ပေါင်ကျင့်ဟောက် ရှောက်စောန်းသာသနာ

ပေါင်ကျင့်ဟောက် ရှောက်စောန်းသာသနာ

ရှောင်စောန်းကျေးရွာအတွင်းစိုက်ထူထားသည့်အထိမ်းအမှတ်ကျောက်တိုင်နှစ်ခု

ရှောင်စောန်းရွာမှာ တီးတိန်မြို့ အရှေ့ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် တည်ရှိ ပြီး ဆိုင်ကယ်လမ်းသာပေါက်သော ရွာငယ် တစ်ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၅ဝဝဝ ကျော်တွင် တည် ရှိသည့် အဆိုပါရွာငယ်လေးတွင် လူဦးရေ ၃ဝဝ ကျော် နေထိုင်ကြပြီး ၎င်းတို့အားလုံး မှာလည်း ၂ဝ ရာစုအတွင်း ပေါ်ပေါက်လာ သော တမန်တော် ပေါင်ကျင့်ဟောက်နှင့် ၎င်းစတင်တည်ထောင်ခဲ့သည့် ရှောင် စောန်းသာသနာကို ယုံကြည်သက်ဝင်သူ များ  ဖြစ်ကြသည်။

ရှောင်စောန်းဆိုသော အဓိပ္ပာယ် မှာ ချင်းဘာသာစကားဖြင့် အသန့်ရှင်း ဆုံးဟု အဓိပ္ပာယ်ရသည်။ တမန်တော် ပေါင်ကျင့်ဟောက်သည် ချင်းဘာသာ စကား၏ စာပေအရေးအသားနှင့် ရှောင် စောန်းသာသနာ၏ စာပေဖြစ်သော ယင်း ဘာသာဝင်တို့အခေါ် ‘ကောင်းကင်စာပေ’တို့ကို တီထွင်ခဲ့သူလည်း ဖြစ်သည်။ ဘာ သာရေး ကျမ်းစာများနှင့် ဘာသာရေးဆိုင် ရာ အထိမ်းအမှတ် ကျောက်တိုင်များတွင် ထိုစာပေဖြင့် ရေးသားကြသည်။

၁၉၃၈ တွင် ၇င်း၏ ဟော ကြားချက်များကို ယုံကြည် သက်ဝင် သည့် အိမ်ထောင်စု ရှစ်စုနှင့်အတူ တီး တိန်မြို့နယ်အနီးရှိ လိုင်လွီးရွာမှ စတင် ကာ ရှောင်စောန်း အသင်းတော်ကို စတင် တည်ထောင်ခဲ့သည်။ ထိုစဉ်က ချင်း တိုင်းရင်းသားအများစုသည် နတ်ကိုး ကွယ်မှုပြုကြရာ ယစ်ပူဇော်သည့် အလေ့ အထများ ရှိကြသည်။

ရှောင်စောန်းသာသနာတော်သမိုင်းကို၎င်းတို့၏ကောင်းကင်စာပေဖြင့်ကမ္ဗျည်းတင်ထားသောကျောက်စာတိုင်

ရှောင်စောန်းဘာသာမှာ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သက်ရှိသက်မဲ့ အရာအားလုံးကို ကောင်း ကင်ဘုံမှ ပါရှန်းအမည်ရှိ ဖန်ဆင်းရှင် ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု ပေါင် ကျင့်ဟောက်ကဆိုသည်။ ယဇ်ပူဇော်မှု များအား တားမြစ်သည့်အပြင် မင်္ဂလာ ဆောင်များ၊ အခါကြီးရက်ကြီးများ အတွင်း နွား၊ ဝက်၊ ကြက် စသည်တို့ကို သတ်ဖြတ် ခြင်းမပြုရဘဲ သတ်သက် လွတ်သာစားရမည်ဟု ပညတ်ထား သည်။ သေလွန်ပြီးနောက် တမန်တော် ၏ သွန်သင်မှုများအတိုင်း ကောင်းစွာ ကျင့်ကြံသူသည် ကောင်းကင်နိုင်ငံတော် တွင် စံစားနိုင်မည်ဖြစ်ပြီး မကျင့်ကြံသူ များကတော့ နတ်ဆိုးအဖြစ်သို့ရောက်ရှိ ကြမည်ဟု ယုံကြည်ကြသည်။

