ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း) ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးနစ်မြုပ်သည့်ဒဏ်ကြောင့် စားနပ်ရိက္ခာနှင့် အဆောက်အအုံများ လိုအပ်လျက်ရှိကြောင်း ယင်းစခန်းမှတာဝန်ခံ မြတန်ဆောင်းဆရာတော်က မော်ကွန်းသို့ မိန့်သည်။ ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် တောင်ကျရေများကြောင့် စခန်းရှိ အဆောက်အအုံများ နစ်မြုပ်ခဲ့ရပြီး စားသောက်ကုန်ပစ္စည်းများအပါအဝင် အခြားသောပစ္စည်းများလည်း ရေနှင့်အတူမျောပါသွားသည့်အတွက် စခန်းရှိပြည်သူများ အကူအအညီလိုအပ်သည်ဟု ဆရာတော်ကဆိုသည်။ “ပေးထားတဲ့ စားနပ်ရိက္ခာတွေက ရေနဲ့ပါသွားတယ်။ အပိုအလျှံလည်းသိပ်မှမရှိတာ။ ဆန်က ၁၀ ရက်စာလောက်ပဲရှိတယ်။ ကျန်တဲ့ဟာက မရှိဘူး။ အဆောက်အအုံတွေ ဘာတွေနည်းနည်းပါးပါး ပျက်စီးသွားတာရှိတယ်”ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။ လက်ရှိတွင် ရေများပြန်ကျသွားသည့်အတွက် စခန်းမူလနေရာတွင် ပြန်လည်နေထိုင်ကြကာ ပျက်ဆီးသွားသည့် အဆောက်အအုံများကို ဒေသခံပရဟိတအဖွဲ့တစ်ချို့က ဝိုင်းဝန်းပြင်ဆင်ပေးခဲ့သည်။ […]
အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း) ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားသေဆုံးမှုဟာ နှစ်ရက်ကို တစ်ဦးနှုန်းလောက်အထိရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS)က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတယ်။ ၂၀၁၉ အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၁၅၁ ဦးသေကာ ၃၈၄ ဦး ဒဏ်ရာရခဲ့တယ် လို့ MIPS ရဲ့ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် -၂၀၂၀” သုတေသန အစီရင်ခံစာဖော်ပြပါတယ်။ ဒီလို သေဆုံးမှုတွေရဲ့ အကြောင်းအရင်းအဖြစ် နှစ်ဖက်တိုက်ပွဲတွေကြား မြေဇာပင်အဖြစ်ညှပ်ခဲ့တာ၊ မိုင်းပေါက်ကွဲမှုတွေကြောင့်သေဆုံးတာ၊ ပစ်မှတ်ထားတိုက်ခိုက်ခံရတာနဲ့ ဖမ်းဆီးခံရစဉ် သေဆုံး တာတွေ ဖြစ်ခဲ့တာလို့ MIPS က ဖော်ပြတယ်။ ၂၀၁၉ အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၀၈၃ […]
ဓာတ်ပုံ – အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း) ၁၉၆၂ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော ဆန္ဒပြကျောင်းသားများနှင့် ဗုံးခွဲဖျက်ဆီးခံခဲ့ရသော ကျောင်းသားသမဂ္ဂအဆောက်အအုံကို အောက်မေ့ဂုဏ်ပြုသည့် ၅၈ ကြိမ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်တွင် ကျင်းပခဲ့ကြသည်။ အခမ်းအနားတွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ၊ စာရေးဆရာများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ရန်ကုန်တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်၌ ပန်းခွေချ၊ အလေးပြုခဲ့ကြပြီး တရားမျှတမှုရရှိရေးအတွက်ဆိုကာ ကြေညာချက်များ ဖတ်ကြားခဲ့သည်။ #Dailynews
ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၆ (မော်ကွန်း) မွန်ညီညွတ်ရေးပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ခေါင်းများကို ဗဟိုအဆင့်ရွေးချယ်မှု ယခုလ ၂၀ ရက် နောက်ဆုံးထားရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) က မော်ကွန်းသို့ပြောသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ပဏာမရွေးချယ်မည်ဖြစ်ပြီး ၎င်းအမည်စာရင်းများကိုအခြေခံကာ ဗဟိုရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်သွားမည်ဟု ဇွန်လဆန်းက ကြေညာထားသော်လည်း ဗဟိုအဆင့်ရွေးချယ်မှုကို ဇူလိုင် ၂၀ ရက်သို့ ပြောင်းရွေ့ခဲ့သည်။ “ကျွန်တော်တို့ အရင်ဇူလိုင် ၃၁ နောက်ဆုံးရက်ရွေးချယ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကြေညာတဲ့ရက်ရယ်၊ ကိုယ်စားလှယ်လောင်းအမည်ကို တင်သွင်းဖို့ ရက်တွေက သတ်မှတ်လာတဲ့အခါကျတော့ ကျွန်တော်တို့က သိပ်ပြီးကြပ်သွားတယ်။ အပြီးသတ်ရွေးချယ်မယ့်ရက် ပြန်ပြီးသတ်မှတ်ရတဲ့ အနေထားမှာဖြစ်သွားတယ်”ဟု ပါတီ၏တွဲဘက်အတွင်းရေးမှူး […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၆ (မော်ကွန်း) တိုက်ပွဲများဖြစ်ပွားနေသောဒေသများရှိနိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံအမျိုသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဌက မော်ကွန်းသို့ပြောသည်။ ယနေ့မနက်ပိုင်းက နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲကိုကြိုဆိုကြောင်း လူ့အခွင့်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည့်အပေါ် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဥက္ကဋ္ဌဦးလှမြင့်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ဒီမိုကရေစီမှာ မဲပေးဖို့အခွင့်အရေးက အရေးကြီးဆုံးပဲ။ ဒါမရဘူးဆိုရင် အခြေခံကစပြီး ပြတ်သွားတဲ့သဘောပဲ။ လုံခြုံရေးကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် သက်ဆိုင်ရာလူတွေနစ်နာတာပေါ့။ ခုနကပြောတဲ့ ထူးခြားတဲ့မဲဆန္ဒနယ်တွေမှာကတော့ တစ်မျိုးတစ်ဖုံ တခြားနည်းနဲ့ လှည့်ပြီးစဉ်းစားရမယ်။ ဒီလိုဖြစ်နေတဲ့ အနေအထားနဲ့ သူတို့လည်း မဲရုံသွားပြီး မဲပေးဖို့တောင်လွယ်ပါ့မလားမသိဘူး” ဟု ၎င်းကပြောသည်။ လာမည့် နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရေးလုပ်ငန်းများ […]
ဂေထော ရန်ကုန်- ၂၀၂၀ ဇူလိုင် ၃ (မော်ကွန်း) ပိုးကင်းစင်၍ဆေးရုံဆင်းခွင့်ပေးထားသူတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ပြန်တွေ့သည့်ဖြစ်စဉ် ပေါ်ပေါက်လာသော်လည်း ဆေးရုံဆင်းခွင့်ရထားသည့် အခြားလူနာများကို ရောဂါပြန်လည်စစ်ဆေးမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ လူနာအမှတ် ၉၆ သည် ဆေးရုံဆင်းခွင့်ရပြီး ရက်ပေါင်း ၄၀ အကြာ ဇွန်လ ၃၀ တွင် ရောဂါပိုး ပြန်လည်ကူးစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ဆေးကုသမှု ပြန်လည်ခံယူနေသည်။ “ ပိုးအပိုင်းအစလေးတွေ ကြွင်းကျန်ပြီးတော့ ပေါ်လိုက်၊ မြုပ်လိုက်ဖြစ်နေတဲ့ကိစ္စကတော့ စစ်ဆေးခြင်းအားဖြင့် မည်သူ့ အပေါ်မှာမှ အကျိုးသက်ရောက်မှု အင်မတန်မှနည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က လတ်တလောမှာ စစ်ဖို့ အစီစဉ်မရှိသေးပါဘူး ” ဟု ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ […]
ဂေထော ရန်ကုန် – ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း) လာမယ့် နိုဝင်ဘာ ၈ ရက်မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ထုတ်ပြန်လိုက်ပေမယ့် ကိုဗစ်ကာလ ကန့်သတ်မှုတွေလည်းရှိနေသေးတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေအနေနဲ့ အခက်တွေ့စေမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ လက်ရှိအာဏာရ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်ရွေးချယ်တာတွေအပါဝင် CEC