မြေမြှုပ်မိုင်းတွေကြားက ကျိုးပျက်သွားသော ဘဝများ

( ဤ ဆောင်းပါးသည် ထုတ်ဝေပြီးခဲ့သော မော်ကွန်း အမှတ်စဉ် ခြောက် ဇူလိုင်လ ၂၀၁၃ တွင် ဖော်ပြခဲ့သော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ )

သက်ဦးမွန်၊ နှင်းကိုနှင့် ဉာဏ်လင်း ရေးသည်။

(ကောင်းမြတ်မိုး ပံ့ပိုးသည်။)

မုန်း-ရွှေကျင်-ကျောက်ကြီး-ဘားအံ (ဇူလိုင်၊ ၂၀၁၃)

မေလဆန်း၏ နံနက်ခင်းနေရောင်က ပူပြင်းလှသည်။ မည်မျှပင်ပူလှသော်လည်း ထိုအပူကို အန်တုရင်း ကိုပြည့်ဖြိုးအောင်သည် သူ၏အဖော် နှစ်ယောက်နှင့်အတူ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မုန်းမြစ်ကမ်းဘေးမှာ ငါးမျှားလို့ကောင်းမည့်နေရာ တစ်ခုကို ရှာဖွေနေသည်။ မုန်းမြစ်ကမ်းတစ်လျှောက် တွင် ဝါးရုံတောများက ထူထူထဲထဲ ပေါက်ရောက်နေ ကြသည်။

နေရာကောင်းလိုက်ရှာရင်းဖြင့် တစ်နေရာအရောက်မှာ ပုလင်းတစ်လုံးကို ရိုက်ခွဲလိုက်သည့် အသံလိုလို အသံအကျယ် ကြီးတစ်ခုကို ကြားလိုက်ရသည်။ ဒါမိုင်းကွဲသည့်အသံပဲဆိုတာ ကိုပြည့်ဖြိုးအောင် သိလိုက်သည်။ သွေးပူနေချိန်ဆိုတော့ ဘယ် သူ့ကိုထိလို့ ထိသွားမှန်းမသိ။ သွေးအေးသွားချိန် ကျတော့မှသူ၏ ညာဘက်ခြေထောက်မှာ နာကျင်သလိုလို ခံစားရသဖြင့် ငုံ့ကြည့် လိုက်သည့် အခါမှာတော့ ခြေသလုံးပြတ်ထွက်သွားပြီး အသားစတွေဆိုတာလည်း ဖွာလန်ကျဲလျက်ရှိသည်ကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရသည်။

ဆေးရုံသို့ အချိန်မီ ရောက်သွားသဖြင့် သွေးလွန်ပြီးအသက် ဆုံးရမည့်အဖြစ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် သူ၏ ခြေ ထောက်ကို ဒူးခေါင်းကနေ အဖြတ်ခံလိုက်ရသည်။

“ဖြတ်လိုက်ရပြီလို့ သိလိုက်ရတဲ့အချိန်မှာ ငါ ခြေထောက် တစ်ဖက် ဆုံးရှုံးသွားပြီ၊ အရင်လိုသွားလို့၊ လာလို့ မရတော့ဘူး ဆိုပြီး ဝမ်းနည်းသွားတယ်။ စိတ်ထဲသွားပြီ”ဟု ခံစားလိုက်ရ ကြောင်း ကိုပြည့်ဖြိုးအောင်က ပြန်ပြောပြသည်။

သူနေထိုင်ရာ မုန်းမြို့နယ်၊ စည်ပင်သာရွာ၌ သူနှင့် သက်တူ ရွယ်တူများ၊ တစ်ချိန်က လည်ပင်းဖက်ပြီး ပေါင်းသင်းခဲ့သည့် သူငယ်ချင်းများကို မြင်တွေ့ရတိုင်း ကိုယ့်အဖြစ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်ဟု ကိုပြည့်ဖြိုးအောင်က ဆိုသည်။

ခြေတုမရသေးခင်ကာလမှာ ချိုင်းထောက်နှစ်ခုကို အမှီပြုရင်းသွားလာနေရသော အသက် ၂၂ နှစ်အရွယ် ကိုပြည့်ဖြိုး အောင်သည် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ စဉ်းစားမရအောင် ဖြစ်နေသည်။ ညဘက်၊ ညဘက် အိပ်ရာဝင်တိုင်း “ရှေ့ ဆက် ဘယ်လိုလုပ်ရမလဲဆိုပြီး အများကြီးတွေးမိတယ်”ဟု အဝေးသင် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုပြည့်ဖြိုးအောင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကရင်ပြည်နယ်နှင့်လည်း သိပ်မဝေးလှသော မုန်းမြို့နယ်၌ ကိုပြည့်ဖြိုးအောင်တို့လို မြေမြှုပ်မိုင်းထိသွားသူ အရေအတွက် မှာ ၂၆၅ ဦးရှိသည်ဟု တစ်မြို့နယ်လုံး၏ လက်လှမ်းမီ သလောက် စာရင်းပြုစုထားချက်များအရ မုန်းမြို့ရှိ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းက ဆိုပါသည်။ ၎င်း

တို့၏စာရင်းထဲတွင် မပါဝင်သေးသူများလည်း ရှိနေသေးရာ မြေမြှုပ်မိုင်းထိသူအရေ အတွက်မှာ ယခုကိန်းဂဏန်း ထက် ပိုများရန်သာ ရှိသည်ဟု ဆိုပါသည်။

တိုင်းပြည်လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နှင့် ရင်ဆိုင်ခဲ့ရသော မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ပြည်တွင်း စစ်၏ ဆိုးမွေများထဲက တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများက ဒေသ ခံမြောက်မြားစွာ၏ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းကို ခြိမ်း ခြောက်လျက်ရှိနေသည်။ မြေမြှုပ်မိုင်းထိသဖြင့် ခြေထောက်ပြတ် သွားသူတွေက ပြတ်သွားကြသည်။ ဒဏ်ရာပြင်းသဖြင့် အသက် သေသွားသည်အထိ ဖြစ်သူတွေက ဖြစ်သွားကြသည်။

ယခုအခါ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးစကားဝိုင်းများ ကျင်းပနေကြပါသည်။ ထိုဆွေးနွေးပွဲများမှ အမှန်တကယ် ငြိမ်းချမ်းရေးရရှိမည်ဆိုပါက မြေမြှုပ်မိုင်းအသုံးပြုမှု လုံး၀ ရပ် တန့်ရေးဘက်ကို ဦးတည်သွားနိုင်သလို တိုက်ပွဲကာလအတွင်း ထောင်ထားခဲ့ကြသည့် မြေမြှုပ်မိုင်းများကိုလည်း ရှင်းလင်းနိုင်ကြ လိမ့်မည်ဟု လေ့လာစောင့်ကြည့်သူများက မျှော်လင့်နေကြပါသည်။

စင်စစ်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ပေါ်တွင် မူတည်နေသည် ဟု မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုအဖွဲ့ (International Campaign to Ban Landmines-ICBL) မှ သုတေသနမှူး ယက်စ်ဟူဟွာမိုဆာ ပူအန်စူဝမ် (Yeshua Moser-Puangsuwan) က ဆိုပါသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အဆင့်အမျိုးမျိုးမှာရှိနေ ကြတယ်။ အများစုကတော့ ဆွေးနွေးစပဲရှိပါသေးတယ်”ဟု ICBL သုတေသနမှူးက မော်ကွန်းနှင့် အင်တာဗျူးတွင် ပြော ပါသည်။

Photo- Thet Oo Mon

ကြီးမားလှသည့် မိုင်းအန္တရာယ်

မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ရေးစာချုပ်ကို လက်မှတ် ထိုးမထားသေးသော မြန်မာနိုင်ငံတွင် အစိုးရတပ်ကရော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကပါ မြေမြှုပ်မိုင်းများကို မကြာ သေးခင်ကာလကအထိ အသုံးပြုခဲ့ကြသည်ဟု လေ့လာစောင့် ကြည့်သူများက ထောက်ပြဝေဖန်ကြပါသည်။

ICBL၏ အဆိုအရ ပြည်နယ်နှင့် တိုင်း ရှစ်ခုအတွင်းရှိ မြို့နယ်ပေါင်း ၄၈ မြို့နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်များ ရှိနေ သည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နေထိုင်ကြသူများသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ICBL ၏ ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အထူးသဖြင့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ သည် မြေမြှုပ်မိုင်းအများဆုံး တည်ရှိသည့် ဒေသများအဖြစ် သံသယရှိနေပြီး ထိုဒေသများသည် မိုင်းဒဏ်ကို ခံရသည့်လူဦးရေ အများဆုံးရှိသောဒေသများလည်း ဖြစ်ကြကြောင်း အထက်ပါ အစီရင်ခံစာက ဆိုပါသည်။

စင်စစ်တွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအန္တရာယ်သာမက ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့သော မော်တာများ၊ လက် ပစ်ဗုံးများ၊ အမြောက်ကျည်များ အပါအဝင် စစ်အတွင်းကျန်ရှိခဲ့ သော ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၏ ခြိမ်းခြောက်မှုကို လည်း ခံနေရသည်။

ICBL၏ အဆိုအရ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းသည် ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန်နှင့် ကိုလံဘီယာနိုင်ငံများပြီးလျှင် တတိယအဆင့်တွင် ရှိနေသည်ဟု ဆိုပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကောက်ယူရရှိခဲ့သော စာရင်းအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် သေဆုံးသူ ၃,၂၄၁ ဦးရှိသည်ဟု ဆိုပါ သည်။

၂၀၁၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်အတွင်း ကြင်း ကျန်ရစ်သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိ ခိုက်မှု ၃၈၁ ခုဖြစ်ပွားခဲ့သည်ဟု ICBL က ဆိုပါသည်။ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစာရင်းများမှာ လက်လှမ်းမီသလောက် သာ ကောက်ယူထားသော စာရင်းများသာဖြစ်သည်ဟု ဆိုပါ သည်။ အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များကမူ ၎င်းင်းတို့၏ ထိခိုက်ဒဏ်ရာရမှုစာရင်းများကို ထုတ်ပြန်ကြေညာ လေ့မရှိဟု ဆိုပါသည်။

“တပ်မတော်ဘက်ကလည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရတဲ့၊ သေဆုံးတဲ့ စစ်သားအရေအတွက်ကို မထုတ်ပြန် ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မထုတ်ပြန်ဘူး။ သူတို့စစ်ဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ အရပ်သားတွေ ထိခိုက် ဒဏ်ရာရတာကိုလည်း မထုတ်ပြန်ကြဘူး”ဟု ICBL သုတေ သနမှူးက ပြောပြပါသည်။

