အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၂၄ (မော်ကွန်း) မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် COVID-19 ကူးစက်မှုကာကွယ်ရေးအတွက် ရံပုံငွေထားရှိဆောင်ရွက်နေသည်ဟု နေပြည်တော်၊ အကျဉ်းဦးစီးဌာနရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောသည်။ ထိုသို့ ရံပုံငွေထားရှိရာတွင် တစ်လလျင် ဗဟိုအဆင့် အကျဉ်းထောင်များအတွက် ကျပ်သိန်း ၅၀ နှင့် (က) အဆင့် အကျဉ်းထောင်များအတွက် ကျပ်သိန်း ၂၀ သတ်မှတ်ထားပြီး ယင်းရံပုံငွေထဲမှ လိုအပ်သည့် ဆေးဝါးများ၊ နှာခေါင်းစီးများ၊ ပိုးသတ်ဆေးများကို ဝယ်ယူအသုံးပြုနေသည်ဟု ၎င်းက ဆိုသည်။ “ စလုပ်တာ နှစ်လလောက်ရှိနေပြီ။ လစဉ်စာရင်းစစ်လို့ သတ်မှတ်ရံပုံငွေပမာဏထက် လျော့နည်းသွားပြီဆိုတာနဲ့ ပြည့်အောင် ပြန်ဖြည့်ပေးနေပါတယ်။ လိုအပ်လာရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဒီထက်မက တိုးချဲ့ ဆောင်ရွက်သွားမှာပါ” […]
ဗညားအေးကျော် ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း) COVID-19 ရောဂါပိုးရှိသူတစ်ဦး ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် တွေ့ရှိခဲ့တဲ့နောက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။ “ လောလောဆယ် ရပ်တန့်ခြင်းမပြုဘဲ ကူးလူးဆက်ဆံမယ်ဆိုရင် ကျွန်တော်တို့ ဒေသက ဆေးဝါးသော်လည်းကောင်း၊ ကုသမှုမှာ အားနည်းပြီးတော့ တော်တော်လေး အထိအခိုက်ရှိမှာမို့ ဒီလိုပိတ်ပင်ခြင်းက လူထုကို အကျိုးပြုမှာဖြစ်ပါတယ်” လို့ ချင်းပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတိတ်ထန်း ပြောပါတယ်။ တီးတိန်မြို့နယ်မှာ COVID-19 ရောဂါပိုး တွေ့ရှိတယ်လို့ မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာအပြီး ဒီမနက်မှာပဲ သက်ဆိုင်တဲ့ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားစာပို့ပေးတာဖြစ်တယ်လို့က သူကဆက်ပြောပါတယ်။ […]
ဗညားအေးကျော် ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း) မြို့ပေါ်မှာ COVID-19 ပိုးတွေ့ရှိသူတစ်ဦးရှိလာပြီးနောက် ဒီမနက်ပိုင်းမှာ တီးတိန်မြို့အပါအဝင် လူနာသွားလာခဲ့တဲ့ ကျေးရွာအဝင်အထွက်တွေကို ပိတ်လိုက်တာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းက ဒီမြို့တွင်းမှာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်တွေ ဝယ်ယူဖို့ ခက်ခဲသွားတယ်လို့ တီးတိန်လူငယ်မိတ်ဿဟာရအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦး C.S. မုံ က ပြောပါတယ်။ ပရဟိတအသင်းအဖွဲ့တွေအနေနဲ့ မြို့ပေါ်မှာ ဆန်ပြတ်လပ်တဲ့ အခြေအနေဖြစ်လာရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့က မိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပြီး ဆန်မရှိတဲ့သူတွေကို ဝေငှဖို့လည်း စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။ “လက်ရှိ ဆိုင်တော်တော်များများက ပိတ်နေပြီ၊ ဆန်ကလည်း ဝယ်ဖို့ခက်နေပြီ” လို့ ဒီနေ့လည်ပိုင်း တီးတိန်အခြေအနေကို သူက ပြောပါတယ်။ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၂၄ (မော်ကွန်း) မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိမှုကြောင့် စာမေးပွဲယာယီရပ်ဆိုင်းလိုက်သည့် တက္ကသိုလ်များမှ နေရပ်ပြန်မည့် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံ၊ ဆေးခန်းများတွင် မိမိသဘောဖြင့်မိမိ ဆေးစစ်ချက်ခံယူနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ယနေ့တွင် မော်ကွန်းကို ပြောသည်။ ရန်ကုန်တက္ကသိုလ်အပါအဝင် နိုင်ငံတဝှမ်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ ပညာရေးကောလိပ်များက လက်ရှိဖြေနေသော ပထမနှစ်ဝက်စာမေးပွဲကို ရက်အကန့်အသတ်မရှိယာယီရပ်နားလိုက်ကြောင်း ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့ပြီးနောက် နေရပ်ပြန်မည့် ကျောင်းသားများ ရောဂါပိုးမကူးစက်ရေး စီစဉ်ထားခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းကဖြေကြားခဲ့ခြင်းဖြစ်သည်။ “အဆောင်နေကျောင်းသားတွေက ပြန်ချင်တာလေ။ ကျန်းမာရေးအတွက်က တက္ကသိုလ်တွေမှာ ဆေးရုံးတွေ ဆေးခန်းတွေက အဆင်သင့်ဖွင့်ပေးထားတယ်။ နေမကောင်းဘူးဆိုရင် […]
