YRTA အဖွဲ့အနေဖြင့် ထိုကဲ့သို့ငွေကြေးမြောက်မြားစွာဖြင့် လည်ပတ်နေသည့် YBS စနစ်တွင်ပါဝင်သည့် ကုမ္ပဏီရှစ်ခု၏ပိုင်ရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုများ၊ကုမ္ပဏီများက မည်ကဲ့သို့ လုပ်ကိုင်ကြသည်များကို အများပြည်သူသို့ ရှင်းလင်းတင်ပြရန်လိုအပ်သလို အစိုးရအဖွဲ့မှ ယခုစနစ်တွင် မည်ကဲ့သို့ စီမံခန့်ခွဲ နေသည်ကိုလည်း အများပြည်သူသို့တင်ပြရန်လိုအပ်ပြီး ပြည်သူများ၏ အသံကို နားထောင်သင့်သည်ဟုဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
အငှားယာဉ်မောင်း ဦးနေဝင်း သေနတ်ပစ်ခံရကာ လဲကျခဲ့သည့် လေဆိပ်အဝင် ကားပါကင်နေရာတွင် ‘တာဝန်သိ နိုင်ငံသားကောင်း’ ခေါင်းစဉ်ဖြင့် ငြိမ်သက်ခြင်းနှင့်ဦးညွှတ်ခြင်းအစီအစဉ်ကို ယနေ့ညနေကပြုလုပ်ခဲ့ကြသည်။
“ဒီနေရာမျိုးက ကိုယ့်ပြည်သူတွေ တင်မဟုတ်ဘူး၊ နိုင်ငံတကာဧည့်သည်တွေလဲဝင်ထွက်နေတော့ လုံခြုံရေးနဲ့ပတ်သက်လို့ ဒီထက်ပိုပြီး လုံခြုံစိတ်ချရ အောင်လုပ်ရမယ်။ အခုက အင်အားအရမ်းနည်းနေတယ်
တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ရင် လက်ရှိ ကျင့်သုံးနေတဲ့ ၂ဝ၁၂ လယ်ယာမြေဥပဒေ၊ ၂ဝ၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေနဲ့ သစ်တောဥပဒေတွေမှာ ဥပဒေပုဒ်မတစ်ခုနဲ့ တိတိကျကျ အကာအကွယ်ပေးထားတာမျိုး မပါဝင်ပါဘူး။
‘နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူ ညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာရပိုင်ခွင့်ပေးရမည်
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Rafendi Djamin က ”မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက် တယ်ဆိုတဲ့ နာမည်ဆိုးတွေနဲ့ ကျော်ကြား တဲ့နေရာတွေပါ”ဟု ယင်းအဖွဲ့၏ ဝက်ဘ် ဆိုက် (www.amnesty.org) တွင် ယခု နှစ် နိုဝင်ဘာ ၁ဝ ရက်က ဖော်ပြထားသည်။
ဦးကျော်စွာဆွေကလည်း ” Policy Making Process (မူဝါဒချမှတ်ခြင်း) တွေကို စနစ်ကျတဲ့ စမတ်ကျတဲ့ပုံစံနဲ့ Run (လုပ်)ဖို့ လိုတယ်။ အချိန်ကိုလည်း ထိုက်သင့်သလောက် ယူဖို့လို တယ်။ ထိုက်သင့်တဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံမှုတွေ၊ အကြံဉာဏ် တောင်းခံမှုတွေကို ပိုလုပ်ဖို့လိုတယ်”ဟု အစိုးရကို အကြံပြုသည်။
”အဓိက မျက်ကြည်လွှာအရ နည်းတာက စည်းရုံးမှုအား နည်းတာဖြစ်လို့ စည်းရုံးမှုအားကောင်းအောင် ကျန်းမာရေးပညာ ပေးဝန်ထမ်းတွေကို များများ ခန့်နိုင်အောင် တင်ပြထားပါတယ်”ဟု ပါမောက္ခဒေါက်တာတင်ဝင်းက ရှင်းပြသည်။
”ငါးဖမ်းဆီးခွင့်ပေးတဲ့ရည်ရွယ်ချက်က အခွန်လည်းရ ငါးသယံဇာတလည်း ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့တာ၊ အခု ဖြစ် နေတာက ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ပဲ”
မြန်မာနိုင်ငံတွင် ဥပဒေအသစ် များကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် တစ် ချိန်တည်းမှာပင် ပြည်သူများအကြားတွင် ဥပဒေဆိုင်ရာ ဗဟုသုတများ နည်းပါးနေ သေးသည့်အချက်ကိုလည်း ရှေ့နေများက ထောက်ပြကြသည်။
အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးအောင်နိုင်စိုးက ”အင်္ဂလိပ်က ထားပေး ခဲ့တဲ့ ဥပဒေတွေထဲမှာ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေတွေက အများကြီးဗျ။ အသုံးမချနိုင်တာ”ဟု ဆိုသည်။
စတော့ဈေးကွက်ကို ပြည်သူလူထုသိရှိနားလည်လာရန် ပညာပေးမှုအပိုင်းတွင် ရေတိုအနေဖြင့် သတင်းမီဒီယာများမှ တစ်ဆင့် စာရေးပြီးပညာပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ရေရှည်အတွက် ပညာပေးခြင်းကိုမူ အခြေခံပညာအလယ်တန်းမှစတင်ပြီး စတော့ဈေးကွက်၊ အများပိုင်ကုမ္ပဏီ စသည်တို့နှင့် ပတ်သက် သည့် သင်ခန်းစာများကို ထည့်သွင်းသင်ပြသင့်သည်ဟု ဦးသက် ထွန်းဦးက ပြောသည်။
ကွက်ပေးတဲ့ မရဏရောဂါတွေကို ကုသနိုင်မယ့်ဆေးဝါး တွေ၊ ရောဂါရှိမရှိ စစ်ဆေးနိုင်တဲ့ကိရိယာတွေ မြန်မာနိုင်ငံမှာ ရှိ နေပြီလို့ ဆရာဝန်တွေက ပြောကြပါတယ်။ ရောဂါဖြစ်ရင် ကျန်း မာရေးဌာနက အသင့်အနေအထားရှိနေပေမယ့် လူတွေအနေနဲ့ ကြွက်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."