခဲ့ရုံမက သုံးစွဲသူတွေကို အမှန် […]

အပြည့်အစုံဖတ်ရန်

Photo Essay(58)

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Photo Essay ဖြစ်ပါသည်။ ဓာတ်ပုံ – အောင်နိုင်စိုး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရသူပေါင်း သိန်းနဲ့ချီရှိခဲ့ပါတယ်။ ယခုနှစ်ဇူလိုင်အတွင်း နိုင်ငံတော်အစိုးရခရီးစဉ်အတွင်း ရိုက်ကူးခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးယူပုံ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာ၊ မြန်မာအစိုးရအခေါ် ဘင်္ဂါလီ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အခေါ် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းတို့၏ ဒုက္ခသည်စခန်းများ၊ နယ်စပ်နှင့်ပြန်လည်ထူထောင်ရေးစခန်းများကို ဖော်ပြလိုက်ပါတယ်။ နယ်မြေရဲကင်းတစ်ခုအား စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး   No Man’s Land အတွင်းမှ ရိုဟင်ဂျာ(မြန်မာအစိုးရအခေါ်ဘင်္ဂါလီ)များ မြန်မာ ဘင်္ဂလားဒေ့ရှ်ခြံစည်းရိုးတွင် လုံခြုံရေးစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြန်လည်ကြိုဆိုရေးစခန်းကို လုံခြုံရေး ယူထားသော တပ်ဖွဲ့ဝင်တစ်ဦး   ပြန်လည်ကြိုဆိုရေးစခန်းတွင် လက်ခံထားသော […]

အပြည့်အစုံဖတ်ရန်

မြန်မာ့အိမ်နီးချင်းများသို့ အလည်တစ်ခေါက် (အပိုင်း ၂)

November 15, 2018

ကျော်ဇေယျထွန်းရေးသည်   အရှေ့တောင်အာရှနိုင်ငံများထဲ တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ က္ဘောဒီယား၊ မလေးရှား၊ အင်ဒို နီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ လည်ပတ်စရာကောင်းသည့် နေ ရာများကို မကြာခဏ မြင်တွေ့ရ သည်။ ယင်းနေရာများသို့ သွား ရောက်လည်ပတ်ကြသည့် မြန်မာ နိုင်ငံသားများ၏ ဓာတ်ပုံများကို လည်း တွေ့ ဖူးသည်။ သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေသည့် လာအို နိုင်ငံအကြောင်းကို တွေ့ရခဲသည်။ ယင်းနိုင်ငံ၏ လည်ပတ်စရာ အကောင်းဆုံးနေရာဟူ၍လည်း ကျွန်တော့်အနေဖြင့် တစ်ခါမျှ မတွေ့ဖူး။ လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ဆိုရှယ်မီဒီ ယာတွင် ဓာတ်ပုံများတင်ကြသည်ကိုလည်း မကြုံဖူး။ ထို့ကြောင့် လာအိုနိုင်ငံတွင် မည်သည့်အရာများ ရှိမည် နည်း၊ လာအိုနိုင်ငံသူ၊ နိုင်ငံသားတို့သည် မည်သည့်ပုံသ္ဌာန်များ ဖြစ်လေမည်နည်းစသည့် မေးခွန်းများက […]

အပြည့်အစုံဖတ်ရန်

အောင်မိုးလမ်းခွဲနှင့်  လင်းကတောလမ်းဆုံ

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။                        အညာတစ်ခွင်ကိုသွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မပျင်းရိခဲ့ဘူး။  အဖော်ကောင်းသည် ဖြစ်စေ၊ အဖော်မပါဘဲ တစ်ကိုယ်တည်း ဖြစ်စေ အညာခရီးတွေကို ကျွန်တော် မကြာခဏ သွားဖြစ်တယ်။ အခုတစ်ခေါက်လည်း ချောင်းဦး၊ ရေစကြို၊ မြိုင်နယ်တစ်ကြောကို သွားဖို့ အကြောင်းဖန်လာတယ်။ ဇူလိုင်အတွင်းမှာ အညာတစ်ခွင် ခရီးနှင်ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကူးတံတား                         […]

အပြည့်အစုံဖတ်ရန်

ဟေ့..မင်းတို့ အရင်အစိုးရနဲ့ ငါတို့ အခုအစိုးရ ဘယ်သူပိုရယ်ရလဲ

November 6, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ ကာတွန်း ဖြစ်ပါသည်။ #MawKunMagazine ဆက်သွယ်မှာယူနိုင်စေရန်…….           OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.    : 0931340239 : 09791663065   website: www.mawkun.com   facebook: @mawkunmagazine mawkun.chronicle@gmail.com  

အပြည့်အစုံဖတ်ရန်
1 … 11 12 13 14 15 16 17 … 39

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."