မငြိမ်းချမ်းသောဒေသများမှ ဒေသခံများအနက် မြေမြှုပ် မိုင်းအန္တရာယ်ကို အများဆုံး ရင်ဆိုင်နေကြရသူများမှာ ပဋိပက္ခ များကြောင့် ကိုယ့်ရပ်ကိုယ့်ရွာတွင် မနေနိုင်ဘဲ ရွှေ့ပြောင်းနေရ သူများဖြစ်သည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း (Karen Human Right Group-KHRG) ၏ ၂၀၁၂ ခုနှစ်ထုတ် Uncertain Ground အမည်ရှိအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မြေမြှုပ်မိုင်းအန္တရာယ်နှင့် အနီးဆုံးရှိနေသူများထဲတွင် တောထဲ၊ တောင်ထဲသို့ သွား၍ သစ်ခုတ်၊ ဝါးခုတ်သည့်အလုပ်၊ ဟင်းသီးဟင်းရွက်သွားခူးသည့်အလုပ်ကို လုပ်ကိုင်သူများလည်း ပါဝင်ကြပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မုန်း၊ ကျောက်ကြီး၊ ရွှေကျင် မြို့နယ်များတွင် မော်ကွန်းက အင်တာဗျူးခဲ့သော မိုင်းထိသွားသူ များအဆိုအရ သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးအတွက် ရှာဖွေစား သောက်ရသည်မှာ ယခင် အခြေအနေ ခြေလက်အင်္ဂါ အကောင်း ပကတိရှိခဲ့သည့် အချိန်တုန်းကထက် များစွာ ခက်ခဲဆိုးရွားသော အခြေအနေများကို ဖြတ်သန်းကြရသည် ဟုဆိုပါသည်။

ခြေလက် အကောင်းပကတိရှိသူများနှင့် ယှဉ်တိုင်း သူတို့ တစ်တွေမှာ အခွင့်အရေးများဆုံးရှုံးကြရသည်ဟုလည်းဆိုပါ သည်။ ကလေးအရွယ်တွင် ဖြစ်ပွားပါက သက်ရောက်မှုတို့မှာ ပို၍ပင်ဆိုးရွားလှသည်။

မုန်းမြို့နယ်၊ တုန်းတောရွာက အသက် ၂၉ နှစ်အရွယ် ကိုဇော်ဇော်ဦးဆိုလျှင် သူ့အသက် ၁၄ နှစ်သားအရွယ်မှာ သူတို့ ရွာအပြင် ဘက်မှာရှိသည့် ကျွဲခေါင်းအင်းဘက်ကို ဟင်းရွက်သွား အခူး၊ လမ်းမှာ မြေမြှုပ်မိုင်းထိသွားခဲ့သည်။

မှတ်မှတ်ရရ မောင်ဇော်ဇော်ဦးတို့ သူငယ်ချင်းတွေ မြို့နယ် အဆင့်ကနေ ခရိုင်ကို တက်၊ ခရိုင်အဆင့်မှာ အောင်ပွဲဆင်နိုင်ခဲ့ ခြင်းကြောင့် တိုင်းအထိတက်ပြီး ဘောလုံးသွားကန်ကြဖို့ ရက် အနည်းငယ်အလိုတွင် ယခုလို မိုင်းထိသွားခဲ့ခြင်းဖြစ်သည်။ ဘောလုံးအကန်ကောင်းသည့် သူ၏ ညာခြေတစ်ဘက်ကို မြေမြှုပ်မိုင်းက ဖျက်ဆီးလိုက်သဖြင့် အကြိတ်အနယ်ကန်ရမည့် ပွဲကြီးပွဲကောင်းများကို မောင်ဇော်ဇော်ဦး လက်လွှတ်လိုက်ရ သည်။ ဘောလုံးဝါသနာအိုး မောင်ဇော်ဇော်ဦးအတွက်တော့ ကြီး မားသော ဆုံးရှုံးမှုဖြစ်ခဲ့သည်။

သူ့သူငယ်ချင်းများ သွားကန်ရာမှာတော့ ဒိုင်းဆုရလာ ခဲ့ကြပြီး အပြန်တွင် မောင်ဇော်ဇော်ဦးထံသို့ ထိုဒိုင်းဆုကို ယူ လာပေးကြသည်။ “ကျွန်တော်က မယူဘူး။ ကျောင်းမှာပဲထား လိုက်ဖို့ ပြောလိုက်တယ်”ဟု ကိုဇော်ဇော်ဦးက သူခြေစွမ်းပြခွင့် မရခဲ့သည့် ဘောလုံးပွဲများအကြောင်းကို ပြန်ပြောင်းပြော ပြသည်။

တကယ်တမ်းတွင် သူ့သူငယ်ချင်းများ ယူလာပေးသည့် ဒိုင်းဆုရှိရာ စာသင်ကျောင်းဆီသို့ မောင်ဇော်ဇော်ဦး ခြေဦး မလှည့်ဖြစ်တော့ပါ။ အရှက်ကြီးလှသည့် မောင်ဇော်ဇော်ဦးသည် အခြားကလေးများက သူ့ကို စကြနောက်ကြသဖြင့် ငါးတန်းမှစ၍ ကျောင်းဆက်မတက်တော့ဘဲ အိမ်မှာပင် မွေးမြူရေးလုပ်ငန်း တွေလုပ်ရင်းဖြင့် သူ၏ တန်ဖိုးရှိသော ကျောင်းသားဘဝကို စွန့် လွှတ်ခဲ့ရသည်။

Photo- Thet Oo Mon

အန္တရာယ်ကို အန်တုလို့

ကိုယ့်အနီးအနားဝန်းကျင်မှာ တဂျိမ်းဂျိမ်း၊ တအုံးအုံး ပေါက်ကွဲသံတွေကြားနေရသော်လည်း တစ်နေ့ဝမ်းစာတစ်နေ့ ရှာဖွေစားသောက်နေရသူများမှာ အန္တရာယ်ကို အစဉ်အမြဲ ဂရုမပြုနိုင်။ သူတို့တစ်တွေ အလုပ်လုပ်ရာ တောထဲ၊ တောင်ထဲတွေ မှာ နေ့စဉ်နှင့်အမျှ မိုင်းအန္တရာယ်ကို ရင်ဆိုင်ရင်း ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။

အချို့ဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ က ၎င်းင်းတို့မိုင်းထောင်ထားသည့် နေရာများနှင့်ပတ်သက်ပြီး ဒေသခံများကို အသိပေးသဖြင့် ရှောင်ကွင်းနိုင်ကြသည်များရှိ သော်လည်း အချို့ဒေသများတွင်တော့ အသိပေးအကြောင်း ကြားမှုမရှိဟု ဆိုပါသည်။ သို့သော် ဝမ်းရေးနှင့် ယှဉ်လာတော့ လည်း ထိခါမှထိတော့၊ စွန့်စားပြီး သွားလာလှုပ်ရှား ကြရသည်။

ပဲခူးတိုင်းဒေသကြီး၊ အရှေ့ဘက်ခြမ်းရှိ ရွှေကျင်မြို့နယ် ဘက်မှာဆိုလျှင် နှစ်စဉ်တညင်းသီးရာသီရောက်တိုင်း တညင်း သီးခူးရင်း မိုင်းထိသူအရေအတွက်မှာ မနည်းမနောရှိသည်ဟု ဆိုပါသည်။ တညင်းသီးခူးရင်း မိုင်းထိသူများလှသောကြောင့် ရွှေကျင်ဘက်က အချို့နေရာတွေမှာ တညင်းသီးကို စိတ်နာနာနှင့် မိုင်းသီး (သို့မဟုတ်) ပေါင်တိုသီးဟုပင် နာမည်ပေးခေါ်ဝေါ်တတ် ကြသည်။

အခုလို ဇွန်၊ ဇူလိုင် တညင်းသီးဖြိုင်ဖြိုင်ပေါ်သော ကာလ မျိုးမှာ တညင်းသီးသွားခူးရသည့်အလုပ်က ဝင်ငွေကောင်းသည်။ သို့သော် အန္တရာယ်ကလည်း အတော်များသည်။ အခြေအနေပေါ် မူတည်ပြီး တောထဲတွင် သုံး၊လေးရက်လောက် လှည့်လည်သွား လာရသည့်အခါ သွားလာရသည်။ ထို့အတွက်ကြောင့်လည်း မိုင်း ထိနိုင်သည့် အန္တရာယ်က ပိုများရခြင်းဖြစ်သည်။ အစိုးရ တပ်မတော်နှင့် ကရင်အမျိုးသားအစည်အရုံး(Karen National Union-KNU) တို့အကြား အချင်းချင်း ထောင်ချောက်ဆင်ခဲ့ သည့် မြေမြှုပ်မိုင်းများက ဦးတင်မြင့်တို့လို ဒေသခံတွေအတွက် မဟာအန္တရာယ်ကြီး ဖြစ်နေသည်။

အထူးပင်ဂရုစိုက်သော်လည်း မိုင်းထိသူများက ထိနေကြ သည်။ ခြေထောက်တွေ ဆုံးရှုံးရသည်။ အချို့ဆို လက်မောင်း တွေ၊ လက်ချောင်းတွေပါ ဆုံးရှုံးရသည်။ အသက် ၅၄ နှစ်အရွယ် ဦးတင်မြင့်သည်လည်း တညင်းသီးခူးရင်း မိုင်းနင်းမိသဖြင့် ဘယ် ခြေတစ်ဖက် ဆုံးရံှုးခဲ့ရသည်။

တောထဲတောင်ထဲအလေ့ကျပေါက်သည့် တညင်းတော (သူတို့အခေါ် တောတညင်းခြံ)များရှိ တညင်းသီးများကို သွား ရောက်ခူးဆွတ်ရင်း ကြုံတွေ့ရသည့် အဖြစ်အပျက်က အကျိုး အမြတ်နှင့် မကာမိဟု သူက ယခုလိုပြောပါသည်။

“(ဆေးကုတာ) နှစ်သိန်းလောက်ကုန်သွားတယ်။ တညင်းခူးဖို့ သွားရင်းနဲ့ ဖြစ်တာဆိုတော့ တန်တောင် မတန်ဘူးပေါ့။ အခု နောက်ပိုင်းတော့ တောထဲဆိုရင်ပဲ လန့်နေပြီ။ တညင်းခူးကတော့ အဲဒီကတည်းက မသွားတော့ဘူး”ဟု ဦးတင်မြင့်က ဆိုသည်။

လက်ရှိရွှေကျင်သည့် လုပ်ငန်းကို လုပ်ကိုင်စားသောက် နေရသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကို ဦးတင်မြင့် စိုးရိမ် နေရသေးသည်။ တောထဲတောင်ထဲကို မဖြစ်မနေသွားရမည်ဆို ပါက မိုင်းထောင်လေ့ရှိသည့် လမ်းရိုးအတိုင်းမသွားဘဲ တော တွေ၊ လျှိုတွေအတိုင်း ဖြတ်သွားသည်ဟုဆိုသည်။

