ပုဏ္ဏားကျွန်း -၂၀၂၄ စက်တင်ဘာ၂(မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ကျေးရွာတချို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက ဒီနေ့လယ် ၂:၀၀ နာရီကျော်မှာ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးလာကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးဘူးလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးက ပြောပါတယ်။
စစ်တွေမြို့နယ်က ဝါဘို၊ ညိုရင်ပြင်၊ မင်းလှကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်က ရဲရော်ပြင်၊ ခမောင်းတောနဲ့ အောင်ဇေယျကျေးရွာတွေကို ဗုံးလာကြဲခဲ့တာဖြစ်တယ်လို့ အထက်ပါ စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။
” ဗြုန်းစားကြီးလာပြီး အဆက်မပြတ်ကြဲသွားတာ။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ အဓိက အရပ်သားတွေနေတဲ့ကျေးရွာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီးလာချသွားတာပါ။ လူတွေအထိအခိုက်ရှိ၊ မရှိကိုတော့ လောလောဆယ်မသိရသေးဘူး။ ကျွန်တော်တို့စုံစမ်းနေဆဲပါ” လို့ သူက ပြောပါတယ်။
ဒီနေ့ ဗုံးကြဲခံရတဲ့ ကျေးရွာတွေထဲက စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီးမှာ သြဂုတ် ၂၉ ရက်တုန်းကတော့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး စစ်ကောင်စီက တိုက်ပွဲနေရာနဲ့ အနီးတဝိုက်ကိုလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့ပါတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့ ဗုံးကြဲမှုကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲခံရတာလို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်ကို AA က အလုံးစုံထိန်းချုပ်ထားပြီး စစ်တွေမြို့နယ်မှာတော့ မြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားကာ ကျေးလက်မှာ AA က နေရာယူထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကလည်း AA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့ထဲကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးကာ ခုနှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
ပုံစာ- ဒီနှစ် မတ် ၈ ရက်တုန်းက ပုဏ္ဏားကျွန်းမြို့ကို သိမ်းလိုက်တဲ့ AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

