ကျောက်မဲ – ၂၀၂၄ ဇန်နဝါရီ ၁၃ (မော်ကွန်း)
တရုတ်ကြားဝင်မှုကြောင့် မြောက်ပိုင်းသုံးဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ အပစ်ရပ်သဘောတူပြီးနောက် ဒီကနေ့နံနက်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အာဏာသိမ်းစစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့က TNLA တပ်ဖွဲ့ရှိရာ ငြိမ်းချမ်းရေးကုန်းကို အာဏာသိမ်းစစ်တပ်ဘက်က လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
TNLA ဘက်ကတော့ ဒေသခံတွေ စစ်ဘေးသင့်မှာစိုးတဲ့အတွက် နောက်ဆုတ်ပေးလိုက်တယ်လို့ဆိုပါတယ်။
အခုလ ၁၁ ရက်မှာ တရုတ်ကြားဝင်မှုကြောင့်
နှစ်ဘက်သဘောတူထားတဲ့ အပစ်ရပ်သဘောတူညီမှုကို အာဏာသိမ်းစစ်တပ်ဘက်က ပေါ်ပေါ်တင်တင်ချိုးဖောက်တာလို့ဆိုထားပါတယ်။
ပုံစာ – TNLA ဘက်က ထုတ်ပြန်တဲ့ မြေပုံ။

