ဒီဇင်ဘာ၊ ၂၀၁၄
ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသော လေးပွင့် ဆိုင်ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို တပ်မတော်အဖြစ်နှင့်စဉ်းစား၍ ၎င်းင်းကိုယ် တိုင်က ပြည်သူကိုကိုယ်စားပြုပြီး ရင်ဆိုင်ဆွေးနွေးမည့် ပုံစံဖြစ် သည်။
ယခင်အစိုးရက စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ၎င်းင်းတို့နှင့်ဆွေးနွေးလိုရင်းဖြစ်သော်လည်း သူရဦးရွှေမန်းမှလွဲ၍ ကျန်နှစ်ယောက်ကတော့ ကာလအတန် ကြာအောင် တုံဏှိဘာဝေလုပ်နေခဲ့သည်။
သို့သော် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား လာရောက်မည့်ရက်မတိုင်မီ နှစ်ပတ်အလိုတွင်တော့ နိုင်ငံတော် သမ္မတက ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် ပြောဆိုထားသူများ အပါအဝင်ပုဂ္ဂိုလ် ၁၃ ဦးကို နှစ်ရက်အတွင်း ဖိတ်၍ “နိုင်ငံရေးအင်အားစုငါးဖွဲ့” ဟု သုံးနှုန်းကာဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါပွဲသည်တိုင်းပြည်အတွက် အကျိုးရလဒ်တစ်စုံ တစ်ရာ မထွက်ပေါ်ခဲ့သော်လည်း ထိုပွဲအပြီးရက်သတ္တပတ်နှစ်ပတ် အကြာတွင် ပြုလုပ်သော အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် အမေ ရိကန်သမ္မတရှေ့တွင် စစ်ခေါင်းဆောင်ဟောင်းများ မျက်နှာပန်း လှခဲ့သည်။
ယင်း ၁၄ ပွင့်တွေဆုံပွဲတွင် အစိုးရနှင့် တပ်မတော်ဘက်မှ ကိုးဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားကိုယ်စား လှယ် သုံးဦးနှင့် တိုင်းရင်းသားများဘက်မှနှစ်ဦးတို့ပါဝင်သည်။
အဆိုပါပွဲတွင် တပ်မတော်ခေါင်းဆောင်များက ဒေါ်အောင် ဆန်းစုကြည်သည် တိုင်းရင်းသားများကို ကိုယ်စားမပြုနိုင်ဟူ သော ပုံစံနှင့် ပြည်မရှိ ပြည်သူများကိုပင် ကိုယ်စားမပြုသည့်ပုံစံမျိုး ပုံဖော်ခဲ့ကြပြီး ပြည်သူပေးထားသော Mandate ကိုကျဆင်းရန် ပုံဖော်ဆောင်ရွက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့Mandate ရှိ၊ မရှိဆိုသည် ကို ၁၉၉၀နှင့် ၂၀၁၂ ကြားရွေးကောက်ပွဲများက သက်သေပြ လျက်ရှိပြီး ယခုနောက်ဆုံး လက်မှတ်ငါးသန်းကလည်း ထို အချက်ကို ခိုင်မာစေသည်။ စစ်ခေါင်းဆောင်များကတော့ ယင်းကိုအမြဲငြင်းပယ် ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ဆိုလျှင်လည်း အဆိုပါငါးသန်းအပြင် ကျန်ရှိသည့်လူထုဆန္ဒကိုပါ စောင့်ကြည့် မည်ဟု ပြောဆိုခဲ့သည်။
ထပ်မံ၍လည်း ဆွေးနွေးပွဲများပြုလုပ်သွားမည် ဟုပြော သည်။ သမ္မတ၏နောက်တစ်ကြိမ်သည် အမေရိကန်သမ္မတ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်လာမှသာ ဖြစ်မည့်ဟန်တူပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းသို့ပွဲမျိုးကို မလိုလားဘဲ “ဗန်းပြဆွေးနွေးပွဲ” ဟုပင် ပြောဆိုလာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာထွက်လာချိန်တွင် တပ်မတော်လက်ထဲတွင်ရှိသော ဗီတိုအာဏာနှင့်တူသည့် ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုဘဲ နိုင်ငံ တော်၏အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး တပ်မတော်သားအများစု နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ကဏ္ဍ ကိုထပ်မံ မြှင့်တင်ရန်သာ ပါရှိသည်။
အဆိုပါပုဒ်မကို ပြင်ဆင်ရန် လွှတ်တော်အတွင်းအပြင်ရှိ နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားအဖွဲ့အားလုံးက လိုလား ကြပြီး ပြည်သူငါးသန်းခန့်က ပြင်ဆင်ရန် လက်မှတ်ထိုးတောင်းဆို ထားသည်ကို သမ္မတက သောင်မတင်ရေမကျ ပြောကာ စစ်တပ် က မပြင်ဟုငြင်းဆိုလိုက်ရာ မြန်မာ့နိုင်ငံရေးအခြေအနေသည် ချောင်ပိတ်မိသွားသကဲ့သို့ဖြစ်နေသည်။