“အခုရွှေကျင်တယ်ဆိုတော့လည်း မြေမြှုပ်မိုင်းက မြင်ရ တာမဟုတ်တော့ နောက်တစ်ခါ ထပ်ဖြစ်မှာကို စိုးရိမ်တာပေါ့”ဟု ဦးတင်မြင့် ကဆိုသည်။

မော်ကွန်းက အင်တာဗျူးခဲ့သည့် မြေမြှုပ်မိုင်းထိသူများထဲ တွင် စိတ်ဝင်စားစရာကောင်းသည့်အချက်တစ်ခုမှာ အချို့သော သူများက သူ့တို့အပေါ် မကြာခင်ကျရောက်လာတော့မည့် ဘေး အန္တရာယ်၏ အတိတ်နိမိတ်များကို ကြိုတင် သိရှိခဲ့ကြသည်ဟု ဆိုသည်။ သူတို့သွားရာလမ်းမှာ တစ်ဦးတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုက သူတို့ကို ဟန့်တားဖို့ ကြိုးစားခဲ့သည်ကို ကြုံခဲ့ကြရ သည်ဟုဆိုသည်။

သို့သော်လည်း ဝမ်းရေးအတွက်ရယ်၊ မိသားစုအတွက်ရယ် ကြောင့် ကံကြမ္မာဆိုးနှင့် ဆုံခါမှ ဆုံတော့ တောတိုးစရာရှိလျှင် တိုးကြရသည်။ တောင်တက်စရာရှိလျှင် တက်ကြရသည်။

ရွှေကျင်ဒေသခံ ဦးဇော်ထွန်းဆိုလျှင် ၂၀၀၀ ခုနှစ်အတွင်း မိုင်းထိသည့်နေ့က ဇနီးဖြစ်သူက သူ့ကို အဲဒီနေ့အတွက်တော့ ရွှေသွားမကျင်ဖို့ ဟန့်တားခဲ့သည်ဟုဆိုသည်။ ရွှေသွားကျင်သည့် ယခင်ရက်တွေတုန်းကဆိုလျင် အမြွှာပူးကလေးနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ အေးအေးလူလူကျန်နေတတ်ကြသည်။ မိုင်းထိမည့်နေ့ကျမှ ကလေးနှစ်ယောက်က ဖခင်ဖြစ်သူဆီ အတင်း လိုက်ပြီး သူ့ဆီမှာပဲ အတင်းကပ်နေကြသဖြင့် ဤဖြစ်စဉ်ကို ကြည့်ပြီး အမျိုးသမီးဖြစ်သူက အတိတ်နိမိတ်မကောင်းဟု ယူဆ ကာ ဦးဇော်ထွန်းကို ထိုနေ့အတွက်တော့ အလုပ်မသွားရန်နှင့် နောက်ရက်ကျမှ သွားရန်မှာခဲ့သည်ဟုဆိုသည်။

သို့သော်လည်း ကလေးနှစ်ယောက်အတွက် နို့မှုန့်ဘူး ဝယ်ရတော့မည်ဖြစ်ရာ နို့မှုန့်ဘူးဖိုးရရေးအတွက် ဦးဇော်ထွန်း အိမ်က နေ အတင်းထွက်သွားသည်။ အသွားတုန်းက ဘာမှမဖြစ်သော် လည်း အပြန်တွင် မိုင်းထိလေတော့သည်။ ကံဆိုးချင်တော့ သူ မိုင်းထိသည့်နှစ်ထဲမှာပဲ ဇနီးဖြစ်သူနှင့် ကလေးတစ်ဦးတို့ ရှေ့ ဆင့် နောက်ဆင့် ဆုံးသွားကြသည်။

“ဘာမှမရှိတော့ သမီးလေးလည်း ကျောင်းမတက်နိုင်ဘူး ပေါ့။ စိတ်ဓာတ်ကျစရာပေါ့။ ဘာကျောင်းမှ မနေရသေးဘူး”ဟု ခြေတုတစ်ဖက်ဖြင့် ရွှေကျင်သည့်အလုပ်ကို လုပ်ရင်း ဆယ်နှစ် ကျော် သမီးငယ်ကို လုပ်ကျွေးနေသည့် အသက် ၄၈ နှစ်အရွယ် ဦးဇော်ထွန်းက ပြောပြပါသည်။

မုန်းမြို့နယ်နှင့် ကပ်လျက်ရှိသည့် ကျောက်ကြီးမြို့၊ အောင် သုခရပ်ကွက်မှ ကိုဝင်းလွင်ဆိုလျှင်လည်း မိုင်းထိသည့်နေ့က ထူးဆန်းမှုတွေကို ကြုံခဲ့ရသည်ဟုဆိုသည်။

တောင်ပေါ်သို့ ဆိတ်ဖူးခူးဖို့အသွား လမ်းမှာ သစ်ပင်ကြီး တစ်ပင် လဲနေပြီး သူ၏ အသွားလမ်းကို ဟန့်တားသလို ကိုဝင်း လွင်ခံစားလိုက်ရသည်။ ရှေ့ဆက်သွားသည့်အခါ မီးလောင်ပြင် ဘက်ကနေ ပြေးလာသည့် ကြက်မတစ်ကောင်က သူနှင့်လိုက် လာသော အမဲလိုက်ခွေး၏ မျက်နှာကို လိုက်ခွပ်သည်ဟုဆိုသည်။ ကိုဝင်းလွင်က ကြက်မကို လိုက်ရိုက်သည့်အခါမှာတော့ ကြက်မ ပြန်လှည့်သွားပြီး ခပ်လှမ်းလှမ်းကနေ အတောင်ရိုက်ကာ တွန် ပြသည်ဟုဆိုသည်။ ကြက်မဆိုသည်က တွန်သည့်အမျိုးမဟုတ်။ ထူးတော့ထူးသည်။ ဘယ်လို ထူးမှန်းတော့ မသိ။

မိုင်းပေါက်မည့် ပျဉ်းကတိုးငုတ်တိုကြီးနားအရောက်တွင် သူ့ခွေးက မိုင်းပေါက်မည့်နေရာတည့်တည့်တွင် အိပ်နေပြန်သည်။ သူက ခွေးကို မောင်းထုတ်လိုက်သည်။ မရ။ သူ့ခွေးက သူ့ကို မျက်ဖြူလှန်ပြီး ပြန်ကြည့်သည်။ ခရီးက ပန်း၊ စိတ်ကလည်း နွမ်းနေ သည်နှင့် ခွေးကို ကန်ထုတ်ပြီး ပါလာသည့် ပလိုင်းကို ခွေး အိပ် သွားသည့်နေရာမှာ ချထားလိုက်သည်။ ထိုင်ရာမှ အထ၊ ပလိုင်း ကို ပြန်မြှောက်ယူသည့်အချိန်တွင်တော့ မိုင်းထပေါက်ပြီး ကိုဝင်း လွင် ဘယ်ခြေထောက် ပြတ်သွားသည်။

ကံဆိုးခြင်းတို့သည် ကိုဝင်းလွင်နောက်သို့ စီတန်းပြီးလိုက် လာကြသည်။ ဆေးရုံကအဆင်း တစ်လလောက်အကြာမှာ ဇနီး ဖြစ်သူက ကိုဝင်းလွင်ကို ထားသွားခဲ့သည်။

ယခုလိုဖြစ်ပွားခဲ့မှုများနှင့်ပတ်သက်ပြီး ကိုဝင်းလွင် အပြစ်ဖို့သည်က KNU ကိုပဲဖြစ်သည်။ သူနင်းမိသော မိုင်းမှာ KNU ထောင်သော မိုင်းဖြစ်သည်ဟု ကိုဝင်းလွင်က ယူဆသည်။

“သူတို့ တစ်ဦးနဲ့ တစ်ဦး မကျေနပ်ရင် ပေါ်တင်ချလေ။မိုင်းထောင်ရင် စစ်တပ်ကို မထိဘူး။ အရပ်သားပဲ ထိတာလေ”ဟု ကိုဝင်းလွင်က ကောက်ချက်ဆွဲသည်။ “ဒါ သိလျက်နဲ့လုပ်တာ၊ မကျေနပ်ဘူးစိတ်နာတယ်”။

ဒေသခံများ တက်နင်းမိသည့် မိုင်းများမှာ တစ်ခါတစ်ရံ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မိုင်း မဟုတ်တတ်ဘဲ အရပ်သားများ ကိုယ့်ရွာ၊ ကိုယ့်ခြံကို ကာကွယ် ရန် ထောင်ထားသည့် မိုင်းများဖြစ်နေတတ်သည်ဟု KHRG ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

မြန်မာပြည်အရှေ့ဘက်ခြမ်းဒေသတချို့တွင် သာမန် အရပ်သားများနှင့် ကျေးရွာစောင့်များက ၎င်းင်းတို့ရွာကို တပ်မတော် ဝင်ရောက်မလာနိုင်ရေးအတွက် လက်လုပ်မိုင်းများကို အသုံးပြု လေ့ရှိသည်ဟု KHRG က ဆိုပါသည်။

မည်သူတွေ ထောင်သော မိုင်းဖြစ်စေကာမူ ဒေသခံများ၏ ခြေလှမ်းတိုင်းသည် အခြိမ်းခြောက်ခံနေကြရသည်။

Photo- Hnin Ko

မြေမြှုပ်မိုင်း ရှင်းလင်းရေး အလှမ်းမဝေးတော့

အန္တရာယ်ကြီးလှသော မြေမြှုပ်မိုင်းများကို အမြန်ဆုံးရှင်း လင်းပေးရေးအတွက် လွှတ်တော်အမတ်များကလည်း လွှတ်တော်တွင်းမှာ တင်ပြလာကြသည်။

အစိုးရအနေဖြင့်လည်း မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင် တားဆီးခြင်းသဘောတူစာချုပ်ကို သဘောတူလိုက်နာရန် စဉ်း စားလျက်ရှိသည်ဟ ICBL က ပြောဆိုပါသည်။

လောလောဆယ်တွင်လည်း မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အစိုးရ အနေနှင့် တောင်းဆိုထားသည်ဟု နေပြည်တော်တွင် ဇွန် ၂၉ ရက်နေ့ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာသမားများ တွေ့ ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မော်ကွန်းကို ပြောပြပါသည်။

အစိုးရနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထား သည့် Norwegian People’s Aid (NPA) ကမူ ၎င်းင်းတို့အနေနှင့် လောလောဆယ်အနေအထားတွင် မိုင်းရှင်းလင်းမှုလုပ်ငန်းများကို မစတင်နိုင်သေးဟုဆိုပါသည်။ အကြောင်းမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ဆွေးနွေးနေဆဲ အနေအထား ဖြစ်သော ကြောင့် ဟု ဆိုပါသည်။

