အခြား

တော်ဘုရားကလေး(အောင်ဇေ)သို့မဟုတ် ပြည်သူ့ဘက်သားမင်းသားကြီး (၂)

February 18, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ဒိုင်ယာရီ ဖြစ်ပါသည် ကျော်သက်ဟန် ရေးသည်။ ၁၀ (က) အကျဉ်းသားများ ကျွန်တော်တို့ ၁ တိုက်သို့ ရောက်သွားချိန်တွင် စစ်ခုံရုံးမှ ပြစ်ဒဏ်စီရင်ချက်ချထားသော အကျဉ်းသားနှစ်ဦးရှိနေသည်။ တစ်ဦးမှာ မကသ ဥက္ကဋ္ဌ ကိုမင်းဇေယျဖြစ်ပြီး နောက်တစ်ဦးမှာ အင်န်အယ်လ်ဒီ (အင်းစိန်)မှ လက္ခဏာပညာရှင် ဆရာစံဇာဏီဘို ဖြစ်သည်။ ၁ တိုက်သို့ ရောက်လာသော အခြားအကျဉ်းသား များကိုမူကား ပုဒ်မ ၁၀(က) ဖြင့် ထိန်းသိမ်းချုပ်နှောင်ထားသည်။  ပုဒ်မ ၁၀ (က) ဆိုသည်မှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး မည့်သူများ၏ အန္တရာယ်မှ ကာကွယ်တားဆီးသည့် ဥပဒေပုဒ်မ ၁၀ (က) ဖြစ်သည်။ ထိုအခါက လူတစ်ဦးကို ၎င်းဥပဒေပုဒ်မဖြင့် သုံးနှစ်အထိ ချုပ်ထားနိုင်သည်။ […]

အပြည့်အစုံဖတ်ရန်

တသွင်သွင်

February 11, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ကဗျာဖြစ်ပါသည် မင်းထက်မောင်ရေးသည် တသွင်သွင် စီးလာရဲ့ ကျောက်ကြိုကျောက်ကြားထဲက စ တသွင်သွင် စီးလာရဲ့ ရိုးမကို ကျော် တောအုပ်တွေ ဖြတ် တသွင်သွင် စီးလာရဲ့ ကျေးလက်နဲ့ မြို့ပြယဉ်ကျေးမှုတံတားတွေအောက် တသွင်သွင် စီးလာရဲ့ ခေတ်စနစ်တွေ တစ်ခုပြီး တစ်ခု မရပ်မနားတမ်း တသွင်သွင် စီးလာရဲ့ ပင်လယ်ထဲက ရေစီးကြောင်းကြီးတွေရဲ့ ကြား တသွင်သွင် စီးလာရဲ့ ဝင်ရိုးစွန်းအဖျား ရုတ်တရက် ရပ်တန့်သွား တသွင်သွင် စီးလာရဲ့ သူ့နာမည်ဟာ သွေးခဲမသွားပါဘူး လှုပ်ရှားပူနွေး တသွင်သွင် စီးလာရဲ့ သူ့ဝိညာဉ် ပျံသန်း အလွမ်းတောင်တန်းတွေပေါ်မှာ။ (၅.၉.၂၀ဝ၄) #Poem

အပြည့်အစုံဖတ်ရန်

လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က မြသီလာ

February 10, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ စာအုပ်အညွှန်းဖြစ်ပါသည် သင့်နော်ရေးသည် (၁) ဟုတ်ကဲ့။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က မြသီလာပါခင်ဗျ။ သို့ပေမဲ့ မျက်မြင်ဒိဋ္ဌဓမ္မအနေနဲ့ လက်ဆုပ်လက်ကိုင်ပြပြီး ပြောရမှာကတော့ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်က စာအုပ်အကြောင်းဆိုတော့ လွန်ခဲ့သော ကိုးနှစ်ခန့်ကပေါ့ဗျာ။ ပထမအကြိမ် ပုံနှိပ်တုန်းကတော့ ၁၉၇၀ ဒီဇင်ဘာမို့ အဲဒီကစပြီး ရေတွက်တဲ့အခါ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်။ ဒုတိယအကြိမ် ပုံနှိပ်တော့ ၂၀၁၀ ဒီဇင်ဘာ ဖြစ်ခဲ့တယ်လေ။ လွန်ခဲ့သော ကိုးနှစ်ခန့်က။   (၂) ၂၀၂၀ ပြည့်နှစ်မှာ အနှစ်တစ်ရာတိတိ သက်တမ်းကို ဆိုက်ရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်က ထုတ်ဝေခဲ့တဲ့စာတစ်အုပ်နဲ့ နှုတ်ခွန်းဆက်စကား ဆိုချင်စရာကောင်းလှတဲ့ ခံစားမှုနဲ့ နေရစ်တော့ မြသီလာကို […]

