ရန်ကုန်- ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း)
မန္တလေး-PDF လို့ သိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ မန္တလေး-PDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
သင်တန်းမှာ အထူးတိုက်ခိုက်ရေး ၊ ကြံ့ခိုင်မှု ၊ စစ်နည်းဗျူဟာတွေနဲ့ နိုင်ငံရေးသင်ခန်းစာတွေကို လေ့ကျင့်သင်ကြားခဲ့ပြီး သုံးလကျော်ခန့် ကြာမြင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မန္တလေး_PDF ဟာ မဟာမိတ် TNLA တပ်နဲ့အတူ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး နဲ့ မတ္တရာမြို့နယ်တွေကို လွှမ်းမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးမြို့ကို စစ်ရေးအရဖိအားပေးထားနိုင်တဲ့ နွေဦးတော်လှန်ရေးက ပေါ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
အောက်ပါ ဓါတ်ပုံတွေကတော့ မန္တလေး-PDF ရဲ့ သင်တန်းဆင်းပွဲ ပုံရိပ်တချို့ ဖြစ်ပါတယ်။

ဓါတ်ပုံ – မန္တလေး-PDF

