သတင်းများ

Covid-19 တွေ့ရှိမှုအခြေအနေ

March 28, 2020

၂၈.၃.၂၀၂၀ ပိုးတွေ့လူနာ‌-ရှစ်ဦး #Infograph

အပြည့်အစုံဖတ်ရန်

ပြည်ပမှပြန်လာသူနှစ်ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့၊ပိုးတွေ့လူနာ ငါးဦးအထိရှိလာ

March 27, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၇ (မော်ကွန်း) ပြည်ပမှပြန်လာသူအမျိုးသားနှစ်ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့တယ်လို့ ယနေ့နံနက်အစောပိုင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ ငါးဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ မန္တလေးကန်တော်နဒီဆေးရုံနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွေမှာ အထက်ပါအမျိုးသားနှစ်ဦးကို သီးခြားခွဲကြပ်မတ်ကုသ ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ရောဂါပိုးတွေ့ရတဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ မန္တလေးမြို့က အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ၊ ချမ်းမြ သာစည်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မတ် ၁၉ ရက်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့သူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ဝင်လာမယ့်သူတွေကို အစိုးရက ၂ပတ်အကြာကန့်သတ်စောင့်ကြည့်မှု ( Quarantine ) အမိန့် မထုတ်ခင် ၂ ရက်စောပြီး ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ Qatar […]

အပြည့်အစုံဖတ်ရန်

လုပ်သားအင်အားမလျှော့ရန် အရှေ့ဒဂုံတွင် အလုပ်သမားများထောင်ချီဆန္ဒပြ၊ အလုပ်ရှင်နှင့် ပြေလည်မှုရရှိ

March 26, 2020

ဂေထော ရန်ကုန်- ၂၀၂၀ မတ် ၂၆ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် General Enterprises Garment အထည်ချုပ်စက်ရုံ၌ အလုပ်သမားလျှော့ချမည်ဆိုသောကြောင့်အလုပ်သမားများ ယနေ့ဆန္ဒပြခဲ့ကြရာ အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြေလည်မှုရရှိခဲ့ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က မော်ကွန်းသို့ ပြောသည်။ စက်ရုံတွင် အော်ဒါမရရှိသည့်အကြောင်းပြချက်ဖြင့် လုပ်သက်တစ်နှစ်အောက်နှင့် ခြောက်လအောက် ဝန်ထမ်းများကို အလုပ်သမားအင်အားလျှော့ချမည်ဆိုသောကြောင့်ဆန္ဒပြခြင်းဖြစ်ပြီး အလုပ်ပြန်ခန့်ရေး၊ ဘောစ်နပ်ပေးရေး၊ အလုပ်သမားညှိနှိုင်းရေးကောင်စီဖျက်သိမ်းပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။ “အလုပ်သမားလျှော့ချရေးကို ပြန်လည်ပြီးသုံးသပ်ပေးမယ်ဆိုတဲ့အဖြေရတယ်၊အဲ့ဒါသူတို့ (အလုပ်သမား)တွေ ကျေနပ်တယ်၊ နောက်ဘောစ်နပ်က ဒီနှစ်တော့ မပေးနိုင်ဘူးတဲ့၊ တတိယအချက်က WCC (အလုပ်သမားညှိနှိုင်းရေးကောင်စီ) ကတော့ အလုပ်သမားတွေကျေနပ်ရင်ဖွဲ့၊ မကျေနပ်ရင်လည်း မဖွဲ့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်” ဟု ဦးကျော်ကျော်မောင်က ပြောသည်။ လုပ်သားအင်အားမလျှော့ချရန် အလုပ်သမားများ၏ […]