“သိပ်မကြာတော့တဲ့ ကာလမှာတော့ မြေမြှုပ်မိုင်း ပဏာမစစ်တမ်းကောက်ယူဖို့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ က လမ်းဖွင့်ပေးကြမှာပါ”ဟု NPA မှ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး အန်ဒရီယာစ်အင်ဒရီဂတ်(Andreas Indregard) က မော်ကွန်းသို့ ပြောပါသည်။

လောလောဆယ် ကြုံတွေ့နေရသည့် အဓိကအဟန့်အတား မှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ယုံကြည်မှုပျောက်ဆုံးနေခြင်းပင်ဖြစ်သည်ဟု အင်ဒရီဂတ်က ဆိုပါသည်။

မြေမြှုပ်မိုင်းတူးဖော်ရေးလုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင် လည်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟုNPAက တွက်ဆထားသည်။

“ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရမယ့် ပထမဦးဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုက အစိုးရရယ်၊ စစ်တပ်ရယ်၊ လက်နက် ကိုင်အဖွဲ့တွေကြားမှာ ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စပဲ”ဟု အင်ဒရီဂတ်က ဆိုသည်။

နောက်ထပ်ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများထဲတွင် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံ အဆောက်အအုံများ ကောင်းကောင်းမွန်မွန်မရှိသောကြောင့် မိုင်းရှင်းလင်းရေး ဝန် ထမ်းများနှင့် ပစ္စည်းကိရိယာများကို မိုင်းဧရိယာအတွင်းသို့ ပို့ ဆောင်ရေးကိစ္စမှာ တော်တော်ခက်ခဲနိုင်သည်ဟု အင်ဒရီဂတ်က ခန့်မှန်းပြောဆိုပါသည်။

မြေမြှုပ်မိုင်းများကို အပြီးတိုင်ရှင်းလင်းနိုင်ရန် အချိန် မည်မျှကြာမည်ကိုမူ ခန့်မှန်းလို့မရနိုင်ကြောင်းလည်း NPA အရာရှိက ဆိုပါသည်။ မြေမြှုပ်မိုင်းရှိသည်ဟု သံသယရှိရသော ဧရိယာများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်ဖို့ အတွက်ပင် နှစ်နှစ်လောက်ကြာနိုင်သည်ဟု သူက ဆိုပါသည်။

သို့ဖြစ်ရာ မိုင်းများအပြီးတိုင်ရှင်းလင်းနိုင်ရေးအတွက် အနည်းဆုံး ဆယ်နှစ်မျှ ကြာနိုင်သလို ထို့ထက်ပိုပြီးတော့လည်း အချိန်ကြာကောင်းကြာနိုင်သည်ဟု သူက ဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနတွင် အလုပ်လုပ်နေသည့် ကိုတင်ထွန်း လင်းကတော့ ခြေတု၊ လက်တုတွေလုပ်ရင်းနှင့် သူ့ရင်ထဲတွင် ဆုတောင်းနေမိသည်မှာ နောက်ထပ် ခြေတွေ၊ လက်တွေ မပြတ် ကြပါစေနှင့်ဟူ၍ဖြစ်သည်။ သို့သော် သူ့ဆုတောင်းကား ဘယ် အချိန်မှ ပြည့်နိုင်မည်မသိပါ။

လောလောဆယ် သူဆုတောင်းမပြည့်သေးသည့်ကာလ မှာတော့ ရောက်လာသူမှန်သမျှကို တတ်စွမ်းသလောက် ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားသည်။

“အလုပ်လုပ်နေရင်းလည်း ဒါမျိုး(ခြေပြတ်၊ လက်ပြတ်)တွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းတာပေါ့။ ဖြစ်လာလို့ ရောက်လာခဲ့ရင်လည်း စိတ်ချမ်းသာအောင်၊ အဆင်ပြေအောင် တတ်နိုင်သလောက်လုပ်ပေးတယ်”ဟု ၎င်းင်းက ဆိုသည်။

ဘားအံခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန မှ မန်နေဂျာဒေါ်ခင်ခင်စိုး၏ အဆိုအရ ၎င်းတို့ဌာန စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ မေလကုန်အထိ ဆယ်နှစ်တာကာလ အတွင်း ခြေတုလက်တုပေါင်း ၇,၁၇၀ ခုကို ပြုလုပ် ပေးနိုင်ခဲ့သည် ဟုဆိုပါသည်။

မြန်မာနိုင်ငံရှိ စက်ရုံပေါင်း ၇ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန အနေနှင့် ယနေ့အချိန်အထိ လူနာပေါင်း ၅,၃၀၀ ကျော်ကို ခြေတုလက်တုများ ပံ့ပိုးပေးခဲ့သည်ဟုဆိုပါသည်။

၎င်းင်းတို့ဌာနအနေဖြင့် ခြေတု၊ လက်တု လာရောက်တပ်ဆင် သူများကို ပစ္စည်းဖိုးမယူသည့်အပြင် လမ်းစရိတ်နှင့် စားရေး သောက်ရေး၊ နေရာထိုင်ခင်းများအတွက်ပါ တာဝန်ယူပေးသည် ဟုဆိုပါသည်။ အဆိုပါဌာနသို့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ ဖြစ်သည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ပဲခူးအရှေ့ခြမ်းတို့မှ ခြေတု၊ လက်တု တပ်လိုသူများ လာရောက်ကြသည်ဟုဆိုသည်။

မြေမြှုပ်မိုင်းများကို အပြီးတိုင် ရှင်းလင်းမှုများ မပြု လုပ်နိုင်သေးသမျှ ကိုတင်ထွန်းလင်း၏ ဆုတောင်းတို့ မပြည့်နိုင် သေးသလို မုန်းမြို့နယ်၊ တုန်းတောရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်မကြီးသည်လည်း သမီးဖြစ်သူ ဘေးကင်းရန်ကွာ အိမ်ပြန် ရောက်မည့်အချိန်ကို နေ့ရှိသမျှ စောင့်မျှော်နေရဦးမည် ဖြစ်သည်။

ဒေါ်မကြီးသည် သူ့သမီးကို သူ့လိုဖြစ်မှာ တအားစိုးရိမ် သည်။ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပါ။ မြေမြှုပ်မိုင်း အန္တရာယ်ကို သူကိုယ်တိုင် နာကြည်းစွာ ခံစားခဲ့ရသည်။

သူနေထိုင်သော တုန်းတောရွာနှင့် တစ်မိုင်လောက်ဝေး သည့် သူငယ်အင်းဘက်သို့ လွန်ခဲ့သည့် လေးနှစ်လောက်က ရွာမှ အပေါင်းအဖော်တွေနှင့် ဟင်းရွက်သွားခူးရာမှာ မြေမြှုပ်မိုင်း ထိပြီး ဒေါ်မကြီး ခြေနှစ်ဖက်ဆုံးရှုံးသွားခဲ့ရသည်။ မိုင်းနင်းမိ စဉ်တုန်းက ခြေတစ်ဖက်သာ ပြတ်သွားခဲ့ခြင်းဖြစ်ပြီး နောက်တစ် ဖက်ကတော့ ခြေဖဝါးကွဲရုံသာ ထိသွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဘုရားသွားဖူးနေသော ခွဲစိတ်ဆရာဝန်ကို ငါးရက်လောက်စောင့်လိုက်ရသဖြင့် ခြေဖဝါးကွဲရုံသာ ကွဲသွား သည့် ခြေထောက်မှာ ပုပ်သွားသဖြင့် ထိုခြေထောက်ကိုပါ ဖြတ် လိုက်ရသည်။

“ငါ့ကို သတ်ပစ်တော့လို့၊ ဒါမှမဟုတ် သွေးလွန်ပါစေ ထားလိုက်တော့လို့ပြောလိုက်တယ်၊ နှစ်ချောင်းကြီးပြတ်မှတော့ ကိုယ်လည်း ဘာမှလုပ်လို့ မရတော့ဘူး၊ ကိုယ့်ကလေးတွေလည်း ဒုက္ခရောက်တယ်”ဟု ထိုစဉ်က သေချင်စိတ်ပေါက်အောင် စိတ်ဓာတ်တွေ ကျဆင်းခဲ့ရပုံကို ဒေါ်မကြီးကပြောပြသည်။

ဘားအံသို့ ခြေတုသွားယူရာမှာတော့ သူနှင့်ဘဝတူများ၏ အခြေအနေများကို မြင်တွေ့ခဲ့ရသဖြင့် စိတ်သက်သာရာရခဲ့သည် ဟု ဒေါ်မကြီးက ပြောပါသည်။ ဘားအံကအပြန် ခြေတုတစ်စုံ အပြင် ဘီးတပ်ကုလားထိုင်တစ်လုံးပါ ရလာခဲ့သည်။

တစ်နေ့လုပ်မှ တစ်နေ့စားရသော ဒေါ်မကြီးတို့ မိသားစုမှာ ကြုံရာ ကျပန်း လုပ်ကျွေးနေသော အိမ်ထောင်ဦးစီး၏ ဝင်ငွေ တစ်ခုတည်းအပေါ်တွင် မှီခိုလို့မရပါ။ သူကိုယ်တိုင်ကလည်း အရင်တုန်းကလို အလုပ်လုပ်နိုင်သည့် အနေအထားမျိုး မဟုတ်တော့ရာ ကလေးသုံးယောက်အနက် အသက်ဆယ်နှစ်ကျော် သမီးကြီးကိုပဲ တောထဲဟင်းရွက်ခူးခိုင်းနေရသည်။

သမီးဖြစ်သူကို တောထဲ ဟင်းရွက်ခူးခိုင်းနေရသော်လည်း ဘာအသံကြားရမလဲကိုသာ အချိန်နှင့်အမျှ ဒေါ်မကြီး ရင် တထိတ်ထိတ်နှင့် နားစွင့်နေရသည်။ သမီးဖြစ်သူ အိမ်ပြန် မရောက်မချင်း စောင့်မျှော်နေရသော ဒေါ်မကြီး ရင်ထဲမှာ သောကတွေက အချိန်ပြည့်လောင်မြိုက်နေတတ်သည်။

ကိုယ်ကိုယ်တိုင်ကြုံတွေ့ခံစားရမှုနှင့် ယှဉ်သော စိုးရိမ်ပူပန် မှုတို့ဖြင့် သမီးဖြစ်သူကို စောင့်ရပုံနှင့်ပတ်သက်ပြီး ဒေါ်မကြီးက ယခုလို ပြောပြသည်။

“တစ်ခါတလေ အသံတစ်ခုခု ကြားရင် ရင်ထဲမှာ ဒိန်းခနဲပဲ။ ငါ့သမီးလေး ဘာများဖြစ်နေလဲဆိုပြီးတော့ ကိုယ့်မှာ စိတ်တွေ ပူနေရတယ်”

