ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၈ (မော်ကွန်း)
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းနဲ့ ကုန်သည်လမ်းထောင့်က အဆောက်အအုံမှာ ဒီနေ့လယ်က မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။
“သူဌေးရုံးခန်းလောင်တာ၊ အထဲမှာဘာမှတော့မရှိဘူး။ အသစ်ဆိုတော့လူမနေသေးဘူး”လို့ အဲဒီကွန်ဒိုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မီးလောင်တဲ့အဆောက်အအုံဟာ အသစ်ဖြစ်ပြီး အခန်းအများစုမှာ လူနေထိုင်ပုံ မရပါဘူး။ မီးလောင်းကျွမ်းတာဟာ မြေညီမှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်မှာ ဖြစ်ပွားတာဖြစ်ပြီး မီးပြတ်နေချိန် မီးစက်နှိုးထားရာကနေ အပူလွန်လောင်တာလို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။
မီးငြှိမ်းဖို့ ကွပ်ကဲရေးယာဉ်တွေအပါအဝင် မီးသတ်ကား ခုနှစ်စီးအသုံးပြု ငြှိမ်းသတ်တာကို တွေ့ရပါတယ်။
ပုံစာ- မီးလောင်နေတဲ့အဆောက်အအုံနဲ့ မီးသတ်သမားများ။
ဓါတ်ပုံ- မော်ကွန်း