အပြည့်အစုံဖတ်ရန်

ပိုက်ဆံ

February 7, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သရော်စာဖြစ်ပါသည် စိုပြေရေးသည် ဗိုလ်ချုပ်ပုံနဲ့တော့ ပိုက်ဆံထွက်လာပြီ။ သင်ဆိုရင်ရော။ ဘယ်သူ့ပုံနဲ့ ငွေစက္ကူ ထုတ်ချင်သလဲ။ ဒါက တကယ်ကို အငြင်းပွားဖွယ် ကိစ္စတစ်ခုပဲ။ လူတော်တော်များများကတော့ ကိုယ်ချစ်ခင်တဲ့ လူရဲ့ပုံကို ငွေစက္ကူအဖြစ် မြင်တွေ့ချင်ကြမှာပေါ့။ ဒါမှလည်း နေ့စဉ်ဘဝမှာ အမြဲမြင်ရမှာလေ။ စိုပြေကတော့ ရှင်းပါတယ်။ စိုပြေ ချစ်ခင်သူရဲ့ ပုံကိုပဲ ငွေစက္ကူအဖြစ် မြင်တွေ့ချင်တာပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်က လွှတ်တော်မှာ မဲခွဲတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေ ထုတ်ဖို့ကိစ္စ။ မဲက နိုင်ပါတယ်။ ဗိုလ်ချုပ်ပုံတွေနဲ့ ပိုက်ဆံတွေ ထုတ်မယ်။ ဒါပေမဲ့ ကန့်ကွက်သူတွေကလည်း မနည်းဘူး။ စစ်တပ်ကလူတွေ၊ ကြံ့ခိုင်ရေးက လူတွေကတော့ ကန့်ကွက်ကြသတဲ့။ အကြောင်းပြချက်ကတော့ အများကြီးပေါ့လေ။ ငွေစက္ကူအသစ်ထပ်ရိုက်ရင် ငွေတွေကုန်မယ်။ ဘာညာပေါ့လေ။ […]

အပြည့်အစုံဖတ်ရန်

ရိတ်သိမ်းချိန်လွန် မဂ္ဂဇင်းများ

February 5, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အမေ့ခံဖြစ်ပါသည် မောင်ဉယျာဉ်ရေးသည် မြန်မာစာပေလောကမှာ မဂ္ဂဇင်းတွေရဲ့ ကျေးဇူးက ကြီးမားလှတယ်။ ဒါပေမဲ့ မြန်မာမဂ္ဂဇင်း လောကရဲ့ ဒီနေ့အခြေအနေက ရပ်တည် ရုန်းကန်နိုင်ဖို့ မနည်းကြိုးစားနေကြရတယ်။ ကာလရှည်ကြာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တဲ့ သက်တော်ရှည် မဂ္ဂဇင်းကြီးတွေလည်း နွေဦးရက်တွေမှာ ကြွေကျတဲ့ရော်ရွက်ဝါတွေလိုပဲ။ တဖြောဖြော မြေခသက်ဆင်းနေတယ်။ မြန်မာမဂ္ဂဇင်းတွေရဲ့ သက်တမ်းသည်ပင် နှစ် ၁၀ဝ ကျော်ခဲ့ပါပြီ။ မနေ့တစ်နေ့ကပဲ ဆရာကြီးရွှေဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင်ဝတ္ထုတိုကို မြန်မာဝတ္ထုတို နှစ် ၁၀ဝ ပြည့်ပွဲ လုပ်ခဲ့တယ် မဟုတ်လား။ အဲဒီဝတ္ထုတိုက ၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယ မဂ္ဂဇင်း အမှတ် ၁ မှာ ဖော်ပြခဲ့တာပါ။ ဒါလောက်ဆိုရင် မြန်မာ မဂ္ဂဇင်းတွေရဲ့ သက်တမ်းကို […]

