မှတ်တမ်းများ

“တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပေါ်လာနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်”

April 10, 2018

ပြည်ထောင်စုအင်စတီကျု (Pyidaungsu Institute)  မှ သုတေသနညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦးနှင့်တွေ့ဆုံမေးမြန်းခြင်း။ ကျော်ဇေယျ တွေ့ဆုံမေးမြန်းသည်။ မြန်မာပြည်ရဲ့ အင်အားအကြီးဆုံးလက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်း အရုံးနဲ့ အစိုးရတပ်မတော်ကြား မကြာသေးခင်လပိုင်းတွေတုန်းက ကရင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့အဖွဲ့ပါ။ ဒါ့အပြင် မကြာသေခင်တုန်းကလည်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာလည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်ဆဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ မကြာခင်မှာလည်း တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစု ပင်လုံ) ဆွေးနွေးပွဲတွေကို အစိုးရဟာ လုပ်ဆောင်ဖို့ ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် လတ်တလောတိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်အလားအလာ၊ လက်ရှိ ငြိမ်းချမ်ရေးဖြစ်စဉ်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲ၊ ပိုမိုအားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်လာနိုင်ဖို့ […]

အပြည့်အစုံဖတ်ရန်

လိုတရ အိတ်ကလေး

November 29, 2017

Illustration – MAUNG NOE ကျွန်တော့်မှာ လိုတရ အိတ်တစ်လုံး ရှိတယ်။ အိတ်ပုံစံကအမျိုးမျိုး ပြောင်းနေပေမယ့် အိတ်ရဲ့ ဝိသေသဖြစ်တဲ့လိုတရမှုက ပြောင်းမသွားဘူး။ လိုတရဆိုပေမယ့် ပေါပေါများများ လျှံလျှံပယ်ပယ် တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်တယ်။ အခုအချိန်ထိ ကျွန်တော့်အတွက် လိုတိုင်းတရနိုင်နေတုန်းပဲ။ အဲဒီအိတ်က အခြားတော့မဟုတ်ဘူး။ ကျွန်တော့်အမေရဲ့ ပိုက်ဆံအိတ်ကလေးပါ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ကျွန်တော့်လိုအပ်ချက်တွေကို ဒီအိတ်ကလေးက အတိုင်းအတာ တစ်ခုထိ ဖြည့်ဆည်းပေးခဲ့တာ။ မုန့်ဖိုး၊ ကျူရှင်ဖိုး၊ အဝတ်အစားဖိုးအပြင် အခြားသော ကုန်ကျမှုတွေအတွက် ဒီအိတ်ထဲကပဲ ထွက်လာခဲ့တာ။ အမေ့ရဲ့ အိတ်ကလေးထဲကို ပိုက်ဆံတွေ ဘယ်သူထည့်ပေးသလဲ။ ပြန်စဉ်းစားမိတယ်။ အရင်ကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော့်အဖေက ထည့်ပေးတယ်။ ဒါပေမဲ့ ကျွန်တော် လေးတန်းလောက်ရောက်တော့ ကျွန်တော့်ရဲ့ […]

အပြည့်အစုံဖတ်ရန်

သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

November 27, 2017

Photo – Zayar Hlaing (ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို အူမှာ မွေးကတည်းက အာရုံကြောတွေ ပါမလာတာကြောင့် အူဖြတ်၊ ဗိုက်ဖောက်ပြီး အူကျင့်နေတဲ့အချိန်မှာ ခြောက်လကနေ တစ်နှစ်လောက် အိတ်နဲ့ မစင်စွန့်ရမယ်၊ မလုပ်ရင် စကားပြော ဆွံ့အမယ်၊ ဉာဏ်ရည်နိမ့်ကျတာတွေပါ ဖြစ်လာမယ်ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် မိဘတွေ ငွေကုန် လူပန်းဖြစ်ခဲ့ရပုံဟာ ဒီခရီးသွားဆောင်းပါး ရေးဖို့ အကြောင်းဖန်လာတာပါပဲ။) လေယာဉ် ဝေဟင်ထဲပျံတက်ဖို့ ပြေးလမ်းပေါ် အရှိန်မြှင့် မောင်းနှင်လိုက်တဲ့အခါ သားပူတူးတစ်ယောက် တဟားဟား ရယ်နေပါတော့တယ်။ လေယာဉ်ဘီး မြေပြင်ပေါ်ကနေ စကြွသွားတာနဲ့ လေယာဉ်ပြတင်းပေါက်ကနေ အောက်မှာ မြင်နေရတဲ့ အဆောက်အအုံခေါင်မိုးတွေကို စူးစမ်းကာ လိုက်ကြည့်နေ ပါတော့တယ်။ ငါးနှစ်သားအရွယ် ကလေးတစ်ယောက်အတွက် သူ့ဘဝမှာ ပထမဆုံး မြင်ဖူးတဲ့ ဝေဟင်မြင်ကွင်းဖြစ်နေတာကြောင့် ဘာကိုမှ အလွတ်မပေးဘဲ […]

