တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊နနွင်းတောအုပ်စု၊စည်းသာရွာမှာ စစ်ကောင်စီတပ်တွေက နေအိမ် လေးလုံးကို ဝင်ရောက်ဖျက်ဆီးသွားပြီးနောက် တန်ဖိုးကြီးပစ္စည်းတချို့လည်း ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က စည်းသာရွာထဲက နေအိမ်(၄)လုံးကို ရဲဒင်းဖြင့် ထုရိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ရွာထဲကပြန်ထွက်သွားပြီးနောက် ဖျက်ဆီးခံရတဲ့နေအိမ်များက ပစ္စည်းတွေလည်း ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “နေအိမ်က လေးလုံးထက်လည်းပိုနိုင်တယ်။ တော်တော်များများဖျက်ဆီးခံထားရတယ်”လို့ တန့်ဆည်ဒေသခံတစ်ဦးကပြောပါတယ်။ ဒါအပြင် ရွာထဲက ကျေးရွာပြည်သူတွေမွေးမြူထားတဲ့ ကြက်၊ဝက်တွေကို သတ်ဖြတ်စားသောက်ခဲ့ပြီး PSI စလောင်းတွေကိုလည်း ရိုက်ဖြုတ်ထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်မှာလည်း ကျေးရွာတွေကိုဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေကြပါတယ်။ မနေ့က ဒီဇင်ဘာ ၂ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ ပုတီးရွာက […]
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်စစ်ကြောင်းဟာ ဒီကနေ့ဆိုရင် ၂၉၉ ရက်ရှိလာခဲ့ပါပြီ။ ဒီကနေ့မှာလည်း ပင်မသပိတ်စစ်ကြောင်းဟာ ရပ်ကွက်တွေထဲလှည့်လည်ပြီး စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ဖို့ ကြိုးစားမှုကို မိဘပြည်သူတွေအနေနဲ့ ငြိမ်မခံဘဲ အလံနဲ့အသံကြားရာ အရပ်ကနေ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး ကလေးမြို့ သပိတ်ဟာ လမ်းမပေါ်တက် ဆန္ဒပြခဲ့တာ ရက်ပေါင်း ၂၉၈ ရက်ရှိလာပြီဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စစ်ကျွန်မခံ “ဘူး” ငြင်းဆန် အမျိုးသားနေ့အဓိဌာန် သပိတ်ဆောင်ပုဒ်နဲ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာက နေအိမ်အလုံး ၂၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၇:၀၀ နာရီခန့်က တန့်ဆည်မြို့နယ်၊ ပုတီးရွာမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်များကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ကျော်အနက် ခြောက်လုံးမှာ ဆက်လက်နေထိုင်၍မရသည်အထိ ပျက်စီးသွားကြောင်း တန့်ဆည် ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေ ၄:၀၀ နာရီခန့်က အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကောင်စီတပ်ဟာ ပုတီးရွာသူရွာသားတွေကို အိမ်တွေကိုသော့ဖွင့်ပြီးထားခဲ့ပြီး ဘုန်းကြီးကျောင်းထဲသွားနေဖို့နဲ့ ထွက်ပြေးရင်ပစ်သတ်မယ့်အကြောင်း လိုက်အော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အကုန်ကိုရစရာမရှိအောင်ဖျက်ဆီးသွားတယ်။ မှန်တွေကောရိုက်ခွဲသွားတယ်။ ရွာထဲကပြည်ခိုင်ဖြိုးအိမ်တွေကျ မလုပ်ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပုတီးရွာက ဒေသခံအချို့ကတော့ […]
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော်လာပြီဖြစ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်တွေကတော့ နေ့စဉ်ရက်ဆက် အားကောင်းနေဆဲပါ။ ဒီကနေ့မှာလည်း ဖားကန့်မြို့ ဘာသာ လူမျိုးပေါင်းစုံ ပြည်သူ့သပိတ်စစ်ကြောင်းဟာ မြို့တွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ သပိတ်ဟာ ၂၉၇ ရက်မြောက်ရှိလာပါပြီ။ ဒီကနေ့မှာ ” အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး ” ” မြန်မာပြည်ကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” ကြွေးကြော်သံတွေနဲ့ မြို့လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မလဲသာရွာ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဒီကနေ့ ကျေးရွာအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – အ.ထ.က မလဲသာ ကျောင်းသားများသမဂ္ဂ #Dailynews
အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာက လူနေအိမ်တွေကို ဒီကနေ့ညနေပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ညနေ ၅:၃၀ လောက်က စစ်ကောင်စီတပ်တွေဟာ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ရွာက နေအိမ်တစ်လုံးကို ဝင်ရောက်မွှေနှောက်ပြီး စတင်မီးရှို့လိုက်တာလို့ ဒေသခံတွေကဆိုပါတယ်။ မီးရှို့ဖျက်ဆီးနေချိန် သေနတ်တွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။ နောင်ကြီးအိုင်ကျေးရွာဟာ အရာတော်မြို့နယ်တွင်း အချက်အခြာကျတဲ့ လမ်းမတစ်ခုဖြစ်ပြီး စစ်ကောင်စီကားတွေ မကြာခဏ မိုင်းဆွဲခံရတာကြောင့် နောင်ကြီးအိုင်ကျေးရွာအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကလည်း နောင်ကြီးအိုင်ရွာအနီး မုံရွာ – နောင်ကြီးအိုင် – ရွှေဘိုကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဖြတ်သန်း သွားလာခဲ့တဲ့ ကားတချို့ထိခိုက်ခဲ့ပါတယ်။ […]
မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁ (မော်ကွန်း) မန္တလေးမြို့က လူထုသတင်းစာတိုက်ရဲ့ပဲ့ကိုင်ရှင် အမျိုးသမီး သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာရဲ့ “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက်မထွက်ဘူး”ဆိုတဲ့စာသားကိုကိုင်ဆောင်ကာ မန္တလေးမြို့က လူငယ်အမျိုးသမီးတွေဟာ ဒီကနေ့ မနက်ခင်းပိုင်းမှာ မြို့တွင်းလမ်းမထက်ကိုတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းနဲ့ အမျိုးသမီးတွေရဲ့ခိုင်မာတဲ့စိတ်ဓါတ်ကိုပြသတဲ့အနေနဲ့ ထဘီအလံလွှင့်ထူခဲ့ကြပါတယ်။ မန္တလေးမြို့မှာဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပြန်လည်အားကောင်းလာသလို မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။ ဓာတ်ပုံ| SIMULATION #Dailynews
ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနဲ့ ဆည်တောကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေကိုဝင်ရောက်ဖျက်ဆီးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ဆန်၊ ရေနဲ့ လျှပ်စစ်တွေကို အဓိကထားဖျက်ဆီးနေကြောင်း ဒေသခံတွေကပြောပါတယ်။ မနေ့က ဒီပဲယင်းမြို့နယ်၊ ပနောက်နှောအုပ်စု၊ဆည်တောရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရေကန်များ ဖြိုခြင်း၊ ရေပိုက်များဖြတ်တောက်ခြင်း၊ ဆိုလာလျှပ်စစ်ခုံများဖျက်ဆီးခြင်း၊ ဆန်အိတ်များဖောက်ကာဖြန့်ကြဲခြင်းနဲ့ အိမ်တွေ၊ပရိဘောဂတွေကိုပါ ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ညောင်လှကျေးရွာကိုတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ ထပ်မံဝင်ရောက်လာပြီးကျေးရွာအတွင်း ကျန်ခဲ့တဲ့ ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒိုင်နက်ကျေးရွာကိုလည်း လက်နက်ကြီးများ ၊ သေနတ်များနဲ့ ဆက်တိုက်ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ကျေးရွာ (၁၀) ရွာခန့် နဲ့ စစ်ဘေးရှောင်ဒေသခံ […]
ကလေး – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) ဒီကနေ့ နံနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ လှည့်လည် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့မှာ စစ်ကျွန်မခံ “ဘူး” ငြင်းဆန် အမျိုးသားနေ့အဓိဌာန် ကြွေးကြော်သံနဲ့အတူ လှည့်လည်ဆန္ဒပြကြပါတယ်။ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ၂၉၆ ရက်မြောက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော် ကြာမြင့်လာပြီဖြစ်ပေမယ့် ဖားကန့်မြို့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ပြသနေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖားကန့်မြို့ ဘာသာလူမျိုးပေါင်းစု ပြည်သူ့သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံကြောင်း လမ်းမပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ မှတ်တမ်း – CJ YouTube – https://youtu.be/rjePFzig_V8 #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."