ဓာတ်ပုံ- ဇော်မိုးထက်(ဖားကန့်)
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Photo Essay ဖြစ်ပါသည်။
PHOTO ESSAY
ကချင်ပြည်နယ်က ဖားကန့်ဒေသဟာ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာဒေသပါ။ ဒီဒေသကို တစ်ခေါက်မှမရောက်ဖူးပေမယ့် ဒေသထွက် ကျောက်စိမ်းတွေနဲ့ ကြီးပွားနေတဲ့ ဘီလျံနာသူဌေးကြီးတွေ ရှိသလို ဒီဒေသမှာ နေ့ရောညပါ ပင်ပန်းခက်ခဲစွာ လုပ်ကိုင်စားသောက် နေရတဲ့ တစ်နေ့လုပ်တစ်နေ့စား ရေမဆေးကျောက်ရှာ သမားတွေလည်း ဒုနဲ့ဒေးပါ။ မကြာခဏဆိုသလို မြေစာပုံပြိုလို့ ရေမဆေး ကျောက်သမားတွေ အသက်သေဆုံးမှုကလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေကြပါပြီ။ ရေမဆေးသမားတွေရဲ့ ခက်ခဲတဲ့ဘဝနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုတွေကို ဓာတ်ပုံကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)အုပ်စု၊ မမုံကျေးရွာအနီးမှာရှိတဲ့ ရတနာဆင်သီရိ ကုမ္ပဏီအုပ်စု ကျောက်စိမ်းတူးဖော်နေမှု မြင်ကွင်း
မော်ဝမ်းကြီး မှောရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုရဲ့ တစ်နေရာမှာ လက်ကျင်းတူးနေသော ကချင်ပြည်နယ် မိုးညင်းမြို့နယ် နန်းမားကျေးရွာ သံလမ်းရိုးမှ ရှမ်းလူမျိုး မောင်နှမ
မိဘတွေက ရေမဆေးလည်းရှာ၊ အမှိုက်ပုံမှာ ဘူးခွံ၊ ပုလင်းခွံလည်းကောက် မိုးလင်းတာနဲ့ ဒီအမှိုက်ပုံမှာ ဘူးခွံ ပုလင်းခွံကောက်ဖို့ ရောက်နေတတ်တဲ့ ကလေးလေး
Office :
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com