ထိုသို့ လိပ်ခဲတည်းလည်းဖြစ်နေသော အခြေအနေတွင် ပြည်ထောင်စုလွှတ်တော်တွင် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ် ရန် အဆိုပြုလိုက်ရာ ကန့်ကွက်သူပင်မရှိဘဲ အတည်ပြု တိုက် တွန်းလိုက်သည်။ ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းရင်းသားကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးအား ထပ်မံဖြည့်စွက်ခြင်းသာ ဖြစ်သည်။
သမ္မတဦးသိန်းစိန်ဘက်ကမူ လေးပွင့်ဆိုင်တွေ့ဆုံခြင်း သည် လုံလောက်သည့်တွေ့ဆုံမှုမျိုး မဟုတ်ဟုပြောဆိုခဲ့ပြီး ခြောက်ပွင့်ဆိုင်တွေ့ရန် တောင်းဆိုခြင်းသည် ၁၄ ပွင့်ဆိုင်နှင့်ပင် ဝေးကွာသွားစေနိုင်သည်ဟုပင် ခြိမ်းခြောက်ပြောဆိုမှုများရှိ သည်။ နောက်ပိုင်းတွင်တော့ တွေ့ဆုံရေးအကြံပြုချက်များအပေါ် စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောင်းလဲပြောဆိုလာခဲ့ပြန်သည်။
ပြည်ထောင်စုလွှတ်တော်၏တိုက်တွန်းချက်နှင့်ပတ်သက်ပြီး ကာ ကွယ်ရေးဦးစီးချုပ်ကလည်း ခြောက်ပွင့်ဆိုင်သည် အဖွဲ့အစည်း အားလုံးကို ကိုယ်စားမပြုဟုဆိုကာ သမ္မတနှင့် အသံတူသာ ထွက်လာခဲ့သည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုလိုက်ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တို့ကလည်း အလားတူ တောင်းဆိုလိုက်ကြပြန်သည်။ ယင်းမှာဒေါ်အောင်ဆန်းစုကြည်၏ လေးပွင့်ဆိုင်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးစီ ထည့်သွင်းပြီး ၁၂ ပွင့်ဆိုင်အဖြစ် ဆွေး နွေးရန်ဖြစ်သည်။
ယင်းသို့တောင်းဆိုခြင်းသည် တိုင်းဒေသကြီးများက ပြည် ထောင်စုကိစ္စရပ်များကို စွက်ဖက်ခြင်းမျိုးဖြစ်နေပြီး ဒေါ်အောင် ဆန်းစုကြည်ကလည်း ယင်းသို့ပြုလုပ်ခြင်းသည် စစ်မှန်သော ဆွေးနွေးပွဲပြုလုပ်မည့်အပေါ် အနှောင့်အယှက်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။
ယခုဆွေးနွေးပွဲများသည် သမိုင်းတွင်မည့် ဆွေးနွေးမှုများ ဖြစ်လာမည်ဖြစ်ရာ တစ်ထောင့်တစ်နေရာမှပါဝင်လိုသော ဆန္ဒ ကိုယ်စီရှိကြမည်သာဖြစ်သည်။ သို့သော်လည်း အပွင့်အမျိုးမျိုး တောင်းဆိုနေကြခြင်းသည် ပြည်သူ့အင်အားထပ်မံ ပြိုကွဲနိုင်မူနှင့် သာကြုံရမည်ဖြစ်ပြီး လက်တွေ့အလုပ်ဖြစ်မှုနှင့်လည်း ကင်းကွာ နေရာ ယင်းအတွက် အမြတ်ထွက်နေသည်မှာလည်း တပ်မတော် ခေါင်းဆောင်များသာ ဖြစ်နေသည်။
ထို့ကြောင့် ယခုပြည်ထောင်စုလွှတ်တော်က တိုက်တွန်း ထား၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်ခံပြီး သမ္မတက လည်း စဉ်းစားမည်ဟုပြောထားသော ခြောက်ပွင့်ဆိုင်ဆွေးနွေး ရန်သာ ဝိုင်းဝန်းတိုက်တွန်းမှသာ “ဗန်းပြဆွေးနွေးပွဲ”မျိုးကိုရှောင် ရှားနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ် အတည်းများမှ ဖောက်ထွက်နိုင်မည်ဖြစ်သည်။ဒီဇင်ဘာ၊ ၂၀၁၄

ထို့ကြောင့် ယခုပြည်ထောင်စုလွှတ်တော်က တိုက်တွန်း ထား၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်ခံပြီး သမ္မတက လည်း စဉ်းစားမည်ဟုပြောထားသော ခြောက်ပွင့်ဆိုင်ဆွေးနွေး ရန်သာ ဝိုင်းဝန်းတိုက်တွန်းမှသာ “ဗန်းပြဆွေးနွေးပွဲ”မျိုးကိုရှောင် ရှားနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ် အတည်းများမှ ဖောက်ထွက်နိုင်မည်ဖြစ်သည်။