ဆားလင်းကြီး – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ဒီကနေ့ နံနက် အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတစ်စီးဟာ ချင်းတွင်းတံကနေတဆင့် ပုသိမ်-မုံရွာလမ်းအတိုင်းဝင်ရောက်လာပြီး ဆားလင်းကြီးက မြန်မာဝမ်ပေါင်တရုတ်ကြေးနီစီမံကိန်းအတွက် လုံခြုံရေးယူဖို့ စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ယင်းမာပင်ခရိုင်ရဲတပ်ရင်းက ရဲတွေနဲ့ပါပူးပေါင်းပြီး မြောက်ယမာတံတားဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီစစ်ကြောင်းတွေဟာ တရုတ်ကြေးနီစီမံကိန်းထဲက ကြေးတွေ သယ်ယူဖို့နဲ့ ရိက္ခာတွေသယ်ပို့ဖို့အတွက် လုံခြုံရေးယူပေးရင်း ခုလိုပစ်ခတ်တာဖြစ်ကြောင်းနဲ့ မကြာခဏဒီလို ပြုလုပ်လေ့ရှိကြောင်းလည်း ဒေသခံတွေကပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးမှုတွေကြောင့် ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျနဲ့ ပေကုန်းရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – ယနေ့ထွက်ပြေးနေရတဲ့ ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ – Mawkun Magazine
#Dailynews