အပြည့်အစုံဖတ်ရန်

အဖေနှင့် သား

December 13, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ စာအုပ်အညွှန်းဖြစ်ပါသည် မြား၏အလင်္ကာ သင့်နော် (၁) မိဘမေတ္တာဖွဲ့၊ စာကဗျာ လင်္ကာအစုစု၊ ဆောင်းပါး ဝတ္ထုအဖြာဖြာ၊ အနုပညာထုံမွှမ်းမှု မြောက်မြားစွာ။ အထူးသဖြင့် မြန်မာ့လူဘောင်အစုအဖွဲ့၏ အနန္တောအန္တ ငါးဖြာထဲမှ ကျေးဇူးကြီးလှ မိနှင့်ဘ။ မိဘဝတ်၊ သားသမီးဝတ် မချွတ်မှန်စွာ ကျင့်စရာများဖြင့် ပြပြဋ္ဌာန်းဋ္ဌာန်း ရှိထားပြီးသား။ အစဉ်အလာကြီးမားသည့် တမူထူးခြားသော မြန်မာမိဘနှင့် မြန်မာသားသမီးတို့၏ အပြန်အလှန်ဆက်သွယ်မှုပုံစံ။ မိဘအရိပ်အာဝါသအောက်တွင် ရာသက်ပန်ခိုလှုံခွင့်ရှိထားသော သားသမီးမြေးမြစ်များ။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ။   (၂) ငါးရာ့ငါးဆယ်ဇာတ်ပင်လယ်နှင့် ဆယ်ဘွဲ့သော ဇာတ်ကြီး များ၌လည်း မိဘနှင့် သားသမီးတို့၏ မေတ္တာဇာတ်လမ်းများကို သင့်လျော်ရာနေရာများ၌ ကြားနာခွင့်၊ ဖတ်ရှုမှတ်သားခွင့် ကြုံခဲ့ ကြပြီးသား။ လက်ဆင့်ကမ်းပြီးသား။ ဝေးလွန်းသေးလွန်းမှသာ […]

အပြည့်အစုံဖတ်ရန်

မဆုံဖြစ်ခဲ့ကြသူများ

December 12, 2019

မောင်ဥယျာဉ်ရေးသည်။ မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အမေ့ခံဖြစ်ပါသည်။ အခုလို မိုးတွေတဖွဲဖွဲကျတဲ့ သိဟ်ရာသီရောက်တိုင်း မှောင်မည်းအေးစက်တဲ့အတိတ်တွေကို သတိမရချင်ဘဲ သတိရနေမိတယ်။ လူတိုင်းမှာ အတိတ်တွေ ကိုယ်စီ ရှိကြတယ်။ တချို့အတိတ်တွေက ရွှေထီးဆောင်းခဲ့တဲ့ အတိတ်တွေဖြစ်ပြီး အတိတ်အချို့ကတော့ ဘယ်တော့မှ ပြန်မသွားချင်တော့တဲ့ အတိတ်ခါးခါးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးမှာ အတိတ်ခါးခါးတွေ ကိုယ်စီရှိခဲ့ကြဖူးတယ်။ အတိတ်ခါးခါးတွေကြောင့်ပဲ ရှင်လျက်နဲ့ ဝေးကွာခဲ့ရသလို တချို့လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးရှည်ကြီးဆီ ထွက်ခွာသွားကြပြီ။ မှောင်မည်းစိုထိုင်းတဲ့ ဝန်းကျင်က အလွမ်းဓာတ်ခံရှိသူကို လွမ်းအောင်ဖန်နေတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က အဖြစ်တွေဟာ ဒီနေ့ထိ စွဲစွဲထင်ထင် ရှိနေတုန်းပဲ။ ကျွန်တော်တို့အားလုံး ခွဲတမ်း၊ ဦးရာလူ၊ ပါမစ် စတဲ့ စနစ်ဆိုးကြီးကို ခါးစည်းခံခဲ့ရတဲ့အပြင် ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ […]

