မြိုင် – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း)

အာဏာသိမ်းစစ်တပ်ရဲ့ သေဆုံးစစ်သားတချို့နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
ဓါတ်ပုံ – အညာမြေတပ်ပေါင်းစု
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ အခြေချနေတဲ့ အင်အား ၇၀ ခန့်ပါ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးရက် တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ဆီက သိရပါတယ်။
“ပထမနှစ်ရက်က ပြင်းပြင်းထန်ထန်မဟုတ်ဘူး၊ သူတို့တွေရဲ့ လှုပ်ရှားမှု၊ ဖွဲ့စည်းမှု၊ စစ်ရေးအဆုတ်အတက်လှုပ်ရှားမှုကို စောင့်ကြည့်နေတာပေါ့၊ ထိတွေ့မှုလေးတွေတော့ဖြစ်တယ်၊ အင်အားချင်းစမ်းတဲ့ အနေအထားလေးတွေပေါ့၊ ၂၁ရက်နေ့ကျမှ မနက်ကနေ ညအထိ တိုက်ခိုက်ခဲ့တာပါ”လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က မော်ကွန်းကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သူကပြောပါတယ်။
လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကပြောပါတယ်။
မြိင်မြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ထန်းတက်နေတဲ့ ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့တာတွေရှိသလို ထန်းငယ်တောရွာက အိမ်ငါးလုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
“မနေ့တုန်းက ပွဲပြီးခါနီးမှာ ဂျက်ဖိုက်တာနဲ့ ငါးကြိမ်ဝဲတယ်၊ နှစ်ကြိမ်ပစ်တယ်၊ MI-35နဲ့ ငါးကြိမ်လာတယ်၊ စက်လတ်တွေဆွဲပြီး ပစ်တယ်၊ ဒါပေမယ့် ထိခိုက်မှုတော့မရှိခဲ့ပါဘူး၊ ရွာတွေကိုပစ်တာမဟုတ်ဘူး၊ ကျွန်တော်တို့ လမ်းကြောင်းကိုလိုက်ပစ်တာ၊ ဒီပွဲကတော့ ကိုယ့်ဘက်က ၁၀၀ ရာခိုင်နှုန်း အထိအခိုက်မရှိ အောင်မြင်တဲ့ပွဲပဲ “လို့ ကိုဘိုဘိုသန့်စင်က ထပ်ပြောပါတယ်။
ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဩဂုတ်လ ၁၉ရက်၊ ညပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နယ်မြေအသာစီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀ရက်နေ့မှာတော့ အီနာဂါဗုံးသီးချတာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ အညာမြေတပ်ပေါင်းစုဘက်က ဒရုန်းတစ်စီးနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ဆီက ဒရုန်းတစ်စီးဟာ ပျက်ကျခဲ့ရပါတယ်။
ဩဂုတ် ၂၁ရက်မှာတော့ တိုက်ပွဲပြင်းထန်လာပြီး မနက် ၈း၀၀ နာရီလောက်မှာ လေးယောက်၊ ၁၀း၀၀ နာရီလောက်မှာ သုံးယောက်နဲ့ မွန်းလွဲ ၂း၀၀နာရီလောက်မှာ နှစ်ယောက်၊ စုစုပေါင်း စစ်တပ်ဘက်က ကိုးယောက် အသေရရှိခဲ့ပြီး ငါးဦးအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီး ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဆီက လက်နက်ငယ် ၁၇ လက်နဲ့ လက်နက်ကြီး သုံးလက်အပါအဝင် ဗုံးသီး၊ ခဲယမ်းတွေ သိမ်းဆည်းရမိထားပါတယ်။
ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို အညာမြေတပ်ပေါင်းစု၊ ပခုက္ကူ တပ်ရင်း -၂၊ တပ်ရင်း – ၆၊တပ်ရင်း – ၇၊ Earthquake ၊ ပကဖ တပ်ရင်း – ၁၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ Black God တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကြေညာထားပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

