ဓာတ်ပုံ- ဇော်မိုးထက်(ဖားကန့်) ၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Photo Essay ဖြစ်ပါသည်။ PHOTO ESSAY ကချင်ပြည်နယ်က ဖားကန့်ဒေသဟာ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာဒေသပါ။ ဒီဒေသကို တစ်ခေါက်မှမရောက်ဖူးပေမယ့် ဒေသထွက် ကျောက်စိမ်းတွေနဲ့ ကြီးပွားနေတဲ့ ဘီလျံနာသူဌေးကြီးတွေ ရှိသလို ဒီဒေသမှာ နေ့ရောညပါ ပင်ပန်းခက်ခဲစွာ လုပ်ကိုင်စားသောက် နေရတဲ့ တစ်နေ့လုပ်တစ်နေ့စား ရေမဆေးကျောက်ရှာ သမားတွေလည်း ဒုနဲ့ဒေးပါ။ မကြာခဏဆိုသလို မြေစာပုံပြိုလို့ ရေမဆေး ကျောက်သမားတွေ အသက်သေဆုံးမှုကလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေကြပါပြီ။ ရေမဆေးသမားတွေရဲ့ ခက်ခဲတဲ့ဘဝနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုတွေကို ဓာတ်ပုံကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)အုပ်စု၊ မမုံကျေးရွာအနီးမှာရှိတဲ့ ရတနာဆင်သီရိ ကုမ္ပဏီအုပ်စု ကျောက်စိမ်းတူးဖော်နေမှု မြင်ကွင်း မော်ဝမ်းကြီး မှောရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုရဲ့ တစ်နေရာမှာ လက်ကျင်းတူးနေသော ကချင်ပြည်နယ် မိုးညင်းမြို့နယ် နန်းမားကျေးရွာ သံလမ်းရိုးမှ ရှမ်းလူမျိုး မောင်နှမ မိဘတွေက ရေမဆေးလည်းရှာ၊ အမှိုက်ပုံမှာ ဘူးခွံ၊ ပုလင်းခွံလည်းကောက် […]
PHOTO ESSAY ၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ PHOTO ESSAY ြဖစ်ပါသည်။ Photo – Zay Yar Min (TLK) မြန်မာနိုင်ငံမှာ ၂ဝ၁၈ အတွင်း ဘိန်းစိုက် ဧရိယာ ဟက်တာပေါင်း ၃၇ဝဝဝဝ ကျော် ရှိခဲ့ပြီး ၂ဝ၁၇ နဲ့ယှဉ်ရင် လျော့ကျသွား တယ်လို့ UNODC ရဲ့ ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားပါ တယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံ တစ်ခုပါ။ ၂ဝ၁၄ မှာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်ရမယ်လို့ အစိုးရက စီမံချက်ချ ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ကြောင့် အခု ၂ဝ၁၉ အထိ ငါးနှစ်ထပ်မံ […]
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Postcard ဖြစ်ပါသည်။ ကောင်းထက်စံ ရေးသည်။ ၂၀၁၉ ဇန်နဝါရီ ၄ ရက်၊ နံနက် စောစော ဖေ့စ်ဘွတ်ခ်မှနေ၍ သတင်းတစ်ပုဒ် တက်လာသည်။ ရက္ခိုင့်တပ်မတော် (AA) က ဘူး သီးတောင်မြို့နယ်ရှိ နယ်ခြား စောင့် ရဲကင်းများကို ဝင်ရောက် တိုက်ခိုက်သည့် သတင်းဖြစ်သည်။ အစိုးရမီဒီယာစာမျက်နှာဖြစ်သည့် MOI Webportal Myanmar ကလည်း “ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်း ဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ” ဟု နံနက် ၇ နာရီ […]