အပြည့်အစုံဖတ်ရန်

ဥုံဖွနဲ့ လူလားမြောက်ကြသူများ

November 24, 2017

Photo – THIHA 2017 ဒီနေ့ ကမ္ဘာကြီးက ရောဂါတွေ တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ရှိနေ တယ်။ ဖြစ်လိုက် ရင်လည်း မရှူနိုင်မကယ်နိုင်ချည်းပဲ။ ဆား (SARS) ရောဂါဖြစ်လို့မှမကြာသေးဘူး၊ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပြီလို့ ဆိုကြပြန်တယ်။ အမောပြေမယ်ကြံကာရှိသေး အီဘိုလာဖြစ်ပြန်ပြီဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရပြန်ရော။ ဗိန္ဓောဆရာ သြဠာရိက ဆရာတုတ်ကြီး ပြောသလို ပြောရရင် ဥပါဒ်၊ ဌီ၊ ဘင် ကိုး။ လူပြိန်းနားလည်အောင် ပြောရရင် ဖြစ်၊ တည်၊ ပျက် မမြဲတဲ့ ကမ္ဘာကြီး ပေပဲ။ အရင်ကတော့ ၉၆ ပါးရောဂါလို့ အလွယ်ခေါ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ ၉၆ ပါး မကလောက်တော့ဘူး ထင်တာပဲ။ လေနာတာ တစ်မျိုးတည်းကိုပဲ လေထိုး၊ လေအောင့်၊ […]

အပြည့်အစုံဖတ်ရန်

ညောင်ရမ်းမှာ အောင်ပန်းဆွတ်ခဲ့စဉ်က

November 20, 2017

Photo – Than Naing Oo မြို့ပြနိုင်ငံတော်ဟောင်း ညောင်ရမ်းကို ရန်ကုန်-မ္တနလေး မီးရထားစီးတိုင်း ဖြတ်သန်းရတဲ့ တောမြို့လေးအဖြစ် သတိထားမိတာကြာပါပြီ။ ဒီမြို့လေးမှာ အထူးအမြန်ရထားတွေ မရပ်နားပေမယ့် ရထားစီးတိုင်း ဖြတ်သန်းနေကျမို့ ရင်းနှီးနေတယ်။ သမိုင်းစာမျက်နှာတွေမှာလည်း ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့တဲ့ မြို့ မို့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ တောမြို့လေး ဖြစ်တယ်။ ညောင်ရမ်းက မ္တနလေးတိုင်း၊ သာစည်မြို့နယ်ထဲက တိုက်နယ်အဆင့်ရှိတဲ့ တောမြို့လေးဖြစ်တယ်။ မ္တနလေးမြို့ရဲ့ တောင်စူးစူး မိုင် ၁ဝဝ စွန်းစွန်းအကွာမှာ ရှိတယ်။ ဒီမြို့လေးမှာ ညောင်ရမ်းခေတ်လက်ရာတွေ အခုထက်တိုင် တွေ့နေရဆဲ ဖြစ်တယ်။ အထူးသဖြင့် သာသနိက အဆောက်အအုံတွေနဲ့ လယ်ယာတွေထဲမှာ ထွန်ယက်စိုက်ပျိုးရင်း တွေ့ရတဲ့ ညောင်ရမ်းခေတ် ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေက ညောင်ရမ်းမှာ ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း သက်သေပြနေကြတယ်။ မြန်မာနိုင်ငံရဲ့ […]

အပြည့်အစုံဖတ်ရန်

သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၃)

