ရန်ကုန်- ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းသားငါးထောင်ခန့်(၄,၈၉၃ ဦး) ပြန်လည်လည်လွတ်မြောက်လာပါတယ်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့လယ်ပိုင်းမှာ အကျဉ်းသားတွေကို YBS ကားတွေနဲ့ ပြန်လွှတ်ခဲ့ပြီး ထောင်ဗူးဝရှေ့မှာ မိသားစုဝင်အများအပြား လာရောက်စောင့်ဆိုင်းနေကြပါတယ်။
အင်းစိန်ထောင်ကနေ အမျိုးသား၊ အမျိုးသမီး အကျဉ်းသား တစ်ထောင်ခန့် ပြန်လွတ်မြောက်လာခဲ့ပါတယ်။
အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာသူတစ်ဦးကတော့ “အင်းစိန်က အမျိုးသား ၇၀၀၊ အမျိုးသမီး ၃၀၀ လောက်ပါတယ်။ ခြောက်လ၊ ရှစ်လလောက် ကျန်တဲ့သူတွေပါတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကနေ အကျဉ်းသား ၃,၃ဝ၃ ယောက်ကို လွှတ်ခဲ့ပါသေးတယ်။

Photo – Mawkun