‘သန့်ရှင်းသော ရှင်သန်ခြင်း တရားတော်’ အမည်ရှိ ကျမ်းစာက ရှောင် စောန်းဘာသာဝင်များအတွက် တစ်ခု တည်းသော အထွတ်အမြတ်ထားရာ ကျမ်းစာလည်း ဖြစ်ပြီး ယင်းကျမ်းစာထဲ တွင် ပေါင်ကျင့်ဟောက်၏ ဟောကြား ချက်များ၊ သွန်သင်မှု၊ ပညတ်မှုများအား လုံးကို ထည့်သွင်းရေးသားထားသည်။ စာပေနှစ်ရပ်ကို တီထွင်ခဲ့ခြင်းနှင့် နတ် ကိုးကွယ်မှုများအား ဆန့်ကျင်လျက် ငြိမ်းအေးသော သာသနာတစ်ရပ်အား ဦးဆောင်လမ်းပြခဲ့ခြင်းတို့ကို အသိ အမှတ်ပြုသောအနေဖြင့် အိန္ဒိယဘုရင် ခံချုပ် ဆာချမ်စ်ဖော့ဒ် (Sir Chemsford) က စလွယ်တစ်ခု ဂုဏ်ပြုချီးမြှင့် ခဲ့သည်။

ထို့အပြင် ပေါင်ကျင့်ဟောက် သည် သန့်ရှင်းသောရေတော်ကို အသုံး ပြုလျက် တွန်းဇံစော်ဘွား နာမကျန်းဖြစ် နေစဉ် ကုသပေးခဲ့သည်။ ယင်းစော်ဘွား ကလည်း ပြန်လည်ကျန်းမာလာသည့် အခါတွင်  ပေါင်ကျင့်ဟောက်အား ရာ သက်ပန် အခွန်တော် ကင်းလွတ်ခွင့်ပေး ခဲ့သည်။

တမန်တော်ပေါင်ကျင့်ဟောက်ရေးသားပြုစုသောကျမ်းစာ

ပေါင်ကျင့်ဟောက်သည် ၁၉၄၈ တွင် ကွယ်လွန်ခဲ့သည်။ လက်ရှိ ရှောင်စောန်းသာသနာ၏ တမန်တော်မှာ ကမ်းဆွင်းမန် ဆိုသူ ဖြစ်ပြီး ၁၉၆၈ တွင် လိုင်လွီးရွာ၌ မွေးဖွားခဲ့သည်။ ယင်း တမန်တော်လက်ထက်တွင် သာသနာဝင် များ ပိုမို များပြားလာခဲ့သည်။ ၂ဝဝ၇ မှာတော့ ရှောင်စောန်းကျေးရွာကို တည် ထောင်ခွင့် ရခဲ့သည်။ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ       ဗိုလ်မှူးချုပ်ဟုန်းငိုင်း နှင့် အဖွဲ့သည် ၂ဝဝ၇၊ သြဂုတ် ၂ဝ ရက် တွင် ယင်းရွာသို့ လာရောက်ကာ ရှောင် စောန်းစံပြ ကျေးရွာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။

န်တော်နှင့် သူ၏ပါရမီဖြည့်ဖက်(ဝဲဘက်)၊ တမန်တော်အားကောင်းကင်ဝတ်ရုံဖြင့် မြင်တွေ့ရပုံ့ (အလယ်)၊ ဘုရင်ခံချုပ်ချီးမြှင့်သည့်စလွယ်အား ဝတ်ဆင်ထားသောတမန်တော် (ယာဘက်)