November 7, 2017

လားရှိုးအထက် ခရီးဆက် တည်းခိုသည့်ဟိုတယ်တွင် နံနက်စာ ဝန်ဆောင်မှု တစ်ပါတည်း ပါဝင်ပြီးသားဖြစ်သော်လည်း လူညီသည့် ကျွန်မတို့ အဖွဲ့သည် နောက်နေ့နံနက်တွင် လားရှိုးဈေးသို့ အပြေးသွားကာ ရှမ်းခေါက်ဆွဲစားကြသည်။ ရှမ်းပြည်နယ်၏ ထွက်ကုန် များဖြစ်သည့် ပဲကြီးကြော်၊ နေကြာ စေ့လှော်၊ မက်မွန်သီး၊ လက်ဖက် စသည်များကို တနင့်တပိုးသယ်ကာ ဈေးထဲမှ ပြန်ထွက်ခဲ့ကြသည်။ ကိုဇေယျာလှိုင်က မိဘများအတွက်ဟုဆိုကာ မက်မွန်သီးအလုံးလှလှကြီးများကို အိတ်ကြီးတစ်လုံးနှင့်တပွေ့ကြီး ဝယ်ချလာသည်။ လျှောက်လည်ကြမည့် ကျွန်မတို့ကို လိုက်ပို့ပေးမည့် လားရှိုးနယ်မြေခံ ညီမငယ်နှစ် ယောက်က မုန့်များ၊ အအေးများ အထုပ်လိုက်ဆွဲကာ ရိက္ခာဖြည့်လာသည်။ Photo – Kyaw Zayar Htun                      လားရှိုးဈေးထဲက ပလောင်အမျိုးသမီး ပြီးလျှင် လားရှိုး-သိန္နီ မြို့ရှောင်လမ်းမကြီးမှသွားရသည့် နမ့်မွန်ဖာ ဘုန်းတော်ကြီးကျောင်းသို့ သွားလည်ကြသည်။ တောတောင်ရှုခင်း […]

အပြည့်အစုံဖတ်ရန်

သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၂)

November 7, 2017

အငြင်းပွားဖွယ်ရာ သက်သေများ နာရီဝက်ခန့် အားရပါးရ ရွာချပြီးနောက် တဖြည်းဖြည်းနှင့် မိုးတိတ်သွားသည်။ နေအနည်းငယ် ပြန်ပွင့်လာသည်။ တရား ခွင်ထဲမှ အသံများကို ကြားရချိန်တွင် တရားလိုပြသက်သေ တပ် မတော်အရာရှိသည် ဖမ်းဆီးခံထားရသူများထံမှ ရရှိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ထွက်ဆိုလျက်ရှိသည်။ မည်သို့ ဖမ်းဆီးသည်၊ မည်သည့်အတွက် ဖမ်းဆီးသည်၊ မည်သည့်အရာများကို သိမ်းဆည်းရမိသည် စသည့်အချက်များကို ထွက်ဆိုသည်။ သိမ်းဆည်းလိုက်သည့် လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ ကင်မရာ၊ အသံဖမ်းစက် စသည့် အရာများအတွင်းမှ အသံဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယိုစသည့်  မူလသက်သေခံအချက်အလက်များကို ဖျက်ဆီးပစ်လိုက်ကြောင်း လည်း ထွက်ဆိုသည်။ Photo – Kyaw Zayar Htun                   သီပေါတရားရုံးသို့ ရောက်လာသည့် ဖမ်းဆီးခံ သတင်းသမားများ ထို့နောက် သက်သေခံပစ္စည်းများကို ရုံးတော်သို့ တင်ပြရန် […]

အပြည့်အစုံဖတ်ရန်

သီပေါအကျဉ်းသားများထံမှ အပြန်

November 7, 2017

ရှမ်းပြည်နယ်သို့ အလည်အပတ်ခရီး၊ အလုပ်ကိစ္စ၊ သင်တန်းတက်ရန် စသဖြင့် သုံးကြိမ်ထက်မနည်း ရောက်ဖူးသည်။ အတိအကျ ဆိုရလျှင် ငေးမျှော်မငြီးနိုင်ဖွယ် ရှုခင်းများရှိရာ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ဖူးခြင်းဖြစ်သည်။ ရှမ်းပြည်နယ်သို့ သွားရောက်ရန် အကြောင်းဖန်လာတိုင်း ရှမ်းပြည်တောင်ပိုင်းသို့သာ သွားရသည်ချည်းဖြစ်၏။ တောင်ကြီး၊ ပင်းတယ၊ အောင်ပန်း၊ ကလော စသဖြင့်။ Photo – Kyaw Zayar Htun ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ပါပေ။ အချိန်ရသည့် တစ်နေ့ကျလျှင် နာမည်ကျော် မူဆယ်နမ့်ခမ်းလမ်း ရှိရာဆီသို့ ခရီးနှင်ဦးမည်ဟု တေးထားခဲ့ပေါင်းလည်းများပြီ။ သို့သော် ခြေဦးလှည့်ရန် အခွင့်မသာခဲ့။ ဟော…ယခုတော့ ခရီးထွက်ရန် အကြောင်းဖန်လာပြီဖြစ်သည်။ သို့သော် အပျော်ခရီး၊ အလည်ခရီးကား မဟုတ်။ လွန်ခဲ့သည့် လအနည်းငယ်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်ဘက်တွင် TNLA တအာင်းန်ပလောင် […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး Myanmar Institute for Peace and Security အဖွဲ့ မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