Photo- Thet Oo Mon

[:en]( ဤ ဆောင်းပါးသည် ထုတ်ဝေပြီးခဲ့သော မော်ကွန်း အမှတ်စဉ် ခြောက် ဇူလိုင်လ ၂၀၁၃ တွင် ဖော်ပြခဲ့သော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ )

သက်ဦးမွန်၊ နှင်းကိုနှင့် ဉာဏ်လင်း ရေးသည်။

(ကောင်းမြတ်မိုး ပံ့ပိုးသည်။)

မုန်း-ရွှေကျင်-ကျောက်ကြီး-ဘားအံ (ဇူလိုင်၊ ၂၀၁၃)

မေလဆန်း၏ နံနက်ခင်းနေရောင်က ပူပြင်းလှသည်။ မည်မျှပင်ပူလှသော်လည်း ထိုအပူကို အန်တုရင်း ကိုပြည့်ဖြိုးအောင်သည် သူ၏အဖော် နှစ်ယောက်နှင့်အတူ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မုန်းမြစ်ကမ်းဘေးမှာ ငါးမျှားလို့ကောင်းမည့်နေရာ တစ်ခုကို ရှာဖွေနေသည်။ မုန်းမြစ်ကမ်းတစ်လျှောက် တွင် ဝါးရုံတောများက ထူထူထဲထဲ ပေါက်ရောက်နေ ကြသည်။

နေရာကောင်းလိုက်ရှာရင်းဖြင့် တစ်နေရာအရောက်မှာ ပုလင်းတစ်လုံးကို ရိုက်ခွဲလိုက်သည့် အသံလိုလို အသံအကျယ် ကြီးတစ်ခုကို ကြားလိုက်ရသည်။ ဒါမိုင်းကွဲသည့်အသံပဲဆိုတာ ကိုပြည့်ဖြိုးအောင် သိလိုက်သည်။ သွေးပူနေချိန်ဆိုတော့ ဘယ်သူ့ကိုထိလို့ ထိသွားမှန်းမသိ။ သွေးအေးသွားချိန် ကျတော့မှသူ၏ ညာဘက်ခြေထောက်မှာ နာကျင်သလိုလို ခံစားရသဖြင့် ငုံ့ကြည့် လိုက်သည့် အခါမှာတော့ ခြေသလုံးပြတ်ထွက်သွားပြီး အသားစတွေဆိုတာလည်း ဖွာလန်ကျဲလျက်ရှိသည်ကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရသည်။

ဆေးရုံသို့ အချိန်မီ ရောက်သွားသဖြင့် သွေးလွန်ပြီးအသက် ဆုံးရမည့်အဖြစ်မှ လွတ်မြောက်ခဲ့သည်။ သို့သော် သူ၏ ခြေ ထောက်ကို ဒူးခေါင်းကနေ အဖြတ်ခံလိုက်ရသည်။

“ဖြတ်လိုက်ရပြီလို့ သိလိုက်ရတဲ့အချိန်မှာ ငါ ခြေထောက် တစ်ဖက် ဆုံးရှုံးသွားပြီ၊ အရင်လိုသွားလို့၊ လာလို့ မရတော့ဘူး ဆိုပြီး ဝမ်းနည်းသွားတယ်။ စိတ်ထဲသွားပြီ”ဟု ခံစားလိုက်ရ ကြောင်း ကိုပြည့်ဖြိုးအောင်က ပြန်ပြောပြသည်။

သူနေထိုင်ရာ မုန်းမြို့နယ်၊ စည်ပင်သာရွာ၌ သူနှင့် သက်တူ ရွယ်တူများ၊ တစ်ချိန်က လည်ပင်းဖက်ပြီး ပေါင်းသင်းခဲ့သည့် သူငယ်ချင်းများကို မြင်တွေ့ရတိုင်း ကိုယ့်အဖြစ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်ဟု ကိုပြည့်ဖြိုးအောင်က ဆိုသည်။

ခြေတုမရသေးခင်ကာလမှာ ချိုင်းထောက်နှစ်ခုကို အမှီပြုရင်းသွားလာနေရသော အသက် ၂၂ နှစ်အရွယ် ကိုပြည့်ဖြိုး အောင်သည် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ စဉ်းစားမရအောင် ဖြစ်နေသည်။ ညဘက်၊ ညဘက် အိပ်ရာဝင်တိုင်း “ရှေ့ ဆက် ဘယ်လိုလုပ်ရမလဲဆိုပြီး အများကြီးတွေးမိတယ်”ဟု အဝေးသင် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုပြည့်ဖြိုးအောင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကရင်ပြည်နယ်နှင့်လည်း သိပ်မဝေးလှသော မုန်းမြို့နယ်၌ ကိုပြည့်ဖြိုးအောင်တို့လို မြေမြှုပ်မိုင်းထိသွားသူ အရေအတွက် မှာ ၂၆၅ ဦးရှိသည်ဟု တစ်မြို့နယ်လုံး၏ လက်လှမ်းမီ သလောက် စာရင်းပြုစုထားချက်များအရ မုန်းမြို့ရှိ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းက ဆိုပါသည်။ ၎င်းတို့၏စာရင်းထဲတွင် မပါဝင်သေးသူများလည်း ရှိနေသေးရာ မြေမြှုပ်မိုင်းထိသူအရေ အတွက်မှာ ယခုကိန်းဂဏန်း ထက် ပိုများရန်သာ ရှိသည်ဟု ဆိုပါသည်။

တိုင်းပြည်လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နှင့် ရင်ဆိုင်ခဲ့ရသော မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ပြည်တွင်း စစ်၏ ဆိုးမွေများထဲက တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများက ဒေသ ခံမြောက်မြားစွာ၏ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းကို ခြိမ်း ခြောက်လျက်ရှိနေသည်။ မြေမြှုပ်မိုင်းထိသဖြင့် ခြေထောက်ပြတ် သွားသူတွေက ပြတ်သွားကြသည်။ ဒဏ်ရာပြင်းသဖြင့် အသက် သေသွားသည်အထိ ဖြစ်သူတွေက ဖြစ်သွားကြသည်။

ယခုအခါ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးစကားဝိုင်းများ ကျင်းပနေကြပါသည်။ ထိုဆွေးနွေးပွဲများမှ အမှန်တကယ် ငြိမ်းချမ်းရေးရရှိမည်ဆိုပါက မြေမြှုပ်မိုင်းအသုံးပြုမှု လုံး၀ ရပ် တန့်ရေးဘက်ကို ဦးတည်သွားနိုင်သလို တိုက်ပွဲကာလအတွင်း ထောင်ထားခဲ့ကြသည့် မြေမြှုပ်မိုင်းများကိုလည်း ရှင်းလင်းနိုင်ကြ လိမ့်မည်ဟု လေ့လာစောင့်ကြည့်သူများက မျှော်လင့်နေကြပါသည်။

စင်စစ်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ပေါ်တွင် မူတည်နေသည် ဟု မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုအဖွဲ့ (International Campaign to Ban Landmines-ICBL) မှ သုတေသနမှူး ယက်စ်ဟူဟွာမိုဆာ ပူအန်စူဝမ် (Yeshua Moser-Puangsuwan) က ဆိုပါသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အဆင့်အမျိုးမျိုးမှာရှိနေ ကြတယ်။ အများစုကတော့ ဆွေးနွေးစပဲရှိပါသေးတယ်”ဟု ICBL သုတေသနမှူးက မော်ကွန်းနှင့် အင်တာဗျူးးတွင် ပြော ပါသည်။

ကြီးမားလှသည့် မိုင်းအန္တရာယ်

မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ရေးစာချုပ်ကို လက်မှတ် ထိုးမထားသေးသော မြန်မာနိုင်ငံတွင် အစိုးရတပ်ကရော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကပါ မြေမြှုပ်မိုင်းများကို မကြာ သေးခင်ကာလကအထိ အသုံးပြုခဲ့ကြသည်ဟု လေ့လာစောင့် ကြည့်သူများက ထောက်ပြဝေဖန်ကြပါသည်။

ICBL၏ အဆိုအရ ပြည်နယ်နှင့် တိုင်း ရှစ်ခုအတွင်းရှိ မြို့နယ်ပေါင်း ၄၈ မြို့နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်များ ရှိနေ သည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နေထိုင်ကြသူများသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ICBL ၏ ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အထူးသဖြင့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ သည် မြေမြှုပ်မိုင်းအများဆုံး တည်ရှိသည့် ဒေသများအဖြစ် သံသယရှိနေပြီး ထိုဒေသများသည် မိုင်းဒဏ်ကို ခံရသည့်လူဦးရေ အများဆုံးရှိသောဒေသများလည်း ဖြစ်ကြကြောင်း အထက်ပါ အစီရင်ခံစာက ဆိုပါသည်။

စင်စစ်တွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအန္တရာယ်သာမက ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့သော မော်တာများ၊ လက် ပစ်ဗုံးများ၊ အမြောက်ကျည်များ အပါအဝင် စစ်အတွင်းကျန်ရှိခဲ့ သော ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၏ ခြိမ်းခြောက်မှုကို လည်း ခံနေရသည်။

ICBL၏ အဆိုအရ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းသည် ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန်နှင့် ကိုလံဘီယာနိုင်ငံများပြီးလျှင် တတိယအဆင့်တွင် ရှိနေသည်ဟု ဆိုပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကောက်ယူရရှိခဲ့သော စာရင်းအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် သေဆုံးသူ ၃,၂၄၁ ဦးရှိသည်ဟု ဆိုပါ သည်။

၂၀၁၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်အတွင်း ကြင်း ကျန်ရစ်သော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိ ခိုက်မှု ၃၈၁ ခုဖြစ်ပွားခဲ့သည်ဟု ICBL က ဆိုပါသည်။ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစာရင်းများမှာ လက်လှမ်းမီသလောက် သာ ကောက်ယူထားသော စာရင်းများသာဖြစ်သည်ဟု ဆိုပါ သည်။ အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များကမူ ၎င်းတို့၏ ထိခိုက်ဒဏ်ရာရမှုစာရင်းများကို ထုတ်ပြန်ကြေညာ လေ့မရှိဟု ဆိုပါသည်။

“တပ်မတော်ဘက်ကလည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရတဲ့၊ သေဆုံးတဲ့ စစ်သားအရေအတွက်ကို မထုတ်ပြန် ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မထုတ်ပြန်ဘူး။ သူတို့စစ်ဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ အရပ်သားတွေ ထိခိုက် ဒဏ်ရာရတာကိုလည်း မထုတ်ပြန်ကြဘူး”ဟု ICBL သုတေ သနမှူးက ပြောပြပါသည်။

