ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံတွေကို ဖမ်းဆီးကာ စစ်ကြောင်းထိုးပြီး ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ရွာတွေကို မနေ့က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မီးမရှို့တစ်ရက်က ယင်းမာပင်၊ ဘန့်ဘွေးပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 နဲ့ လာရောက်ပစ်ခတ်ပေးခတ်တယ်လို့ ဒေသ ပအဖခေါင်းဆောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဲဒီနောက်မှာ နမခကနေ စစ်ကူ ၁၀၀ လောက်ထပ်လွှတ်ပြီး ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာက နေအိမ်တစ်လုံးကို ဝင်ရောက်မီးရှို့ကာ ရွာသား ၁၁ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပအဖခေါင်းဆောင်ကဆိုပါတယ်။
“ကွေ့ချောင်း ရွာသား ၁၁ ဦးကို ဖမ်းပြီး နဘူးတောရွာကို တပ်စွဲပြီး ညအိပ်တယ်၊ အဲဒီအခြေနေကိုမသိတဲ့ ပြည်သူတွေက မနက်အရုဏ်တက် ရွာပြန်ကပ်ကြတဲ့အခါ စစ်ကောင်စီတပ်က ဖမ်းလိုက်တယ်ဗျ၊ ၃၀ ကျော်အဖမ်းခံရတယ်လို့ ခန့်မှန်းရမှာပဲ၊ လတ်တလော အတည်မပြုနိုင်သေးဘူး၊ အဆက်သွယ်တွေမရဘူးဖြစ်နေတယ်”လို့ ပအဖခေါင်းဆောင်ကပြောပါတယ်။
အဖမ်းခံရတဲ့ပြည်သူတွေကို ဓားစာခံလုပ်ပြီး ဘန့်ဘွေးပျူရွာကို မနေ့နံနက် ၉း၀၀ နာရီလောက်မှာ ဝင်သွားတယ်လို့ သူက ပြောပါတယ်။
“စစ်ပွဲအခြေနေက ရလဒ်မကောင်းဘူး။ စစ်ကူလာတာရော ၊လေကြောင်းပစ်ကူရောဆိုတော့ နောက်ဆုတ်ပေးလိုက်ရတယ်၊ ဒီနေ့လည်း အင်အားမမျှတော့ ဆက်မတိုက်ဖြစ်ဘူး၊ စကစဘက်က ထုံစံအတိုင်းပေါ့၊ ဘန့်ဘွေးပျူရွာနဲ့ လမ်းပဲခြားတဲ့ ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ရွာကိုမီးရှို့နေတယ်”လို့ ပအဖခေါင်းဆောင်က ပြောပါတယ်။
ယင်းမာပင်မြို့နယ် တိုက်နယ် ၂၊ ပကဖအဖွဲ့ဝင်တစ်ဦးကတော့ မီးရှို့ခံရတဲ့အိမ်ခြေ ၃၅ လုံးရှိကြောင်း အတည်ပြုပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေနဲ့ပတ်သက်လို့ ပြန်လွတ်လာတယ်လို့ ကြားရပေမယ့် ဘယ်သူမျှ အတည်မပြုနိုင်သေးဘဲ တစ်ဦးအသတ်ခံထားရတယ်လို့လည်း သိရကြောင်း ပြောပါတယ်။
ဘန့်ဘွေးရွာဟာ ယင်းမာပင်မြို့နယ်မှာ တစ်ရွာလုံးနီးပါး အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ပျူစောထီးရွာဖြစ်ပြီး မထောက်ခံတဲ့ပြည်သူတွေကတော့ ၂၀၂၁ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးပါပြီ။
ဘန့်ဘွေးရွာက ပျူစောထီးတွေဟာ အာဏာသိမ်းစစ်တပ်နဲ့အတူ ဒေသထဲက ကျေးရွာကို မီးလိုက်ရှို့ရာမှာ နာမည်ကျော်ပြီး လက်ရှိမှာတော့ သူတို့ကြောင့် ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာ၊ စုန်းချောင်းရွာ၊ နဘူးတောရွာ ဘန့်ဘွေးမြောက်ရွာ ထန်းဇင်ရွာက ပြည်သူ ၇,၅၀၀လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းစစ်ရှောင်ကူကယ်ရေးလုပ်နေတဲ့ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုဆီက သိရပါတယ်။
ပုံစာ – မနေ့ကမီးရှို့ခံထားရတဲ့ နေအိမ်များ
ဓာတ်ပုံ – ပေးပို့
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

