ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၁၈ (မော်ကွန်း)
ကေအဲန်ယူ၊ တပ်မဟာ ၆ ၊ ဝင်းရေးမြို့ထဲက လက်ကျန် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ အနန်းကွင်းဗျူဟာကို ကေအဲန်ယူဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကတော့ အနီးအနားတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ကူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အနန်းကွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ချဉ်းကပ်၊ တိုက်ခိုက်နေတာ တစ်လလောက်ရှိလာပြီး အနန်းကွင်းနဲ့ မလှမ်းမကမ်းက ရွာတစ်ရွာဖြစ်တဲ့ ဖားပြရွာကို သံဖြူဇရပ်အခြေစိုက် ဝဲကလီရွာ၊ အမြောက်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာ သုံးရက်လောက်ရှိလာပြီလို့ ဒေသခံတွေဘက်ကသိရပါတယ်။
ဒီလိုပစ်ခတ်တာဟာ အနန်းကွင်းစစ်ဗျူဟာစခန်းမကျဖို့ စစ်ကောင်စီဟာ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း မဆိုင်တဲ့ ရွာတွေကို ပစ်ခတ်ပြီး ဖိအားပေးတာဖြစ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးလည်း အများကြီး ကျတယ်”လို့ သူကပြောပါတယ်။
ဖားပြကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဟောင်ဝစ်ဇာတာဝေးပစ်လက်နက်ကြီးဖြစ်ပြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ရွာခံတွေ ထွက်ပြေးနေကြရတယ်လို့ ဖားပြဒေသခံတစ်ဦးကပြောပါတယ်။
“ကျွန်တော်အိမ်လည်း ထိတယ်၊ အိမ်ဘေးတွေမှာ ကျတယ်”လို့ သူက ပြောပါတယ်။
ဝင်းရေးမြို့နယ်ထဲက လက်ကျန်စစ်ကောင်စီစခန်းတွေထဲက တောင်စွန်းစခန်းကို အခုနှစ် မေလနဲ့ လွှတ်ရှမ်းစခန်းကို အခု ၁၂ ရက်တို့မှာ ကေအဲန်ယူတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ယခုလ ၉ ရက်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျုံခဝန်ကျေးရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
လက်ရှိ ဝင်းရေးမြို့နယ်မှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ အနန်းကွင်းနဲ့ တံခွန်တိုင်စခန်းတွေဖြစ်ပါတယ်။

ဖားပြရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ မြင်ကွင်း
ဓာတ်ပုံ- ပေးပို့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