November 1, 2017

Photo – Supplied ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က Arakan Rohingya Salvation Army – ARSA က အကြမ်းဖက်တိုက် ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း တပ်မတော်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ နောက် သိန်းနဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ အစိုးရနဲ့ တပ်မတော်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပိုမို ဖိအားပေးလာခဲ့ကြပါတယ်။ ARSA အဖွဲ့က အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းတွေ၊ အထောက်အပံ့တွေ လုပ်နိုင်ဖို့ စက်တင်ဘာ ၁ဝ ရက်ကနေ အောက်တိုဘာ ၉ရက်ထိ တစ်လကြာအပစ်အခတ် ရပ်စဲတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအပြင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်ဆိုပြီး ARSA […]

အပြည့်အစုံဖတ်ရန်

ငွေခေတ်က ကြယ်စင်တွေ

October 31, 2017

(၂၉) ကြိမ်မြာက် ဆီးဂိမ်းပြိုင်ပွဲတွေကို နိုင်ငံပိုင် မီဒီယာတွေက ထုတ်လွှင့်ပေးနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား တော်တော်များများ ဝင်ပြိုင်ပေမယ့် ပရိသတ်အများဆုံး အားပေးတဲ့ အားကစားက ထုံးစံအတိုင်း ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်။ ဘောလုံးအဖွဲ့ချုပ်ကလည်း အစွမ်းကုန် ကူညီပေးနေတယ်။ ပြည်သူတွေရဲ့ အားပေးမှုက ပြောစရာမလိုအောင် ပြည့်စုံပြီးသား။ ကစားသမားလေးတွေလည်း ခြေစွမ်းရှိသလောက် အစွမ်းကုန်ထုတ် ကစားကြတယ်။ ဒါပေမဲ့ မြန်မာဘောလုံးအသင်း တူတူတန်တန် ဆုတံဆိပ်တွေ မရတာ ကြာပြီ။ မြန်မာဘောလုံးအသင်း လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ် ရခဲ့ဖူးတာ ရှိပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ရောပေါ့။ ဘောလုံးအကြောင်း စဉ်းစားတိုင်း ငယ်ငယ်က ရွာရိုးကိုးပေါက် သူငယ်ချင်းတွေနဲ့ […]

အပြည့်အစုံဖတ်ရန်

ငယ္ငယ္ကမုိးရာသီ

October 11, 2017

Illustration – MAUNG NOE ရာသီသုံးပါးတွင် ကျွန်တော် အမုန်းဆုံးက မိုးရာသီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တက်အလုပ်ဆင်း မိုးရွာထဲ လမ်းလျှောက်ရသည့် ဒုက္ခ၊ ကားတိုးစီးရသည့် ဒုက္ခကို မခံစားနိုင်၍ ဖြစ်သည်။ လမ်းလျှောက်နေတုန်း ကားများ မဆင်မခြင်မောင်း၍ ရေတွေ စင်ကုန်သည့်အခါလည်း ဒေါသထွက်ရသည်။ မိုးသည်းသည်းမှာ အဝတ်အစားတွေ ရေစိုသောကြောင့် လဲရသည်ကိုလည်း စိတ်ကုန်၏။ အဆိုးဆုံးက လူကျပ်ကျပ် ဘတ်စ်ကားထဲ ထီး ရေစို၊ လူရေစိုတွေနဲ့ ကားတိုးစီးရတာပဲ ဖြစ်သည်။ ယခင် မထသခေတ်တုန်းကဆို ဘတ်စ်ကားတွေက ပြတင်းပေါက်မကောင်း၊ ခေါင်မိုးက မလုံ။ ကားပေါ်မှာတင် မိုးရေချိုးခဲ့ရသည်။ ယခုတော့ YBS အဲကွန်းကားတွေနှင့်မို့ မိုးလုံလေလုံတော့ရှိသည်။ သို့သော်မိုးရေစိုစိုနှင့် အဲကွန်း တွေ့ပါက အအေးမိနိုင်သည်။ ယခုတလောဖြစ်နေသည့် ရာသီတုပ်ကွေးရောဂါ(H1N1) ကူးမယ်ဆို […]

အပြည့်အစုံဖတ်ရန်

ဒေါက်တာ ဂျက်ပီလိုက်ဒါ (ရခိုင်အရေးကျွမ်းကျင်သူ)နှင့် အင်တာဗျူး

September 23, 2017

အင်နဲ့အားနဲ့ဝေဖန်မှုတွေကိုတန်ပြန်ဖို့အတွက် မြန်မာနိုင်ငံဟာ ပြဿနာတွေကို မျက်ကွယ်ပြုထားတာမဟုတ်ဘူး၊ ရင်ဆိုင်ဖို့အသင့်ပဲဆိုတာကို အလေးပေးတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဗျူဟာတွေရှိရပါမယ်

အပြည့်အစုံဖတ်ရန်
1 … 16 17 18 19 20 21 22 … 39

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."