အပြည့်အစုံဖတ်ရန်

ကျောက်ခေတ်က ဗုံသံ

December 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ Remembrance ဖြစ်ပါသည် သန်းနိုင်ဦး ရေးသည်။ မြန်မာနိုင်ငံက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကမ္ဘာကသိအောင် အားထုတ်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ဘူမိဗေဒပါမောက္ခဆရာဦးဘမော် ပါဝင်တယ်။ ဆရာဦးဘမော် ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံတောင်ဒေသက လူမေးရိုးခွံကြောင့် ကမ္ဘာက မြန်မာကို အာရုံစိုက်ခဲ့ရတယ်။ ဆရာ့တွေ့ရှိချက်တွေကို Science ၊ National Geographic စတဲ့ နိုင်ငံတကာက ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြတယ်။ ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ မှာ သတ်မှတ်ခဲ့တယ်။ နိုင်ငံတကာ အတ္ထုပ္ပတ္တိပြုစုရေးစင်တာက ၂၀ ရာစုအတွင်း ထင်ရှားတဲ့ သိပ္ပံပညာရှင် ၂၀ဝ၀ စာရင်းမှာ ထည့်သွင်းခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အခြေ စိုက် […]

အပြည့်အစုံဖတ်ရန်

ပလတ်စတစ်နှင်းဆီ

December 2, 2019

မော်ကွန်းမဂ္ဂဇင်းအမှတ် ၆၉ မှ ကဗျာဖြစ်ပါသည်။ မင်းထက်မောင် ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ ကလေးကစားစရာ အရုပ်တစ်ရုပ်ပါ။   ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ အသံထွက်နေတဲ့ ကြော်ငြာပိုစတာတစ်ချပ်ပါ။   ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ ကုန်ဈေးနှုန်းတွေ သိုလှောင်ထားတဲ့ ကွန်ပျူတာတစ်လုံးပါ။ ကျွန်မနဲ့ ဒီ စူပါမားကက်ကြီး ဒီ စူပါမားကက်ကြီးနဲ့ ကျွန်မ ဘယ်လိုလုပ် ခွဲလို့ ရနိုင်ပါ့မလဲရှင်။   ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ အလုပ်လုပ်တယ် မဟုတ်ဘူး မဟုတ်ဘူး ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ နေတာ။   ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မ တစ်နေ့လုံး နေတယ် မတ်တတ်ရပ်ပြီး နေတယ် လမ်းလျှောက်ပြီး နေတယ်။   ဒီ […]

အပြည့်အစုံဖတ်ရန်

တော်ဘုရားကလေး(အောင်ဇေ) သို့မဟုတ် ပြည်သူ့ဘက်သားမင်းသားကြီး

November 27, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ ဒိုင်ယာရီ ဖြစ်ပါသည်။ ကျော်သက်ဟန် ရေးသည်။ တော်ဘုရားကလေး(အောင်ဇေ)မှာ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းတရားနှင့် မိဖုရားကြီး စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် အငယ်ဆုံးဖြစ်သော စတုတ္ထသမီးတော် ထိပ်စုမြတ်ဘုရားကလေးနှင့် ကြင်ရာတော် ကိုကိုနိုင်တို့မှ မွေးဖွားသည့် စတုတ္ထသားတော်ဖြစ်သည်။ သူသည် မင်းတုန်းမင်းတရားကြီး၏ တတိယမျိုးဆက် မင်းသားတစ်ပါးဖြစ်သော်လည်း လွတ်လပ်ရေမရမီ နယ်ချဲ့တော်လှန်ရေးခေတ်ကပင် တိုးတက်သော လူငယ်နိုင်ငံရေးသမားတစ်ဦးဖြစ်လာပြီး အာရှလူငယ်များ အစည်းအရုံးဗဟိုတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်ရန် မြေအောက်သဘောတရားသင်တန်း တက်ရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များတွင် ပါဝင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ) ဗဟိုကော်မတီဝင် ဖြစ်သည်။ မြေအောက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးပါတီ ဥက္ကဋ္ဌအဖြစ်တစ်ကြိမ်နှင့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု၏ နာယကအဖြစ် တစ်ကြိမ်၊ နှစ်ကြိမ် […]