မငြိမ်းချမ်းသောဒေသများမှ ဒေသခံများအနက် မြေမြှုပ် မိုင်းအန္တရာယ်ကို အများဆုံး ရင်ဆိုင်နေကြရသူများမှာ ပဋိပက္ခ များကြောင့် ကိုယ့်ရပ်ကိုယ့်ရွာတွင် မနေနိုင်ဘဲ ရွှေ့ပြောင်းနေရ သူများဖြစ်သည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း (Karen Human Right Group-KHRG) ၏ ၂၀၁၂ ခုနှစ်ထုတ် Uncertain Ground အမည်ရှိအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မြေမြှုပ်မိုင်းအန္တရာယ်နှင့် အနီးဆုံးရှိနေသူများထဲတွင် တောထဲ၊ တောင်ထဲသို့ သွား၍ သစ်ခုတ်၊ ဝါးခုတ်သည့်အလုပ်၊ ဟင်းသီးဟင်းရွက်သွားခူးသည့်အလုပ်ကို လုပ်ကိုင်သူများလည်း ပါဝင်ကြပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မုန်း၊ ကျောက်ကြီး၊ ရွှေကျင် မြို့နယ်များတွင် မော်ကွန်းက အင်တာဗျူးးခဲ့သော မိုင်းထိသွားသူ များအဆိုအရ သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးအတွက် ရှာဖွေစား သောက်ရသည်မှာ ယခင် အခြေအနေ ခြေလက်အင်္ဂါ အကောင်း ပကတိရှိခဲ့သည့် အချိန်တုန်းကထက် များစွာ ခက်ခဲဆိုးရွားသော အခြေအနေများကို ဖြတ်သန်းကြရသည် ဟုဆိုပါသည်။

ခြေလက် အကောင်းပကတိရှိသူများနှင့် ယှဉ်တိုင်း သူတို့ တစ်တွေမှာ အခွင့်အရေးများဆုံးရှုံးကြရသည်ဟုလည်းဆိုပါ သည်။ ကလေးအရွယ်တွင် ဖြစ်ပွားပါက သက်ရောက်မှုတို့မှာ ပို၍ပင်ဆိုးရွားလှသည်။

မုန်းမြို့နယ်၊ တုန်းတောရွာက အသက် ၂၉ နှစ်အရွယ် ကိုဇော်ဇော်ဦးဆိုလျှင် သူ့အသက် ၁၄ နှစ်သားအရွယ်မှာ သူတို့ ရွာအပြင် ဘက်မှာရှိသည့် ကျွဲခေါင်းအင်းဘက်ကို ဟင်းရွက်သွား အခူး၊ လမ်းမှာ မြေမြှုပ်မိုင်းထိသွားခဲ့သည်။

မှတ်မှတ်ရရ မောင်ဇော်ဇော်ဦးတို့ သူငယ်ချင်းတွေ မြို့နယ် အဆင့်ကနေ ခရိုင်ကို တက်၊ ခရိုင်အဆင့်မှာ အောင်ပွဲဆင်နိုင်ခဲ့ ခြင်းကြောင့် တိုင်းအထိတက်ပြီး ဘောလုံးသွားကန်ကြဖို့ ရက် အနည်းငယ်အလိုတွင် ယခုလို မိုင်းထိသွားခဲ့ခြင်းဖြစ်သည်။ ဘောလုံးအကန်ကောင်းသည့် သူ၏ ညာခြေတစ်ဘက်ကို မြေမြှုပ်မိုင်းက ဖျက်ဆီးလိုက်သဖြင့် အကြိတ်အနယ်ကန်ရမည့် ပွဲကြီးပွဲကောင်းများကို မောင်ဇော်ဇော်ဦး လက်လွှတ်လိုက်ရ သည်။ ဘောလုံးဝါသနာအိုး မောင်ဇော်ဇော်ဦးအတွက်တော့ ကြီး မားသော ဆုံးရှုံးမှုဖြစ်ခဲ့သည်။

သူ့သူငယ်ချင်းများ သွားကန်ရာမှာတော့ ဒိုင်းဆုရလာ ခဲ့ကြပြီး အပြန်တွင် မောင်ဇော်ဇော်ဦးထံသို့ ထိုဒိုင်းဆုကို ယူ လာပေးကြသည်။ “ကျွန်တော်က မယူဘူး။ ကျောင်းမှာပဲထား လိုက်ဖို့ ပြောလိုက်တယ်”ဟု ကိုဇော်ဇော်ဦးက သူခြေစွမ်းပြခွင့် မရခဲ့သည့် ဘောလုံးပွဲများအကြောင်းကို ပြန်ပြောင်းပြော ပြသည်။

တကယ်တမ်းတွင် သူ့သူငယ်ချင်းများ ယူလာပေးသည့် ဒိုင်းဆုရှိရာ စာသင်ကျောင်းဆီသို့ မောင်ဇော်ဇော်ဦး ခြေဦး မလှည့်ဖြစ်တော့ပါ။ အရှက်ကြီးလှသည့် မောင်ဇော်ဇော်ဦးသည် အခြားကလေးများက သူ့ကို စကြနောက်ကြသဖြင့် ငါးတန်းမှစ၍ ကျောင်းဆက်မတက်တော့ဘဲ အိမ်မှာပင် မွေးမြူရေးလုပ်ငန်း တွေလုပ်ရင်းဖြင့် သူ၏ တန်ဖိုးရှိသော ကျောင်းသားဘဝကို စွန့် လွှတ်ခဲ့ရသည်။

အန္တရာယ်ကို အန်တုလို့

ကိုယ့်အနီးအနားဝန်းကျင်မှာ တဂျိမ်းဂျိမ်း၊ တအုံးအုံး ပေါက်ကွဲသံတွေကြားနေရသော်လည်း တစ်နေ့ဝမ်းစာတစ်နေ့ ရှာဖွေစားသောက်နေရသူများမှာ အန္တရာယ်ကို အစဉ်အမြဲ ဂရုမပြုနိုင်။ သူတို့တစ်တွေ အလုပ်လုပ်ရာ တောထဲ၊ တောင်ထဲတွေ မှာ နေ့စဉ်နှင့်အမျှ မိုင်းအန္တရာယ်ကို ရင်ဆိုင်ရင်း ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။

အချို့ဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ က ၎င်းတို့မိုင်းထောင်ထားသည့် နေရာများနှင့်ပတ်သက်ပြီး ဒေသခံများကို အသိပေးသဖြင့် ရှောင်ကွင်းနိုင်ကြသည်များရှိ သော်လည်း အချို့ဒေသများတွင်တော့ အသိပေးအကြောင်း ကြားမှုမရှိဟု ဆိုပါသည်။ သို့သော် ဝမ်းရေးနှင့် ယှဉ်လာတော့ လည်း ထိခါမှထိတော့၊ စွန့်စားပြီး သွားလာလှုပ်ရှား ကြရသည်။

ပဲခူးတိုင်းဒေသကြီး၊ အရှေ့ဘက်ခြမ်းရှိ ရွှေကျင်မြို့နယ် ဘက်မှာဆိုလျှင် နှစ်စဉ်တညင်းသီးရာသီရောက်တိုင်း တညင်း သီးခူးရင်း မိုင်းထိသူအရေအတွက်မှာ မနည်းမနောရှိသည်ဟု ဆိုပါသည်။ တညင်းသီးခူးရင်း မိုင်းထိသူများလှသောကြောင့် ရွှေကျင်ဘက်က အချို့နေရာတွေမှာ တညင်းသီးကို စိတ်နာနာနှင့် မိုင်းသီး (သို့မဟုတ်) ပေါင်တိုသီးဟုပင် နာမည်ပေးခေါ်ဝေါ်တတ် ကြသည်။

အခုလို ဇွန်၊ ဇူလိုင် တညင်းသီးဖြိုင်ဖြိုင်ပေါ်သော ကာလ မျိုးမှာ တညင်းသီးသွားခူးရသည့်အလုပ်က ဝင်ငွေကောင်းသည်။ သို့သော် အန္တရာယ်ကလည်း အတော်များသည်။ အခြေအနေပေါ် မူတည်ပြီး တောထဲတွင် သုံး၊လေးရက်လောက် လှည့်လည်သွား လာရသည့်အခါ သွားလာရသည်။ ထို့အတွက်ကြောင့်လည်း မိုင်း ထိနိုင်သည့် အန္တရာယ်က ပိုများရခြင်းဖြစ်သည်။ အစိုးရ တပ်မတော်နှင့် ကရင်အမျိုးသားအစည်အရုံး(Karen National Union-KNU) တို့အကြား အချင်းချင်း ထောင်ချောက်ဆင်ခဲ့ သည့် မြေမြှုပ်မိုင်းများက ဦးတင်မြင့်တို့လို ဒေသခံတွေအတွက် မဟာအန္တရာယ်ကြီး ဖြစ်နေသည်။

အထူးပင်ဂရုစိုက်သော်လည်း မိုင်းထိသူများက ထိနေကြ သည်။ ခြေထောက်တွေ ဆုံးရှုံးရသည်။ အချို့ဆို လက်မောင်း တွေ၊ လက်ချောင်းတွေပါ ဆုံးရှုံးရသည်။ အသက် ၅၄ နှစ်အရွယ် ဦးတင်မြင့်သည်လည်း တညင်းသီးခူးရင်း မိုင်းနင်းမိသဖြင့် ဘယ် ခြေတစ်ဖက် ဆုံးရံှုးခဲ့ရသည်။

တောထဲတောင်ထဲအလေ့ကျပေါက်သည့် တညင်းတော (သူတို့အခေါ် တောတညင်းခြံ)များရှိ တညင်းသီးများကို သွား ရောက်ခူးဆွတ်ရင်း ကြုံတွေ့ရသည့် အဖြစ်အပျက်က အကျိုး အမြတ်နှင့် မကာမိဟု သူက ယခုလိုပြောပါသည်။

“(ဆေးကုတာ) နှစ်သိန်းလောက်ကုန်သွားတယ်။ တညင်း ခူးဖို့ သွားရင်းနဲ့ ဖြစ်တာဆိုတော့ တန်တောင် မတန်ဘူးပေါ့။ အခု နောက်ပိုင်းတော့ တောထဲဆိုရင်ပဲ လန့်နေပြီ။ တညင်း ခူးကတော့ အဲဒီကတည်းက မသွားတော့ဘူး”ဟု ဦးတင်မြင့်က ဆိုသည်။

လက်ရှိရွှေကျင်သည့် လုပ်ငန်းကို လုပ်ကိုင်စားသောက် နေရသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကို ဦးတင်မြင့် စိုးရိမ် နေရသေးသည်။ တောထဲတောင်ထဲကို မဖြစ်မနေသွားရမည်ဆို ပါက မိုင်းထောင်လေ့ရှိသည့် လမ်းရိုးအတိုင်းမသွားဘဲ တော တွေ၊ လျှိုတွေအတိုင်း ဖြတ်သွားသည်ဟုဆိုသည်။

