ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၃ (မော်ကွန်း)
ဒီနေ့ည ၈နာရီ ၅၅ မိနစ်ဝန်းကျင်က အင်အားအသင့်အတင့်ရှိတဲ့ငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။
ရန်ကုန်မြို့တွင်းက အထပ်မြင့်တိုက်ခန်းတွေမှာနေတဲ့သူတချို့လည်း တိုက်အောက်ကိုဆင်းပြေးခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
“အားအတော်ပြင်းတယ်။ တံခါးပေါက်တွေလည်း လှုပ်ခါသွားတာ။ အထပ်မြင့်တိုက်ခန်းဆိုတော့ ပိုသိသာတယ်။ခါရမ်းနေတာပဲ။ ကလေးတွေခေါ်ပြီးအောက်ဆင်းပြေးလိုက်ရတယ်”လို့ တာမွေမြို့နယ်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
ငလျင်ဒဏ်ကို ရန်ကုန်ကုန်မြို့တွင်းမြို့နယ်တွေအပြင် ဆင်ခြေဖုံးမြို့နယ်တွေမှာပါ သိသာစွာခံစားလိုက်ရတယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အခုညလှုပ်တဲ့ငလျင်ဟာ ပဲခူတိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်အကွာ၊ ဒိုက်ဦးမြို့နယ်ရဲ့ အနောက်ဘက် ၂၁မိုင် အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅.၁အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews

