ရန်ကုန်- ၂၀၂၃၊ ဇူလ်ိုင် ၂၇ (မော်ကွန်း)
လူတွေပြည့်ကြပ်နေတဲ့ YBS ယာဉ်လိုင်းပေါ်မှာ ကင်ဆာရောဂါသည်အမျိုးသမီးတစ်ဦး မနေ့ညနေ ၅:၀၀ နာရီဝန်းကျင်က အသက်ရှုကြပ်ပြီးမူးလဲသွားခဲ့ပါတယ်။
“တောက်လျှောက်လမ်းတွေပိတ်တာ။ ကားပေါ်မှာလူတွေကအရမ်းပြည့်ကြပ်နေတာနဲ့အခုလိုဖြစ်သွားတာ။” လို့အဲဒီအမျိုးသမီးကိုကူညီပေးတဲ့ကြက်ခြေနီသူနာပြုတစ်ဦးကပြောပါတယ်။
အဲဒီအမျိုးသမီးဟာ သားအိမ်ကင်ဆာရောဂါသည်ဖြစ်ပြီးသွေးဖြူဥနည်းနေလို့ရန်ကုန်ဆေးရုံကြီးမှာသွေးသွင်းပြီးYBS 118 ယာဉ်လ်ိုင်းနဲ့ ဂိတ်အဆုံးရွာသာကြီးမှတ်တိုင်ကိုပြန်လာတာပါ။
ဆေးရုံကြီးကနေပြန်လာတဲ့လမ်းမှာကားပေါ်လူတွေကြပ်နေလို့ အဲဒီအမျိုးသမီးဟာတာမွေပလာဇာမှတ်တိုင်မရောက်ခင်မှာပဲအသက်ရှုကြပ်တယ်လို့အော်ငိုနေတာပါ။
YBS 118 ယာဉ်လိုင်းဟာ ပြတင်းပေါက်ဖွင့်ပိတ်လို့မရတဲ့အလုံပိတ်ကားဖြစ်ပါတယ်။
ကားပေါ်ကခရီးသည်တွေထဲမှာကြက်ခြေနီလူငယ်နှစ်ဦးပါလာပြီး အဲဒီ့အမျိုးသမီးကိုကားအောက်ကိုတွဲခေါ်ကာ ရှေးဦးသူနာပြုနည်းနဲ့ကုသခဲ့တာပါ။
မကြာမီမှာပဲ တာမွေမြို့နယ်ပရဟိတအသင်းကရောက်ရှိလာပြီး အောက်ဆီဂျင်ပေးကာဆေးရုံခေါ်ဆောင်သွားပါတယ်။
ရန်ကုန်မြို့မှာညနေ ရုံးဆင်းချိန်ဆို YBS ယာဉ်လိုင်းလိုလိုမှာ ခရီးသည်တွေအမြဲပြည့်ကြပ်နေတာကြောင့် ရောဂါအခံရှိတဲ့သူတွေအသက်ရှုကြပ်ကာမူးလဲတဲ့ဖြစ်စဉ်တွေမကြာခဏမြင်တွေ့နေရပါတယ်။
ပုံစာ-အသက်ရှူကြပ်နေတဲ့အမျိုးသမီးအားကြက်ခြေနီသူနာပြုတွေဝိုင်းကူနေသည့်မြင်ကွင်း
Photo – Mawkun
#Dailynews