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Postcard ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ စစ်တွေလေဆိပ်ကို ခြေချလိုက်တာနဲ့ လေနုအေးရဲ့ အထိအတွေ့က ရန် ကုန်ရဲ့ ပူနွေးတဲ့လေထုနဲ့ ကွာခြား လှတယ်။ ကျွန်တော်တို့အဖွဲ့ ခရီးသည် နားနေဆောင်ထဲ မဝင်ရသေးခင် လေယာဉ်ဘေးမှာ အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်းမှာပဲ ယူနီဖောင်းဝတ် ရဲတစ်ယောက် အနားကပ်လာပြီး ““မီဒီယာသမား ၂၅ ယောက် ပါလာတာလား၊ ဘယ်သူခေါင်းဆောင်တာလဲ””လို့ မေး ပါတယ်။ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Postcard ဖြစ်ပါသည်။ စောသစ်ထူး ရေးသည်။ မဲခေါင်မြစ်ထဲက ရေတွေဟာ ရာသီချိန်အလိုက် ပုံမှန်စီးဆင်းနေ မှာပဲလို့ မှတ်ယူခဲ့တဲ့ သောင်စွတ် (၅၄ နှစ်) ရဲ့ ယူဆချက်တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်က စလို့ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ နှစ်စဉ် ဧပြီလမှာ ကျရောက်လေ့ရှိတဲ့ ထိုင်းလူမျိုးတို့ရဲ့ ရိုးရာပွဲ ဆုန်ခရမ်ပွဲတော်(သြင်္ကန်) အတွက် သောင်စွတ်ရဲ့ ရွာ တည်ရှိရာ မဲခေါင်မြစ်ကမ်းပါးသောင်စပ်မှာ ပြင်ဆင်နေခဲ့ကြချိန် ပေါ့။ မဲခေါင်မြစ်ရေဟာ သူတို့ ထင်မှတ်မထားခဲ့ပါဘဲ တရိပ်ရိပ် မြင့်တက်လာပြီး သူတို့ ပြင်ဆင်ထားတဲ့ ပျော်ပွဲရွှင်ပွဲအတွက် မဏ္ဍပ်တွေကို နှစ်မြှုပ် ဖုံးလွှမ်းပစ်လိုက်ပါတယ်။ ““ထင်မှတ်မထားခဲ့ဘူး။ နုန်းတင်မြေနုကျွန်းတွေပေါ် စိုက် ထားတဲ့ သီးနှံခင်းတွေပါ ပျက်စီးကုန်တယ်””လို့ သူက ပြန်ပြောင်း […]
ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာ၊ တပ်ဦး အောင်ချမ်းသာကျောင်းတိုက်၊ တပ်ဦးအောင်ချမ်းသာဘုရားမှာ ချိတ်ဆွဲထားတဲ့ ဆရာဦးစောမောင်ရဲ့ နိပါတ်ပန်းချီလက်ရာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ ဟန်အမျိုးမျိုးနဲ့ Nude လက်ရာတွေကို လေ့လာနိုင်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖအစိုးရက အပစ်ရပ်အဖွဲ့အစည်းတိုင်းကို နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စီးပွားရေးအရ ဖိအားပေးပြီး နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အေးမြခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တောင်ပေါ် ကျေးရွာလေးမှာလည်း မြို့ပြယဉ်ကျေးမှု အငွေ့အသက်တွေ ရှင်သန်နေတာကို တွေ့ရပါတယ်။ ကယန်းလူမျိုးတွေ ဓလေ့က သတို့သားဟာ လူပျိုညမှာ အသိုင်းအဝိုင်းနဲ့ ခြူသံပေးပြီး သတို့သမီးအိမ်ကို သွားရတယ်။