“အခုရွှေကျင်တယ်ဆိုတော့လည်း မြေမြှုပ်မိုင်းက မြင်ရ တာမဟုတ်တော့ နောက်တစ်ခါ ထပ်ဖြစ်မှာကို စိုးရိမ်တာပေါ့”ဟု ဦးတင်မြင့် ကဆိုသည်။

မော်ကွန်းက အင်တာဗျူးခဲ့သည့် မြေမြှုပ်မိုင်းထိသူများထဲ တွင် စိတ်ဝင်စားစရာကောင်းသည့်အချက်တစ်ခုမှာ အချို့သော သူများက သူ့တို့အပေါ် မကြာခင်ကျရောက်လာတော့မည့် ဘေး အန္တရာယ်၏ အတိတ်နိမိတ်များကို ကြိုတင် သိရှိခဲ့ကြသည်ဟု ဆိုသည်။ သူတို့သွားရာလမ်းမှာ တစ်ဦးတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုက သူတို့ကို ဟန့်တားဖို့ ကြိုးစားခဲ့သည်ကို ကြုံခဲ့ကြရ သည်ဟုဆိုသည်။

သို့သော်လည်း ဝမ်းရေးအတွက်ရယ်၊ မိသားစုအတွက်ရယ် ကြောင့် ကံကြမ္မာဆိုးနှင့် ဆုံခါမှ ဆုံတော့ တောတိုးစရာရှိလျှင် တိုးကြရသည်။ တောင်တက်စရာရှိလျှင် တက်ကြရသည်။

ရွှေကျင်ဒေသခံ ဦးဇော်ထွန်းဆိုလျှင် ၂၀၀၀ ခုနှစ်အတွင်း မိုင်းထိသည့်နေ့က ဇနီးဖြစ်သူက သူ့ကို အဲဒီနေ့အတွက်တော့ ရွှေသွားမကျင်ဖို့ ဟန့်တားခဲ့သည်ဟုဆိုသည်။ ရွှေသွားကျင်သည့် ယခင်ရက်တွေတုန်းကဆိုလျင် အမြွှာပူးကလေးနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ အေးအေးလူလူကျန်နေတတ်ကြသည်။ မိုင်းထိမည့်နေ့ကျမှ ကလေးနှစ်ယောက်က ဖခင်ဖြစ်သူဆီ အတင်း လိုက်ပြီး သူ့ဆီမှာပဲ အတင်းကပ်နေကြသဖြင့် ဤဖြစ်စဉ်ကို ကြည့်ပြီး အမျိုးသမီးဖြစ်သူက အတိတ်နိမိတ်မကောင်းဟု ယူဆ ကာ ဦးဇော်ထွန်းကို ထိုနေ့အတွက်တော့ အလုပ်မသွားရန်နှင့် နောက်ရက်ကျမှ သွားရန်မှာခဲ့သည်ဟုဆိုသည်။

သို့သော်လည်း ကလေးနှစ်ယောက်အတွက် နို့မှုန့်ဘူး ဝယ်ရတော့မည်ဖြစ်ရာ နို့မှုန့်ဘူးဖိုးရရေးအတွက် ဦးဇော်ထွန်း အိမ်က နေ အတင်းထွက်သွားသည်။ အသွားတုန်းက ဘာမှမဖြစ်သော် လည်း အပြန်တွင် မိုင်းထိလေတော့သည်။ ကံဆိုးချင်တော့ သူ မိုင်းထိသည့်နှစ်ထဲမှာပဲ ဇနီးဖြစ်သူနှင့် ကလေးတစ်ဦးတို့ ရှေ့ ဆင့် နောက်ဆင့် ဆုံးသွားကြသည်။

“ဘာမှမရှိတော့ သမီးလေးလည်း ကျောင်းမတက်နိုင်ဘူး ပေါ့။ စိတ်ဓာတ်ကျစရာပေါ့။ ဘာကျောင်းမှ မနေရသေးဘူး”ဟု ခြေတုတစ်ဖက်ဖြင့် ရွှေကျင်သည့်အလုပ်ကို လုပ်ရင်း ဆယ်နှစ် ကျော် သမီးငယ်ကို လုပ်ကျွေးနေသည့် အသက် ၄၈ နှစ်အရွယ် ဦးဇော်ထွန်းက ပြောပြပါသည်။

မုန်းမြို့နယ်နှင့် ကပ်လျက်ရှိသည့် ကျောက်ကြီးမြို့၊ အောင် သုခရပ်ကွက်မှ ကိုဝင်းလွင်ဆိုလျှင်လည်း မိုင်းထိသည့်နေ့က ထူးဆန်းမှုတွေကို ကြုံခဲ့ရသည်ဟုဆိုသည်။

တောင်ပေါ်သို့ ဆိတ်ဖူးခူးဖို့အသွား လမ်းမှာ သစ်ပင်ကြီး တစ်ပင် လဲနေပြီး သူ၏ အသွားလမ်းကို ဟန့်တားသလို ကိုဝင်း လွင်ခံစားလိုက်ရသည်။ ရှေ့ဆက်သွားသည့်အခါ မီးလောင်ပြင် ဘက်ကနေ ပြေးလာသည့် ကြက်မတစ်ကောင်က သူနှင့်လိုက် လာသော အမဲလိုက်ခွေး၏ မျက်နှာကို လိုက်ခွပ်သည်ဟုဆိုသည်။ ကိုဝင်းလွင်က ကြက်မကို လိုက်ရိုက်သည့်အခါမှာတော့ ကြက်မ ပြန်လှည့်သွားပြီး ခပ်လှမ်းလှမ်းကနေ အတောင်ရိုက်ကာ တွန် ပြသည်ဟုဆိုသည်။ ကြက်မဆိုသည်က တွန်သည့်အမျိုးမဟုတ်။ ထူးတော့ထူးသည်။ ဘယ်လို ထူးမှန်းတော့ မသိ။

မိုင်းပေါက်မည့် ပျဉ်းကတိုးငုတ်တိုကြီးနားအရောက်တွင် သူ့ခွေးက မိုင်းပေါက်မည့်နေရာတည့်တည့်တွင် အိပ်နေပြန်သည်။ သူက ခွေးကို မောင်းထုတ်လိုက်သည်။ မရ။ သူ့ခွေးက သူ့ကို မျက်ဖြူလှန်ပြီး ပြန်ကြည့်သည်။ ခရီးက ပန်း၊ စိတ်ကလည်း နွမ်းနေ သည်နှင့် ခွေးကို ကန်ထုတ်ပြီး ပါလာသည့် ပလိုင်းကို ခွေး အိပ် သွားသည့်နေရာမှာ ချထားလိုက်သည်။ ထိုင်ရာမှ အထ၊ ပလိုင်း ကို ပြန်မြှောက်ယူသည့်အချိန်တွင်တော့ မိုင်းထပေါက်ပြီး ကိုဝင်း လွင် ဘယ်ခြေထောက် ပြတ်သွားသည်။

ကံဆိုးခြင်းတို့သည် ကိုဝင်းလွင်နောက်သို့ စီတန်းပြီးလိုက် လာကြသည်။ ဆေးရုံကအဆင်း တစ်လလောက်အကြာမှာ ဇနီး ဖြစ်သူက ကိုဝင်းလွင်ကို ထားသွားခဲ့သည်။

ယခုလိုဖြစ်ပွားခဲ့မှုများနှင့်ပတ်သက်ပြီး ကိုဝင်းလွင် အပြစ်ဖို့သည်က KNU ကိုပဲဖြစ်သည်။ သူနင်းမိသော မိုင်းမှာ KNU ထောင်သော မိုင်းဖြစ်သည်ဟု ကိုဝင်းလွင်က ယူဆသည်။

“သူတို့ တစ်ဦးနဲ့ တစ်ဦး မကျေနပ်ရင် ပေါ်တင်ချလေ။မိုင်းထောင်ရင် စစ်တပ်ကို မထိဘူး။ အရပ်သားပဲ ထိတာလေ”ဟု ကိုဝင်းလွင်က ကောက်ချက်ဆွဲသည်။ “ဒါ သိလျက်နဲ့လုပ်တာ၊ မကျေနပ်ဘူးစိတ်နာတယ်”။

ဒေသခံများ တက်နင်းမိသည့် မိုင်းများမှာ တစ်ခါတစ်ရံ မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မိုင်း မဟုတ်တတ်ဘဲ အရပ်သားများ ကိုယ့်ရွာ၊ ကိုယ့်ခြံကို ကာကွယ် ရန် ထောင်ထားသည့် မိုင်းများဖြစ်နေတတ်သည်ဟု KHRG ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

မြန်မာပြည်အရှေ့ဘက်ခြမ်းဒေသတချို့တွင် သာမန် အရပ်သားများနှင့် ကျေးရွာစောင့်များက ၎င်းတို့ရွာကို တပ်မတော် ဝင်ရောက်မလာနိုင်ရေးအတွက် လက်လုပ်မိုင်းများကို အသုံးပြု လေ့ရှိသည်ဟု KHRG က ဆိုပါသည်။

မည်သူတွေ ထောင်သော မိုင်းဖြစ်စေကာမူ ဒေသခံများ၏ ခြေလှမ်းတိုင်းသည် အခြိမ်းခြောက်ခံနေကြရသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး အလှမ်းမဝေးတော့

အန္တရာယ်ကြီးလှသော မြေမြှုပ်မိုင်းများကို အမြန်ဆုံးရှင်းလင်းပေးရေးအတွက် လွှတ်တော်အမတ်များကလည်း လွှတ် တော်တွင်းမှာ တင်ပြလာကြသည်။ အစိုးရအနေဖြင့်လည်း မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင် တားဆီးခြင်းသဘောတူစာချုပ်ကို သဘောတူလိုက်နာရန် စဉ်း စားလျက်ရှိသည်ဟု ICBL က ပြောဆိုပါသည်။

လောလောဆယ်တွင်လည်း မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အစိုးရ အနေနှင့် တောင်းဆိုထားသည်ဟု နေပြည်တော်တွင် ဇွန် ၂၉ ရက်နေ့ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာသမားများ တွေ့ ဆုံပွဲတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မော်ကွန်းကို ပြောပြပါသည်။

အစိုးရနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထား သည့် Norwegian People’s Aid (NPA) ကမူ ၎င်းင်းတို့အနေနှင့် လောလောဆယ်အနေအထားတွင် မိုင်းရှင်းလင်းမှုလုပ်ငန်းများကို မစတင်နိုင်သေးဟုဆိုပါသည်။ အကြောင်းမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ဆွေးနွေးနေဆဲ အနေအထား ဖြစ်သော ကြောင့် ဟု ဆိုပါသည်။

“သိပ်မကြာတော့တဲ့ ကာလမှာတော့ မြေမြှုပ်မိုင်း ပဏာမစစ်တမ်းကောက်ယူဖို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ က လမ်းဖွင့်ပေးကြမှာပါ”ဟု NPA မှ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး အန်ဒရီယာစ်အင်ဒရီဂတ်(Andreas Indregard) က မော်ကွန်းသို့ ပြောပါသည်။