အဖွဲ့ဝင်တွေ ပြည်တွင်းမှာ စည်းရုံးရေးပုံစံလှည့်ပတ်သွားလာတာတွေလုပ်နေပေမယ့် တခြားပါတီတွေအနေနဲ့တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြောင့် မလူးသာမလွန့်သာတဲ့အခြေနေဖြစ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကပြောပါတယ်။ လက်ရှိအနေအထားဟာ အာဏာရပါတီကလွဲရင် အခြားပါတီတွေကို လွတ်လွတ်လပ်လပ်လှုပ်ရှားမရအောင် ကိုဗစ်ကာလ ကန့်သတ်ချက်တွေ အစီစဉ်တကျရှိနေတာကြောင့် “ အရင်ကလို သမရိုးကျ မဲဆွယ်စည်းရုံးမှုတွေကနေ ဖောက်ထွက်ဖို့လိုမယ် […]
သဇင်လတ် ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း) ယာဉ်မောင်းများနှင့် အကျေအလည်သဘောတူညီချက်မရသေးဘဲ YBPC ကုမ္ပဏီက ယာဉ်မောင်းများ၏လစာကိုလျှော့ချကာ ခေါက်ကြေးပေးမည့်စနစ်သို့ပြောင်းလဲလိုက်ပြီး သဘောမတူသည့်ယာဉ်မောင်းများ အလုပ်မှရပ်နားကြောင်း ကုမ္ပဏီက ယနေ့ကြေငြာလိုက်သည်။ ယမန်နေ့က အလုပ်သမားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများက မှော်ဘီမြို့နယ်အလုပ်သမားဦးစီးဌာနရုံးတွင် ဆွေးနွေးခဲ့ကြရာ သဘောတူညီမှုမရခဲ့သေးဘဲ စတင်ခဲ့ခြင်းဖြစ်သည်ဟု YBPC (Yangon Bus Public Company) ကုမ္ပဏီ၏ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ကဆိုသည်။ ယာဉ်မောင်းများအနေဖြင့် ယခင်က အခြေခံလစာ ကျပ်သုံးသိန်း၊ နေ့စဉ်ယာဉ်ပြေးဆွဲမှုမှရရှိသည့်ဝင်ငွေ ခြောက်ရာခိုင်နှုန်းနှင့် ထမင်းဖိုး ကျပ် ၁၅၀၀၊ အများပြည်သူပိတ်ရက်များတွင် လုပ်အားခနှစ်ဆနှင့် ကုမ္ပဏီမှ ဆုကြေးများရရှိသည်။ “ ကျွန်တော်တို့ဘက်က လျှော့ပေးပါ့မယ်၊ လခသုံးသိန်းနဲ့ ထမင်းဖိုးပဲပေးပါ၊ အလုပ်လုပ်ပါ့မယ်ဆိုပြီးတော့ ၂၉ ရက်နေ့ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁ (မော်ကွန်း) မွန်ညီညွတ်ရေးပါတီသည် လာမည့်နိုဝင်ဘာတွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်ဖြစ်ကြောင်း ပါတီ၏တွဲဘက်အထွေအထွေအတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။ ပေါင်၊ကျိုက်မရော၊ချောင်းဆုံ၊မုဒုံ၊ သံဖြူဇရပ်၊ရေးမြို့နယ်နှင့် မော်လမြိင်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဘီးလင်းမြို့နယ်ကိုမူ ပါတီရုံးနှင့် ကော်မတီမရှိသည့်အတွက် ဝင်ပြိုင်နိုင်ခြေ နည်းသည်ဟု နိုင်လယိတမကပြောသည်။ “ကျန်တဲ့ ကျိုက်ထိုနဲ့သထုံကတော့ အနည်းဆုံးတစ်နေရာလောက် ဝင်ပြိုင်နိုင်ဖို့ကတော့ ဗဟိုနဲ့မြို့နယ်က ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေဆဲအနေထားဖြစ်နေတယ်”ဟု သူကဆိုသည်။ ပါတီအနေနှင့် ကရင်ပြည်နယ်၌ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း၌ ရေဖြူမြို့နယ်နှင့် ကျန်သည့် ခြောက်မြို့နယ်တို့တွင် ဝင်ပြိုင်ရန်ကြိုးစားနေပြီး မည်သည့်လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ကို မသိသေးကြောင်း နိုင်လယိတမကရှင်းပြသည်။ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းခဲ့ကာ လက်ရှိတွင် ကိုယ်စားလောင်းအဆိုပြုလွှာလျှောက်ထားသူများကို […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇွန် ၂၉ (မော်ကွန်း) ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ SIM card များကို မှတ်ပုံတင်ရန်ု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း စစ်ပွဲဖြစ်နေပြီး