အပြည့်အစုံဖတ်ရန်

ဈေးတင်ရောင်းချနေမှုအပေါ် စားသုံးသူကာကွယ်ရေးအသင်းသို့ တိုင်ကြားမှုများရှိလာ

March 26, 2020

ဂေထော ရန်ကုန်၊ မတ် ၂၆ ၊ ၂၀၂၀ (မော်ကွန်း) Covid 19 ရောဂါကာကွယ်ရေးအတွက်အသုံးပြုသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ဈေးတင်ရောင်းချနေကြောင်း ငါးဦးထက်မနည်း တိုင်ကြားလာသည်ဟု မြန်မာနိုင်ငံစာသုံးသူကာကွယ်ရေးအသင်းကပြောသည်။ မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် Covid 19 ရောဂါပိုး အတည်ပြုလူနာစတင်တွေ့ရှိခဲ့သည့်အချိန်မှစပြီး စားသုံးသူများ၏စိုးရိမ်မှုကို အခွင့်ကောင်းယူကာ ပုံမှန် ကျပ် ၅၀၀ ဝန်းကျင်သာရှိသည့် အရက်ပျံတစ်ပုလင်းကို ၃,၅၀၀ ကျပ်ထိဈေးတင်ခြင်း၊ ၊ Hand Gel အလတ်တစ်ဗူးကို ပုံမှန်ဈေးထက် ငါးဆဈေးတင်ရောင်းခြင်း အစရှိသည့် ဝိသမလောဘရောင်းချနေမှုများကို တိုင်ကြားကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က ဆိုသည်။ “စားသုံးသူတွေကို ပွဲလန့်တုန်းဖျာခင်းတာမျိုးတွေ လုပ်တာကတော့ စားသုံးသူအခွင့်အရေးကို ချိုးဖောက်တာပေါ့နော်” ဟု ၎င်းက ပြောသည်။ ထိုကြောင့် လက်လီလက်ကားရောင်းချနေသော […]

အပြည့်အစုံဖတ်ရန်

မျက်နှာဖုံးစွပ်(Mask) ဈေးတင်ရောင်းသူတွေကို ကုန်သည်/စက်မှုအသင်းချုပ် ပညာပေးစည်းရုံးမယ်

March 26, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မတ် ၂၆(မော်ကွန်း) မျက်နှာဖုံးစွပ်(Mask) တွေကို ဈေးတင်ရောင်းသူနေသူတွေ ဈေးလျှော့ရောင်းပေးဖို့ ပညာပေးစည်းရုံးသွားမယ်လို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းစဉ်တွေအတွက် ကုန်သည်စက်မှုအသင်းချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အလှူငွေပေးအပ်ပွဲကို UMFCCI မှာ မတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဦးဇော်မင်းဝင်းက အဖွင့်အမှာစကားမှာ ပြောဆိုတာဖြစ်ပါတယ်။ “ရောင်းတဲ့သူတွေကို တတ်နိုင်သမျှ ပညာပေးအနေနဲ့ သွားပြီး သူတို့ ကို စည်းရုံးဆောင်ရွက်သွားမယ်” လို့ သူက ပြောပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်အတွင်း မျက်နှာဖုံးစွပ်(Mask) တစ်ခုကို ငါးရာကျပ်မှ တစ်ထောင်ကျပ်အထိ ပေးဝယ်နေရပေမယ့် အလွယ်တကူဝယ်ယူလို့မရဘူးလို့ (Mask) သုံးစွဲသူတွေက ပြောပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်မှာ UMFCCI […]

အပြည့်အစုံဖတ်ရန်

COVID- 19 ရောဂါပိုးရှိသူ သုံးဦးကျန်းမာရေးကောင်း

March 25, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၂၅ (မော်ကွန်း)   COVID-19 ရောဂါပိုးကူးစက်ခံထားရသူ သုံးဦးလုံး ကျန်းမာရေးကောင်းမွန်သည်ဟု ဒေါက်တာခင်ခင်ကြီးက ယနေ့ ညနေပိုင်းတွင် မော်ကွန်းကိုပြောသည်။   “ ဒီနေ့အထိ သူတို့သုံးယောက်လုံးမှာ ဖျားနာမှုမရှိသေးပါဘူး။ သုံးယောက်မြောက်တွေ့တဲ့ လူနာကိုလည်း ဝေဘာဂီဆေးရုံမှာ ထားရှိကုသနေပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာခင်ခင်ကြီးကပြောသည်။   ထိုရောဂါပိုး ကူးစက်ခံထားရသူသုံးဦးသည် မတ်လအတွင်း အမေရိ ကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံများမှ ပြန်လာကြသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။   အင်္ဂလန်မှ ပြန်လာသူနှစ်ဦးကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကု ဆေးရုံနှင့် အမေရိကန်မှပြန်လာသူကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင် အနီးကပ်စောင့်ကြပ်ကုသပေးနေသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရခိုင်စစ်ဘေးရှောင်တွေအတွက် COVID-19 ကာကွယ်ရေးအထောက်အပံ့တွေလိုအပ်နေ

