ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း)
ကေအဲန်ယူ- တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ အနန်းကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေချိန် အနန်းကွင်းရွာအနီးက ကျုံခဝန်ရွာကို လေကြောင်းကနေ ဒီကနေ့ နံနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဖျက်အားပြင်းဗုံးတွေကို အသုံးပြုခဲ့ပြီး ကျုံခဝန်ရွာတောင်ခြေကိုကြဲချတာကြောင့် အသက် ၅၀ ကျော်အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးရဲ့ နေအိမ်ကတော့ ပျက်စီးသွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရွာမှာမရှိဘူးဘူးလို့ ဒေသခံကပြောပါတယ်။
လတ်တလော စစ်ကောင်စီဟာ အရပ်သားနေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ ကရင်နီဒေသ စစ်ရှောင်စခန်း၊ အညာဒေသ မြိုင်မြို့နယ်က စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအနည်းဆုံး ၂၀ နဲ့အထက် သေဆုံးခဲ့ရပါတယ်။
ဒီနေ့မှာလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးကာ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းတွေမှာတွေ့ရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ကတော့ သူတို့စာသင်ကျောင်းတွေကို စစ်ဘက်ဆိုင်ရာအသုံးပြုခြင်းလုံးဝမရှိကြောင်းနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာအစီအမံတွေပါဝင်တဲ့ ကြေညာစာတမ်းတစ်ခုကို ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်ဘက်မှာတော့ လတ်တလော အနန်းကွင်းစစ်ကောင်စီဗျူဟာစခန်းကို ရရှိဖို့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကကြိုးစားနေပြီး စစ်ကောင်စီဘက်က စခန်းမကျဖို့ အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ပုံမှန်ပစ်နေတာကြောင့် ဒေသခံတွေလည်း ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။




ပုံစာ – ကျုံခဝန်ရွာဗုံးကြဲခံရမှုမြင်ကွင်း
ဓါတ်ပုံ – ပေးပို့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