အင်တာနက်ဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် SIM card မှတ်ပုံတင်ရန် ခက်ခဲနေသည်။ စစ်ဘေးသင့်များကို ကူညီစောင့်ရှောက်ပေးနေသူ ရသေ့တောင်မြို့နယ်မှ အသက် ၃၂ အရွယ်ရှိ ကိုကျော်မင်းခိုင်က ဒေသခံများမှာ စစ်ပွဲများကြောင့် ပြေးလွှားနေရသည့်အပြင် အင်တာနက်လည်း ဖြတ်တောက်ခံထားရသည့်အတွက် SIM card များမှတ်ပုံတင်ရန် ခက်ခဲနေသည်ဟု ယနေ့မနက်ပိုင်းတွင် မော်ကွန်းကို ပြောခြင်းသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်းဖုန်းအသုံးပြု၍ ငွေပေးငွေယူကိစ္စများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန်ဆိုကာ ဇွန်လ ၃၀ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ ဇွန် ၂၉ (မော်ကွန်း) ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်က သရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်သာမရှိတဲ့အတွက် စခန်းဘေးမှာရှိတဲ့ ချုံပုတ်တွေမှာ အပေါ့၊အလေးစွန့်တဲ့ကိစ္စတွေကို ဖြေရှင်းနေကြရတာကြောင့် ဝမ်းရောဂါတွေဖြစ်ပွားလာမှာ စိုးရိမ်တယ်လို့ အဲဒီစခန်းရဲ့ တာဝန်ခံဖြစ်သူ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။ “ လောလောဆယ်တော့ ဘာဆိုးကျိုးမှမရှိသေးဘူး။ ဒါပေမယ့် မြေပိုင်ရှင်တွေရှိတယ်။ လယ်ကွင်းပိုင်ရှင်တွေရှိတယ်။ သူတို့ ကတော့သိပ်မကြိုက်ဘူး။ လာပြီးတိုင်တာရှိတယ်။ မစင်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဖြစ်လာမှာစိုးရိမ်တယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ မကြာခင်ဖြစ်လိမ့်မယ်” လို့ ဆရာတော်က မိန့်တယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့တိုက်ပွဲတွေကြောင့် အမ်း-မြေပုံကားလမ်းမဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကနေ ထွက်ပြေးလာသူတွေဟာ ဒီသရက်ချောင်းစခန်းမှာ ခိုလှုံနေကြတာပါ။ လက်ရှိအချိန်အထိ စခန်းမှာ စစ်ဘေးရှောင်ဦးရေ ၄၅၀ ဝန်းကျင် ခိုလှုံနေတယ်လို့ ဆရာတော်က မိန့်တယ်။ ၂၀၁၉ နိုဝင်ဘာ လောက်ကတည်းက ဒီစစ်ရှောင်စခန်းရှိနေတာဖြစ်ပြီး မိုးဒဏ်ကြောင့် […]
ကျော်ဇေယျ နေပြည်တော်-၂၀၂၀ ဇွန် ၂၄ (မော်ကွန်း) အများပြည်သူနေ့စဉ်သုံးစွဲနေရတဲ့ အရေးကြီးကုန်စည်တွေကို ဈေးတင်ရောင်းတာမျိုး မတွေ့ရတဲ့အတွက် အရေးယူမှုမရှိသေးဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ကွန်းကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာစတွေ့တဲ့ မတ်လ ၂၃ ရက် နောက်ပိုင်းမှာ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ဈေးတင်ရောင်းမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် မတ်လ ၃၀ မှာ ဒီပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ် ကြေညာခဲ့တဲ့နောက် ပုံမှန်ဈေးကို ပြန်ရောက်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောတယ်။ “နေ့စဉ်နေ့တိုင်းပဲ ဒုတိယသမ္မတ(၁)ခေါင်းဆောင်တဲ့ ကိုဗစ်ကော်မတီကို ဈေးနှုန်းစာရင်းတွေ ကျနော်တို့ ပေးပို့ရပါတယ်။ အဲဒီဈေးနှုန်းစာရင်းတွေကိုလည်း စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဌာန)ကနေ စိစစ်ပြီးတော့မှ တင်ပြနေပါတယ်။ အဲဒီမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုသတင်းရပြီးဆိုတာနဲ့ စားသုံးသူရေးရာဦးစီးဌာနက အောက်ခြေမှာ လိုက်လံစုံစမ်းပြီးတော့မှ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."