ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော် ကြာမြင့်လာပြီဖြစ်ပေမယ့် ဖားကန့်မြို့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ပြသနေဆဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဖားကန့်မြို့ ဘာသာလူမျိုးပေါင်းစု ပြည်သူ့သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံကြောင်း လမ်းမပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
မှတ်တမ်း – CJ
YouTube – https://youtu.be/rjePFzig_V8
#Dailynews