ရန်ကုန် – ၂၀၂၀၊ မတ် ၂၂ (မော်ကွန်း) လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်းရှိ ဦးနော အောက်မေ့ဘွယ်ရာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ Covid 19 ကာကွယ်ရန်အတွက် တစ်ဦးနှင့်တစ်ဦး သုံးပေခြားကာ ဝတ်ပြုရမည်ဖြစ်သည်။ ထိုင်ခုံတန်းရှည်တစ်လုံးတွင် သုံးဦးသာ ထိုင်ရမည်လည်းဖြစ်သည်။ အဆိုပါ ဘုရားကျောင်းတွင်ပင် ကျန်းမာရေးအသိပညာပေးမှုအနေဖြင့် လက်ဆေးရည်များပေးခြင်း၊ အဖျားတိုင်းခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်းတို့ကို ယနေ့စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ဓာတ်ပုံ – ဂေထော #Dailynews
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ ၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် […]
ကျော်ဇေယျ ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း) ညွှန်ကြားချက်မရှိသေးပေမယ့် ကိုယ်တိုင်အသွားအလာကန့်သတ် (Self-quarntine) တာတွေ လုပ်ဆောင်ပြီး ကျန်းမာ ရေးအခြေအနေကို စောင့်ကြည့်နေတယ်လို့ လှည်းကူးမှာ ကန့်သတ်ထားတဲ့ ပြည်ပက ပြန်ဝင်လာသူတွေကို သွားရောက်တွေ့ဆုံ ခဲ့သူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီနေ့ မနက်ပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။ “ အခုတော့ ကားပေါ်မှာပဲ၊ ဘယ်သူနဲ့မှ မထိ၊ မတွေ့ဘဲ Self-quarntine လုပ်နေတယ်။ ကျန်းမာရေးဘက်ကလည်း ပြောလာတာမျိုးမရှိသေးဘူး” လို့ ဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးနဲ့ အတူသွားရောက်ခဲ့သူတွေ၊ ဝန်ကြီးကို Covid-19 ကာကွယ်ရေးပစ္စည်းလှူဒါန်းခဲ့သူတွေရော ဘယ်လို အခြေ အနေရှိသလဲ ဆိုတဲ့ မေးမြန်းချက်ကို “ လောလောဆယ် မသိသေးဘူး” လို့ ဦးနိုင်ငံလင်းက […]
ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၄(မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက အဆင်မြင့်တက္ကသိုလ်စာမေးပွဲတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှာဖြစ်ကြောင်းနဲ့ ဆေး တက္ကသိုလ်-၂ အပါအဝင် သူနာပြုသင်တန်းကျောင်းလည်း ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့ရဲ့ သီးသန့်လူမှုကွန်ယက်အကောင့်ကနေ အသိပေးထားပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မကြာခင် တရားဝင်စာတွေ ထုတ်ပြန်သွားမယ်လို့ ဒီနေ့ မနက် ၇ နာရီခွဲ ဝန်းကျင်မှာ ဝန်ကြီးက အသိပေးထားတာပါ။ လက်ရှိမှာ ဝန်ကြီးဟာ ကိုယ်တိုင်အသွားအလာအကန့်အသတ်(Self-quantine) ပြုလုပ်နေသူဖြစ်ပြီး မတ်လ ၂၂ တုန်းက သူကွင်းဆင်းခဲ့တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ ပြည်ပကနေပြန်လာသူတွေကို ကန့်သတ်ထားရာနေရာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး တွေ့ရှိခဲ့တာကြောင့် အခုလို ကိုယ်တိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ […]
covid-19
ကောင်းထက်စံ ရန်ကုန် – ၂၀၂၀၊ မတ် ၂၃ (မော်ကွန်း) သင်္ဃန်းကျွန်းမြို့နယ်တွင် မတ် ၂၁ ရက် ညပိုင်းက တာဝန်ရှိသူများဝင်ရောက်စစ်ဆေးစဉ်တွေ့ရှိသော တရားဝင်နေထိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံသားအချို့အား ယနေ့စတင်ပြန်လည်ပို့ဆောင်နေပြီဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက မော်ကွန်းသို့ပြောသည်။ ကနဦးအနေဖြင့် တရုတ်နိုင်ငံသား ၁၈ ဦးကို ယနေ့ညနေပိုင်းလေယာဉ်ဖြင့် ကူမင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ပို့ဆောင်သွားမည်ဟုဆိုသည်။ “လေယာဉ်လက်မှတ်မရလို့ ရသလောက်ကိုပို့တာဖြစ်ပါတယ်။ အားလုံးကိုပို့မှာပါ”ဟု ဦးရွှေလှဝင်းက မော်ကွန်းသို့ပြောသည်။ နှင်းဆီနီလမ်းတွင် တရုတ်နိုင်ငံသား ၂၂ ဦးနှင့် ပန်းဝါလမ်းတွင် ၁၀ ဦးသာခွင့်ပြုထားသော်လည်း မတ် ၂၁ ရက်ညဦးတွင်ဝင်ရောက်စစ်ဆေးရာ စုစုပေါင်း ၁၁၈ ဦးနှင့်အတူ လပ်တော့နှင့် ဖုန်းဟန်းအများအပြား ကိုတွေ့ရှိရသည်။ ၎င်းတို့သည် လေဆိပ်မှ တရားဝင်ဗီဇာဖြင့်ဝင်ရောက်လာသော်လည်း ရပ်ကွက်အတွင်း နေထိုင်ခွင့်ပြုထားခြင်းမရှိသေးပေ။ အဆိုပါ […]
covid-19
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."