 

ထို့အပြင် ၎င်းတို့၏ ရှောင် စောန်းဘာသာအား ချင်းပြည်နယ်၊ ဟား ခါးမြို့ ရှိ ပြည်နယ် သာသနာရေးမှူး ရုံးစာအမှတ် – ၄၉၆/ ပသန(ချင်း)/ ၂ဝဝ၇ နိုဝင်ဘာ ၉ ရက် ရက်စွဲဖြင့် တရား ဝင်ဘာသာအဖြစ် ရပ်တည်ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ထို့ကြောင့် ရှောင်စောန်း ဘာသာဝင်တို့သည် ၎င်းတို့၏ကျေးရွာ နှင့် ဘာသာတရားတို့အတွက် အဘက် ဘက်မှ ပံ့ပိုးကူညီခဲ့သည့် တပ်မတော် အား ကျေးဇူးတင်ရှိကြောင်း အမှတ် လက္ခဏာအနေဖြင့် တမန်တော် ကိုယ် တိုင်မှစ၍ သာသနာဝင်များအားလုံးက ဘာသာရေးနေ့ထူးနေ့မြတ်များတွင် စစ် ယူနီဖောင်းနှင့် ဆင်တူသော အိတ်ကပ် ကြီးများပါရှိသည့် စစ်စိမ်းရောင်၊ ခဲ ရောင်နှင့် အဝါရောင်ရှပ်အင်္ကျီများကို ဝတ်ဆင်ကြသည်။

ရှောင်စောန်းကျေးရွာ အတွင်းတွင် ကွမ်းယာ၊ ကွမ်းပေါင်း၊ ဆေးလိပ်၊အရက်၊ မူးယစ်ဆေးဝါးများ သောက်စားခြင်း မပြုရန် တားမြစ်ထားသည်။ ချင်း မဟုတ်သော အခြားတိုင်းရင်းသားများ နှင့် ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ပါက ချင်းရိုးရာ ဓလေ့ကို လေ့လာနိုင်ရန် ချင်းတိုင်းရင်းသားများ ၏ ဝတ်စားဆင်ယင်မှုနှင့် ချင်းရှေးရိုးရာအိမ်တစ်လုံးကိုလည်း ကျေးရွာအတွင်း တွင် ပြသထားရှိသည်။

စီးတော်မြင်းပေါ်မှ ဗျာဒိတ်ပေးနေသည့် တမန်တော်ပုံ

၂ဝ၁၆၊ ဒီဇင်ဘာလအတွင်းက  တီးတိန်မြို့သို့ ရောက်ရှိနေသော မော် ကွန်းမဂ္ဂဇင်း၏ သတင်းထောက်သည် ရှောင်စောန်းရွာသို့ လမ်းပြတစ်ဦးနှင့် အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ပေါင်ကျင့်ဟောက်ရှောင်စောန်း သာ သနာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် သာသနာ့ အမှုတော်ထမ်း ဦးတွင်ဘွိုင်နှင့် တွေ့ဆုံကာ မှတ်တမ်းတင်ဖြစ်ခဲ့သည်။ ယင်းမှတ်တမ်းအား ဖော်ပြလိုက်ရ ပါသည်။

လက်ရှိတမန်တော် ကမ်းဆွင်းမန်

လက်ရှိတမန်တော်၏ပါရမီဖြည့်ဘက်

တမန်တော်ပေါင်ကျင့်ဟောက်

 

တမန်တော်ပေါင်ကျင့်ဟောက် ၏ပါရမီဖြည့်ဘက်

မင်္ဂလာပွဲကျင်းပနေသည့်ရှောင်စောန်းသာသနာပိုင် ဝတ်ကျောင်းတော်

ရှောင်စောန်းစံပြကျေးရွာပုံစံငယ်

 

 

အမျိုးအစား - ဓာတ်ပုံရသ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."