၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Editorial ဖြစ်ပါသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာ့စီးပွားရေးတိုးတက်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အရင်းအနှီးရရန်ဟုဆိုကာ နိုင်ငံခြားဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနှင့် အပြိုင် စီးပွားရေးလုပ်ငန်းများကို မည်သည့် ချေးငွေဖြည့်ဆည်းမှုမျိုးကို မဆို ချေးခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ် ဒုဥက်္ကဋ္ဌ ဦးစိုးသိန်း လက်မှတ်ရေးထိုးထားသော ဩန်ကြားချက်တစ်စောင်ကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးကတည်းက စတင်၍ နိုင်ငံခြားဘဏ်များအပါအဝင် ဘဏ်များကို ပြည်သူပိုင် သိမ်းခဲ့သည်။ ထို့နောက် အရပ်သားအစိုးရစနစ်ကို ပြန်လည် ကူးပြောင်းသည့် သမ်္မတဦးသိန်းစိန်လက်ထက် ရောက်သည့်အခါ နိုင်ငံ ခြားဘဏ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နိုင်ငံခြားစီးပွားရေးကုမ်္ပဏီများ၊ နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်း ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ လက်ကားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည်။
ယခု အစိုးရလက်ထက်တွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ တိုက်ရိုက် ငွေချေးနိုင်သည်အထိ ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး အများပြည်သူသို့ ဘဏ်ဝန်ဆောင်မှုပေးခြင်းကို ခွင့်ပြုဦးမည်မဟုတ်ဟု ဗဟိုဘဏ်က ဆိုသည်။
ယခုကဲ့သို့ နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပြုခြင်းအား ပြည်တွင်းဘဏ်အချို့က ကန့်ကွက်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်များ ကမူ ပြည်တွင်းဘဏ်အတိုးနှုန်းကြောင့် ငွေချေးရန် အခက်အခဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံခြားဘဏ်များအား ခွင့်ပြုပေးလိုက် ခြင်းဖြင့် သက်သာသော အတိုးနှုန်းနှင့် ချေးငွေရရှိနိုင်ရန် မျှော်လင့်နေကြသည်။
နိုင်ငံခြားဘဏ်ခွဲများကို ငွေချေးခွင့်ပြုရာတွင် ကျပ်ငွေကို ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းထားဖြစ်သည့် ၁၃ ရာခိုင်နှုန်းထက် မကျော်လွန်ဘဲ သတ်မှတ်နိုင်ကြောင်း ခွင့်ပြုထားသည်။ နိုင်ငံခြားငွေကြေး ချေးငှားမှုအတွက် အတိုးနှုန်းသတ်မှတ်မှုကို ဘဏ်များ ကိုယ်တိုင် သတ်မှတ်ခွင့်ပေးထားပြီး စီးပွားရေးလုပ်ငန်းများကို ချေးခွင့်ပြုထားသည်ဟု ဗဟိုဘဏ်က ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံပိုင် ဘဏ်လေးခု၊ ပုဂ်္ဂလိကဘဏ် ၂၇ ခုနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခု ရှိသည်။

