ဒူးပလာယာ -၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း)
ကေအဲန်ယူတပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့သစ်အနီးမှာ ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
ပစ်ချခံရတဲ့ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် လေတပ်ရဲ့ ၇၄ နှစ်မြောက် တပ်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်လာရောက်ကာ တပ်တော်ဝင်ထားတဲ့ ရဟတ်ယာဉ်နဲ့ ပုံစံတူညီပါတယ်။
လတ်တလော သင်္ဃန်းညီနောင်မှာ ပစ်ချခံရတဲ့အထဲ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် သေဆုံးသူတွေရှိနေတယ်လို့ သိထားရပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေကတော့ တိတိကျကျ မပြောဆိုသေးပါဘူး။
ပုံစာ – ပစ်ချခံရတဲ့ ရဟတ်ယာဉ်နဲ့ စစ်ခေါင်းဆောင်တပ်တော်ဝင်ခဲ့တဲ့ရဟတ်ယာဉ်
ဓါတ်ပုံ – Supplied / အာဏာသိမ်းစစ်တပ် Website