လောလောဆယ် ကြုံတွေ့နေရသည့် အဓိကအဟန့်အတား မှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ယုံ ကြည်မှုပျောက်ဆုံးနေခြင်းပင်ဖြစ်သည်ဟု အင်ဒရီဂတ်က ဆိုပါသည်။

မြေမြှုပ်မိုင်းတူးဖော်ရေးလုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင် လည်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟုNPAက တွက်ဆထားသည်။

“ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ဖြေရှင်းရမယ့် ပထမဦးဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုက အစိုးရရယ်၊ စစ်တပ်ရယ်၊ လက်နက် ကိုင်အဖွဲ့တွေကြားမှာ ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စပဲ”ဟု အင်ဒရီဂတ်က ဆိုသည်။

နောက်ထပ်ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများထဲတွင် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံ အဆောက်အအုံများ ကောင်းကောင်းမွန်မွန်မရှိသောကြောင့် မိုင်းရှင်းလင်းရေး ဝန် ထမ်းများနှင့် ပစ္စည်းကိရိယာများကို မိုင်းဧရိယာအတွင်းသို့ ပို့ ဆောင်ရေးကိစ္စမှာ တော်တော်ခက်ခဲနိုင်သည်ဟု အင်ဒရီဂတ်က ခန့်မှန်းပြောဆိုပါသည်။

မြေမြှုပ်မိုင်းများကို အပြီးတိုင်ရှင်းလင်းနိုင်ရန် အချိန် မည်မျှကြာမည်ကိုမူ ခန့်မှန်းလို့မရနိုင်ကြောင်းလည်း NPA အရာရှိက ဆိုပါသည်။ မြေမြှုပ်မိုင်းရှိသည်ဟု သံသယရှိရသော ဧရိယာများကို စစ်တမ်းကောက်ယူမှုများ ပြုလုပ်ဖို့ အတွက်ပင် နှစ်နှစ်လောက်ကြာနိုင်သည်ဟု သူက ဆိုပါသည်။

သို့ဖြစ်ရာ မိုင်းများအပြီးတိုင်ရှင်းလင်းနိုင်ရေးအတွက် အနည်းဆုံး ဆယ်နှစ်မျှ ကြာနိုင်သလို ထို့ထက်ပိုပြီးတော့လည်း အချိန်ကြာကောင်းကြာနိုင်သည်ဟု သူက ဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနတွင် အလုပ်လုပ်နေသည့် ကိုတင်ထွန်း လင်းကတော့ ခြေတု၊ လက်တုတွေလုပ်ရင်းနှင့် သူ့ရင်ထဲတွင် ဆုတောင်းနေမိသည်မှာ နောက်ထပ် ခြေတွေ၊ လက်တွေ မပြတ် ကြပါစေနှင့်ဟူ၍ဖြစ်သည်။ သို့သော် သူ့ဆုတောင်းကား ဘယ် အချိန်မှ ပြည့်နိုင်မည်မသိပါ။

လောလောဆယ် သူဆုတောင်းမပြည့်သေးသည့်ကာလ မှာတော့ ရောက်လာသူမှန်သမျှကို တတ်စွမ်းသလောက် ကူညီ ပေးဖို့ စိတ်ပိုင်းဖြတ်ထားသည်။

“အလုပ်လုပ်နေရင်းလည်း ဒါမျိုး(ခြေပြတ်၊ လက်ပြတ်)တွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းတာပေါ့။ ဖြစ်လာလို့ ရောက်လာခဲ့ရင်လည်း စိတ်ချမ်းသာအောင်၊ အဆင်ပြေအောင် တတ်နိုင်သလောက်လုပ်ပေးတယ်”ဟု ၎င်းက ဆိုသည်။

ဘားအံခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန မှ မန်နေဂျာဒေါ်ခင်ခင်စိုး၏ အဆိုအရ ၎င်းတို့ဌာန စတင်ဖွင့်လှစ် ခဲ့သည့် ၂၀၀၃ ခုနှစ်မှ ၂၀၁၃ မေလကုန်အထိ ဆယ်နှစ်တာကာလ အတွင်း ခြေတုလက်တုပေါင်း ၇,၁၇၀ ခုကို ပြုလုပ် ပေးနိုင်ခဲ့သည် ဟုဆိုပါသည်။

မြန်မာနိုင်ငံရှိ စက်ရုံပေါင်း ၇ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ် သည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန အနေနှင့် ယနေ့အချိန်အထိ လူနာပေါင်း ၅,၃၀၀ ကျော်ကို ခြေတုလက်တုများ ပံ့ပိုးပေးခဲ့သည်ဟုဆိုပါသည်။

၎င်းင်းတို့ဌာနအနေဖြင့် ခြေတု၊ လက်တု လာရောက်တပ်ဆင် သူများကို ပစ္စည်းဖိုးမယူသည့်အပြင် လမ်းစရိတ်နှင့် စားရေး သောက်ရေး၊ နေရာထိုင်ခင်းများအတွက်ပါ တာဝန်ယူပေးသည် ဟုဆိုပါသည်။ အဆိုပါဌာနသို့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ ဖြစ်သည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ပဲခူးအရှေ့ခြမ်းတို့မှ ခြေတု၊ လက်တု တပ်လိုသူများ လာရောက်ကြသည်ဟုဆိုသည်။

မြေမြှုပ်မိုင်းများကို အပြီးတိုင် ရှင်းလင်းမှုများ မပြု လုပ်နိုင်သေးသမျှ ကိုတင်ထွန်းလင်း၏ ဆုတောင်းတို့ မပြည့်နိုင် သေးသလို မုန်းမြို့နယ်၊ တုန်းတောရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်မကြီးသည်လည်း သမီးဖြစ်သူ ဘေးကင်းရန်ကွာ အိမ်ပြန် ရောက်မည့်အချိန်ကို နေ့ရှိသမျှ စောင့်မျှော်နေရဦးမည် ဖြစ်သည်။

ဒေါ်မကြီးသည် သူ့သမီးကို သူ့လိုဖြစ်မှာ တအားစိုးရိမ် သည်။ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပါ။ မြေမြှုပ်မိုင်း အန္တရာယ်ကို သူကိုယ်တိုင် နာကြည်းစွာ ခံစားခဲ့ရသည်။

သူနေထိုင်သော တုန်းတောရွာနှင့် တစ်မိုင်လောက်ဝေး သည့် သူငယ်အင်းဘက်သို့ လွန်ခဲ့သည့် လေးနှစ်လောက်က ရွာမှ အပေါင်းအဖော်တွေနှင့် ဟင်းရွက်သွားခူးရာမှာ မြေမြှုပ်မိုင်း ထိပြီး ဒေါ်မကြီး ခြေနှစ်ဖက်ဆုံးရှုံးသွားခဲ့ရသည်။ မိုင်းနင်းမိ စဉ်တုန်းက ခြေတစ်ဖက်သာ ပြတ်သွားခဲ့ခြင်းဖြစ်ပြီး နောက်တစ် ဖက်ကတော့ ခြေဖဝါးကွဲရုံသာ ထိသွားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဘုရားသွားဖူးနေသော ခွဲစိတ်ဆရာဝန်ကို ငါးရက်လောက်စောင့်လိုက်ရသဖြင့် ခြေဖဝါးကွဲရုံသာ ကွဲသွား သည့် ခြေထောက်မှာ ပုပ်သွားသဖြင့် ထိုခြေထောက်ကိုပါ ဖြတ် လိုက်ရသည်။

“ငါ့ကို သတ်ပစ်တော့လို့၊ ဒါမှမဟုတ် သွေးလွန်ပါစေ ထားလိုက်တော့လို့ပြောလိုက်တယ်၊ နှစ်ချောင်းကြီးပြတ်မှတော့ ကိုယ်လည်း ဘာမှလုပ်လို့ မရတော့ဘူး၊ ကိုယ့်ကလေးတွေလည်း ဒုက္ခရောက်တယ်”ဟု ထိုစဉ်က သေချင်စိတ်ပေါက်အောင် စိတ် ဓာတ်တွေ ကျဆင်းခဲ့ရပုံကို ဒေါ်မကြီးကပြောပြသည်။

ဘားအံသို့ ခြေတုသွားယူရာမှာတော့ သူနှင့်ဘဝတူများ၏ အခြေအနေများကို မြင်တွေ့ခဲ့ရသဖြင့် စိတ်သက်သာရာရခဲ့သည် ဟု ဒေါ်မကြီးက ပြောပါသည်။ ဘားအံကအပြန် ခြေတုတစ်စုံ အပြင် ဘီးတပ်ကုလားထိုင်တစ်လုံးပါ ရလာခဲ့သည်။

တစ်နေ့လုပ်မှ တစ်နေ့စားရသော ဒေါ်မကြီးတို့ မိသားစုမှာ ကြုံရာ ကျပန်း လုပ်ကျွေးနေသော အိမ်ထောင်ဦးစီး၏ ဝင်ငွေ တစ်ခုတည်းအပေါ်တွင် မှီခိုလို့မရပါ။ သူကိုယ်တိုင်ကလည်း အရင်တုန်းကလို အလုပ်လုပ်နိုင်သည့် အနေအထားမျိုး မဟုတ် တော့ရာ ကလေးသုံးယောက်အနက် အသက်ဆယ်နှစ်ကျော် သမီးကြီးကိုပဲ တောထဲဟင်းရွက်ခူးခိုင်းနေရသည်။

သမီးဖြစ်သူကို တောထဲ ဟင်းရွက်ခူးခိုင်းနေရသော်လည်း ဘာအသံကြားရမလဲကိုသာ အချိန်နှင့်အမျှ ဒေါ်မကြီး ရင် တထိတ်ထိတ်နှင့် နားစွင့်နေရသည်။ သမီးဖြစ်သူ အိမ်ပြန် မရောက်မချင်း စောင့်မျှော်နေရသော ဒေါ်မကြီး ရင်ထဲမှာ သောကတွေက အချိန်ပြည့်လောင်မြိုက်နေတတ်သည်။

ကိုယ်ကိုယ်တိုင်ကြုံတွေ့ခံစားရမှုနှင့် ယှဉ်သော စိုးရိမ်ပူပန် မှုတို့ဖြင့် သမီးဖြစ်သူကို စောင့်ရပုံနှင့်ပတ်သက်ပြီး ဒေါ်မကြီးက ယခုလို ပြောပြသည်။

“တစ်ခါတလေ အသံတစ်ခုခု ကြားရင် ရင်ထဲမှာ ဒိန်းခနဲပဲ။ ငါ့သမီးလေး ဘာများဖြစ်နေလဲဆိုပြီးတော့ ကိုယ့်မှာ စိတ်တွေ ပူ နေရတယ်”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."