မဲဆောက် – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာတွေထိုင်လေ့ရှိတဲ့ စားသောက်ဆိုင်တချို့ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ထိုင်းအစိုးရတာဝန်ရှိသူတချို့ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် တော်လှန်ရေးနဲ့နိုင်ငံရေးအရ ခိုလှုံသူ ၂၀ နီးပါး အဖမ်းခံထားရကြောင်း မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာ မဲဆောက်မြို့၊ ဗီလာဆုံမှတ်နဲ့ ဦးကြီးစိုး စားသောက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၇ ဦးခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ သူကပြောပါတယ်။
“လောလောဆယ် ဗီလာဆုံမှတ်က ကိုးယောက်၊ ဦးကြီးစိုးမှာက ရှစ်ဦးလို့ သိရတယ်”လို့ မဲဆောက်နေမြန်မာတစ်ဦးကပြောပါတယ်။
ပတ်စ်ပို့၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)နဲ့ ၁၀ နှစ်ခံကတ်ကိုင်ဆောင်သူတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်လို့ရပါတယ်။
အခုအဖမ်းခံလိုက်ရသူတွေဟာ လစဉ် ထိုင်းရဲကို တစ်လ ၃၀၀ ဘတ်နဲ့ တရားမဝင်ရဲကတ် (လိုင်းကြေး) ပေးဆောင်ကာ နေထိုင်သူတွေဖြစ်တယ်လို့ ဖြစ်စဉ်ကို ပါဝင်ကူညီနေသူတစ်ဦးကပြောပါတယ်။
အခုလာရောက်ဖမ်းဆီးတာဟာ ထိုင်းရဲနဲ့ တောမော(ထိုင်းလ.ဝ.က)တွေက အဓိကဦးဆောင်လာတာမဟုတ်ဘဲ အလုပ်သမားဌာနဘက်ကဖမ်းတာဖြစ်ကြောင်း ပြောဆိုနေကြတာလည်းရှိပါတယ်။
ဒီဆိုင်နှစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် မြန်မာတွေဖွင့်လှစ်ထားတဲ့ တခြားဆိုင်တွေကိုလည်း စစ်ဆေးဖို့ ထိုင်းအစိုးရဘက်ကကြိုးစားခဲ့ပေမယ့် ပိတ်ထားတာကြောင့် မစစ်ဆေးနိုင်ခဲ့တာလို့ ပါဝင်ကူညီနေသူကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရဲလိုင်းကြေးကတ်ကိုင်ဆောင်ထားသူတွေဟာ မကြာခင် အမှုဖွင့်ခံရမှာဖြစ်ပြီး ထောင်ချပြီးပါက မြန်မာပြည်ဘက်ကို ပြန်ပို့ခံရနိုင်တယ်လို့ ပါဝင်ကူညီနေသူကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းသတင်းတွေမှာပါရှိတဲ့ သတင်းတွေအရ ဇွန်နဲ့ ဩဂုတ်လတွေမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၇၀,၀၀၀ ကျော်ကို ထိုင်းအစိုးရက ဖမ်းဆီးထားတယ်လို့သိရပါတယ်။
မဲဆောက်မြို့မှာတော့ နွေဦးတော်လှန်ရေးကြောင့် အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာသူတွေ အများစုနေထိုင်ကြပြီး တရားဝင်အထောက်အထားနဲ့နေထိုင်ကြသူတွေရှိသလို ရဲကတ်နဲ့နေထိုင်သူတွေလည်း အများစုရှိပါတယ်။
ထိုင်းရဲတွေကိုတော့ တစ်ဦးကိုနေထိုင်ခွင့် ၃၀၀ ဘတ်ပေးရပြီး ဆိုင်ကယ်မောင်းဖို့အတွက် တစ်ဦးကို ဘတ် ၁,၀၀၀၊ ဆိုင်ကယ်နဲ့ဈေးရောင်းချခွင့်အတွက် ဘတ် ၁,၀၀၀ ၊ ကားမောင်းခွင့်အတွက် ဘတ် ၃,၀၀၀၊ ကားမောင်းကာ လူတင်ပို့ဖို့အတွက် ဘတ် ၅,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပါတယ်။
အဖမ်းခံရသူတွေကိုတော့ ရဲကြေးတာဝန်ယူထားတဲ့ ပွဲစားတွေက အာမခံစကားပြောတာရှိပြီး အခုလို ဝင်ရောက်ဖမ်းဆီးခံရမှုမှာတော့ ပွဲစားတွေလည်း ပါဝင်လို့မရနိုင်ဘူးလို့ ကူညီလုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။
ပုံစာ – ဒီနေ့ မဲဆောက်မှာ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးနေတဲ့မြင်ကွင်း
ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