ရှောင်စောန်းကျေးရွာအတွင်းစိုက်ထူထားသည့်အထိမ်းအမှတ်ကျောက်တိုင်နှစ်ခု ရှောင်စောန်းရွာမှာ တီးတိန်မြို့ အရှေ့ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် တည်ရှိ ပြီး ဆိုင်ကယ်လမ်းသာပေါက်သော ရွာငယ် တစ်ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၅ဝဝဝ ကျော်တွင် တည် ရှိသည့် အဆိုပါရွာငယ်လေးတွင် လူဦးရေ ၃ဝဝ ကျော် နေထိုင်ကြပြီး ၎င်းတို့အားလုံး မှာလည်း ၂ဝ ရာစုအတွင်း ပေါ်ပေါက်လာ သော တမန်တော် ပေါင်ကျင့်ဟောက်နှင့် ၎င်းစတင်တည်ထောင်ခဲ့သည့် ရှောင် စောန်းသာသနာကို ယုံကြည်သက်ဝင်သူ များ ဖြစ်ကြသည်။ ရှောင်စောန်းဆိုသော အဓိပ္ပာယ် မှာ ချင်းဘာသာစကားဖြင့် အသန့်ရှင်း ဆုံးဟု အဓိပ္ပာယ်ရသည်။ တမန်တော် ပေါင်ကျင့်ဟောက်သည် ချင်းဘာသာ စကား၏ စာပေအရေးအသားနှင့် ရှောင် စောန်းသာသနာ၏ စာပေဖြစ်သော ယင်း ဘာသာဝင်တို့အခေါ် ‘ကောင်းကင်စာပေ’တို့ကို […]
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဒီဇင်ဘာ လလယ်မှ စတင်၍ ဖြစ်ပွားနေသော မြန်မာ့တပ်မတော်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) လက်နက်ကိုင်အဖွဲ့ နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်ကိုင်အဖွဲ့တို့ အကြားရှိ ပဋိပက္ခ၏ အကျိုးဆက်ကို ဒေသခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရင်ဆိုင်ခံစား နေကြရပြီး လူဦးရေ ၃,၀၀၀ ခန့်သည် စစ်မက်ဘေးမှ လွတ်ကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။
မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ကျေးရွာများသို့ မော်ကွန်းမဂ္ဂဇင်းက သွားရောက်လေ့လာခဲ့ပြီး ဒေသခံ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့နှင့် နေ့စဉ် နေထိုင်မှု စရိုက်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ၂၀၁၆-နိုဝင်ဘာလုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀) မှ ဓာတ်ပုံရသ ဖြစ်ပါသည်။ ဓာတ်ပုံ – အောင်ဖေကြည်စိုး နာဂရွာများရှိ နေအိမ်များမှာ တည်ဆောက်ပုံအရ လေဝင်လေထွက်နည်းပြီး အိမ်အတွင်း၌လည်း တစ်ညလုံး မီးဖိုထားလေ့ရှိသည်။ ဓာတ်ပုံ- အောင်ဖေကြည်စိုး/မော်ကွန်း မဂ္ဂဇင်း စာသင်ကျောင်းများတွင် ကျောင်းတက်သည့် မိန်းကလေးဦးရေ အလွန်နည်းပြီး အများစုမှာ ယောကျာ်လေးများဖြစ်ပါသည်။ ဓာတ်ပုံ -အောင်ဖေကြည်စိုး/မော်ကွန်း မဂ္ဂဇင်း ပြေင်းနှင့်လူုးဆန်ရောချက်ထားသော ထမင်းနှင့် စူးရှရှ အနံတစ်မျိုး ထွက်သည့် ကန်ဇိမ်းရွက်ဟင်းဖြင့် နေ့လယ်စာ စားနေကြသည့် နာဂကလေးငယ်နှစ်ဦး။ ဓာတ်ပုံ -အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း […]
သြဂုတ်လ-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၇)မှ (PHOTO ESSAY) ဖြစ်ပါသည်။ Photo : မြတ်သန္တာဦး ဖိုးကျား ဆင်စခန်းဟာ ပဲခူးရိုးမတောင်ခြေမှာ တည်ရှိပြီး ရန်ကုန်မြို့ မြောက်ဘက်မိုင် နှစ်ရာကျော်မှာ တည်ရှိပါသည်။ ဆင်စခန်း အဖြစ်သာမဟုတ်ဘဲ သဘာဝငှက်များကို ကြည့်ရှုစရာနေရာ တစ်ခုလည်း ဖြစ်ပါသည်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."