ကော့ကရိတ် – ၂၀၂၅ မေ ၃ (မော်ကွန်း)
မနေ့က နေ့လယ် ၁၂း၄၅ မိနစ်အချိန်လောက်မှာ ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက စစ်ရှောင်တွေ တည်းခိုနေထိုင်တဲ့ နေရာတစ်ခုကို အာဏာသိမ်းစစ်ကောင်စီက Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
ဒီလို ဗုံးကြဲခဲ့တဲ့အတွက် အိမ် ၁၀ လုံးလောက် ပျက်စီးသွားပြီး အရပ်သားသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။
လတ်တလောက ကော့ကရိတ် – ကျုံဒိုး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီဟာ မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ နေ့စဉ် ပုံမှန်ရှိနေပါတယ်။

ပုံစာ – စစ်ကောင်စီ ဗုံးကြဲလို့ ပျက်စီးသွားတဲ့ အဆောက်အဦများ
ဓါတ်ပုံ – Mawkun Magazine