March 25, 2020

ဂေထော ရန်ကုန်-၂၀၂၀ မတ် ၂၅(မော်ကွန်း)   ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ COVID-19 ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး အထောက်အပံ့ပေးတာတွေ မရှိသေးတဲ့အတွက် လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က အတွင်း ရေးမှူး၊ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။   ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာနေတဲ့ ပြည်သူတွေကို အဖျားတိုင်းတာ၊ နှာခေါင်းစီးဝေတာ၊ လက်ကို သန့်ရှင်းအောင်ဆေးတာ စတဲ့ အသိပညာပေးမှုတွေ ရှိပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာ ဒီလိုပြုလုပ်ပေးတာတွေ မရှိသေးဘူးလို့ သူက ပြောတယ်။   “ စစ်ဘေးရှောင်စခန်းက အဝင်အထွက် နေနေရတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ သီးသီးသန့်သန့် အသေးစိတ် စီမံရမယ့် ကိစ္စတွေ သူတို့(အစိုးရ)မှာ လိုနေတာပေါ့၊ နောက် အသိပညာပေးဖို့နဲ့ ဒီလူတွေအတွက်ကို လိုအပ်တဲ့ ပစ္စည်းတွေကို ပြည့်ပြည့်၀၀ အချိန်မီပေးဖို့ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံအသီးသီးက ဝင်လာသူတွေကို ၁၄ ရက် ကန့်သတ်စောင့်ကြည့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

March 25, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၅ (မော်ကွန်း) ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုး ကာကွယ်တားဆီးရေးအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်လာတဲ့ နိုင်ငံသား မည်သူမဆို စတင်ရောက်ရှိချိန်ကစပြီး ၁၄ ရက် သီးခြားစောင့်ကြည့်ကန့်သတ်မှု ပြုလုပ်မယ်လို့ (Facility Quarantine) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   ဒါအပြင် နိုင်ငံခြားခရီးသွား မည်သူမဆို သုံးရက်အတွင်း ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမှာဖြစ်ပြီး ထိုသူတွေကိုလည်း ၁၄ ရက် သီးခြားစောင့်ကြည့်ကန့်သတ်မှုပြုလုပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။   သံတမန်တွေ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းက ဝန်ထမ်းတွေအနေနဲ့လည်း သုံးရက်အတွင်း ရောဂါကင်းရှင်း ကြောင်း ဆေးလက်မှတ်ပြဖို့ လိုအပ်ပြီး ၎င်းတို့ နေအိမ်တွေမှာ သီးသန့်စောင့်ကြည့်မှု (Home Quarantine ) ၁၄ ရက် နေရမယ်လို့ နိုင်ငံခြားရေး […]

အပြည့်အစုံဖတ်ရန်

COVID-19 ရောဂါပိုးရှိသူတစ်ဦးထပ်တွေ့

March 25, 2020

ရန်ကုန်- ၂၀၂၀ မတ် ၂၅ (မော်ကွန်း)   အဂ်လန်နိုင်ငံက မတ် ၂၁ မှာ ပြန်လာတဲ့ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အသက် ၂၆ နှစ်အရွယ် အမျိုးသားမှာ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။ ထိုသူကို အင်းစိန် ပြည်သူ့ဆေးရုံမှာ သီးခြားခွဲ ကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒါကြောင့် မြန်မာနိုင်ငံ မှာ ရောဂါပိုးတွေ့သူ သုံးဦး အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 266 267 268 269 270 271 272 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."