ဝင်းရေး – ၂၀၂၄ ဧပြီ ၂၃ (မော်ကွန်း)
ကော်သူးလေ၊ ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရုံးဟာ ဒီကနေ့နံနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ နံနက် ၁၀း၃၀ ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က လာရောက်ကြဲချခဲ့တာဖြစ်ပြီး အဆောက်အအုံတစ်လုံးပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရုံးနားကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့တိုက်ခိုက်ခံရမှုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ ပေါင် ၅၀၀ ဗုံးဖြစ်ပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဝင်းရေးမြို့နယ်ရုံးထဲက အဆောက်အအုံ
ဓါတ်ပုံ – ပေးပို့