အပြည့်အစုံဖတ်ရန်

ချစ်စရာလားဟေ့ ဝင်ခဲ့လေကွယ်

November 6, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ စာအုပ်အညွှန်းဖြစ်ပါသည်။ သင့်နော် (၁) စာရေးသူအမည်။  ။ ချစ်စရာ စာအုပ်အမည်။  ။ လောကဓံလားဟေ့ ဝင်ခဲ့လေကွယ်နှင့် အတွေးပဒေသာစာစုများ အဲဒီစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၁၉ ဇူလိုင်မှာ ပုံနှိပ်တယ်။ ကာဗာမှာ အမတော်စာပေလို့ ဖော်ပြထားတယ်။ အုပ်ရေမသိရ။ မျက်နှာဖုံး ကာတွန်းဝင်းအောင်။ ၈ဓ _ ၅.၅ဓ။ ၂၆၀ မျက်နှာ။ တန်ဖိုး ၃,၅၀ဝ ကျပ်။ အမှာစာ သုံးပုဒ်။ စာစု အပုဒ် ၃၀။ (၂) ချစ်စရာကို စာရေးဆရာလို့ သိတာထက် လူရွှင်တော်လို့ သိသူကပိုများတယ်။ စာပေနယ်မှာထက် ဇာတ်သဘင်နယ်က သူ့ကိုပိုသိတယ်။ အခြား အခြားသော အရပ်ဒေသတွေထက် မန္တလေးက သူ့ကိုပိုသိတယ်။ သူ့အဓိကအလုပ်က လူရွှင်တော်။ […]

အပြည့်အစုံဖတ်ရန်

ကြည်ညိုခံချင်လို့

November 6, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ သရော်စာဖြစ်ပါသည်။ ဗြိတိသျှကိုကိုမောင် ရေးသည်။ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေ ခေတ်ထစဉ်ကပေါ့။ ရွာအော့ကြောလန်အေးစံဟာ ဘယ်ကဘယ်လို အကပ်ရတယ်မသိ။ ရိုင်ဖယ်တစ်လက်ရပြီး နေ့ချင်းညချင်း ပြည်သူ့စစ်ဖြစ်လာတယ်။ “ကျေးရွာကာကွယ်ရေး” လက်မောင်းပတ်ကြီးနဲ့ ရိုင်ဖယ်ကြီးထမ်းပြီး ညညဆို အေးစံတို့အဖွဲ့ကင်းလှည့်တယ်။ ကင်းလှည့်ပြီဆိုတာနဲ့ ကိုယ့်အိမ်က ကြက်တွေ၊ ဘဲတွေ လုံအောင်သာ သိမ်းကြဆည်းကြပေတော့။ တတ်နိုင်ရင် ခြင်ထောင်ထဲသာထည့်သိပ်။ အေးစံတို့လား။ မခိုးပါဘူး။ ခိုးစရာလား။ ရိုင်ဖယ်ကြီးတစ်လက်လုံးရှိနေမှပဲ။ ဟေ့၊ ကင်းသမားတွေ ညလယ်စာစားဖို့ အလှူခံတာကွာဆိုဆွဲသွား၊ ဘာပြောရမတုံး။ အေးစံလား။ သူမသိ၊ သူမတတ်၊ သူမပါတာ ရွာမှာမရှိဘူး။ ရိုင်ဖယ်တန်ခိုးနဲ့ အမျိုးဂုဏ်တွေ တိုးနေချက်လေ။ ရွာဦးကျောင်းက ဘုန်းကြီးတွေတောင် သူ့သေနတ်ဒင်စာ မိဖူးတယ်။ ရွာလမ်းမပေါ် မေတ္တာသုတ်ရွတ်လို့တဲ့။ အေးစံ အနစ်နာခံစောင့်ရှောက်တဲ့ရွာမှာ ဘေးကင်းအောင် […]

အပြည့်အစုံဖတ်ရန်
1 2 3 4 18

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."