အဟောင်းများရောင်းရန်ရှိသည်

အဟောင်းများရောင်းရန်ရှိသည်

၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆) မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ပစ္စည်းအဟောင်းတွေထဲမှာ ကောင်းတာတွေ ပါတတ် သလို အကောင်းတွေထဲမှာလည်း အဟောင်းတွေ ရောနေလေ့ရှိ တယ်။ ပစ္စည်းဟောင်းတွေရဲ့ မူလအစဟာ အသစ်ကျပ်ချွတ်တွေ ပါပဲ။ အဟောင်းဖြစ်ဖို့ ကာလတစ်ခုကို မုချဖြတ်သန်းခဲ့ရတာချည်း။ အဟောင်းသီးသန့် ထုတ်လုပ်လိုက်တဲ့ စက်ရုံရယ်လို့ လောကမှာ မရှိ။

ရွှေပြည်ကြီးအဖို့ အဟောင်းတွေက အသုံးတည့်လှတယ်။ အဖိုးနည်းဝန်ပါဖြစ်တာလည်း ပါတာပေါ့။ အခုတော့ ပစ္စည်း အသစ်အဆန်းတွေ (ပိုက်ဆံသာ တကယ်ပေါရင်)အလွယ်တကူ ဝယ်သုံးလို့ရနေပြီ။ ကျွန်တော်တို့ငယ်စဉ်က ဘာပစ္စည်းဖြစ်ဖြစ် ပြုပြင်သုံး၊ ဖာထေးသုံး၊ သပ်သပ်ရပ်ရပ်သုံး၊ ရိုရိုသေသေသုံးဆို တာတွေနဲ့ လုံးချာလိုက်ခဲ့ရတယ်။

အစစအရာရာ ရှားပါးပြတ်လပ်တဲ့ ခေတ်မို့ ပစ္စည်းအသစ် ကိုင်နိုင်ဖို့ဆိုတာ တော်ရုံလူ အိပ်မက်မမက်ရဲဘူး။ အဖေက အကြီး ရဲ့ အကျ၊ ဦးလေးက အဖေသုံးပြီးသားပစ္စည်း၊ ညီက အစ်ကိုရဲ့ လက်ကျ၊ လက်ဆင့်ကမ်းသုံးကြရတယ်။ ငယ်စဉ်ကျောင်းသား ဘ၀ ကျောင်းနေပါပြီဆိုတော့လည်း အစ်ကိုဖြစ်သူရဲ့ ကွန်ပါဘူး အဟောင်းကို ညီက လက်ဆင့်ကမ်းသုံးရတယ်။ ပုံနှိပ်စာအုပ်က လည်း အသစ်ရဖို့မလွယ်။ မဲပေါက်ပါမှ။ လူလေးဆယ်ရှိတဲ့ စာသင် ခန်းမှာ ကွန်ပါဘူးက လေး၊ ငါး၊ ခြောက်ဘူး ခွဲတမ်းရတာလေ။ ကွန်ပါဘူးမဲပေါက်တဲ့သူက ပုံနှိပ်စာအုပ် မဲနှိုက်ခွင့် မရှိ။ ပုံနှိပ်စာ အုပ်မှာလည်း အစုံလိုက် ဘယ်ကျောင်းသားမှ မရခဲ့ကြ။ သမိုင်း စာအုပ် မဲပေါက်သူက ပထဝီမရဘူး။ ပထဝီစာအုပ်မဲပေါက်သူက သိပ္ပံစာအုပ် မဲနှိုက်ခွင့်မရဘူး။ ဟန်တော့ကျတယ်။ ကျောင်းသား လေးဆယ်လောက်ရှိတဲ့ စာသင်ခန်းမှာ ကျောင်းသားတိုင်းက ကံ ထူးရှင်တွေချည်းပဲ။ ကွန်ပါဘူး မဲပေါက်တဲ့သူနဲ့၊ မြန်မာစာမဲပေါက် သူနဲ့၊ တချို့ကလည်း ခဲတံလေး၊ ပေတံလေး မဲပေါက်တယ်။ မာ စရိုက်လုံချည်တို့၊ တက်ထရွန်အဖြူတို့ မဲပေါက်တဲ့သူလည်း ရှိ တယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ရဲ့ ရွှေအိုရောင်နှစ်ကာ လများပေါ့။

ဘယ်ပစ္စည်းဖြစ်ဖြစ် လိုလို၊ မလိုလိုကို ဝယ်ထားကြရတယ်။ ဈေးကွက်ရဲ့ လိုအပ်ချက်အရ အဟောင်းဈေးကွက်က မဖြစ်မနေ ပေါ်လာရတယ်။ အခုခေတ်လို လက်ထဲ ပိုက်ဆံလေးရှိလို့ ကုမ္ပဏီ ထောင်ပြီး ကိုယ်လိုချင်တဲ့ပစ္စည်း ဝယ်သွင်းလို့ရတာ မဟုတ် ဘူး။ အစိုးရကိုယ်တိုင် တင်သွင်းလာတဲ့ပစ္စည်းကိုပဲ ခွဲတမ်းစနစ် နဲ့ သတ်မှတ်ဈေးအတိုင်း ပြည်သူတွေက ဝယ်ယူသုံးစွဲခဲ့ကြရတာ။

ပစ္စည်းအဟောင်းတွေ ဝယ်တဲ့သူတွေက တောင်းကြီး၊ တောင်းငယ်တွေ သယ်ပိုးပြီး ရပ်ကွက်တွေအတွင်း လှည့်ဝယ် ကြတယ်။ တချို့အဟောင်းဝယ်ကြသူတွေက ပစ္စည်းအဟောင်း  ယူပြီး မုန့်ပဲသရေစာနဲ့ လဲလှယ်ပေးကြတာလည်း ရှိတယ်။ အထူးသဖြင့် ပဲကြီးလှော်တို့၊ မရွေးတို့နဲ့ လဲလှယ်ကြတာပါ။ အဲဒီလို အသည်တွေလာရင် အိမ်ရှင်မတွေက သဘောကျတယ်။အနှစ်နှစ်အလလက စုဆောင်းထားတဲ့ အဟောင်းအမြင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အိမ်ထဲက ထွက်လာပြီး အဟောင်းဝယ် တဲ့ ဈေးသည်တွေထံ ရောင်းကြတယ်။ ကလေးတွေကလည်း တရုန်းရုန်းပေါ့။ ကလေးတွေကို ပဲကြီးလှော်တွေ အလကား ကျွေးတယ်။ ဈေးသည်တချို့က အဟောင်းတွေကို ငွေကြေးပေး ပြီးလည်း မဝယ်သလို အစားအသောက်နဲ့လည်း အလဲအလှယ် မလုပ်ကြဘူး။ သူတို့သယ်လာတဲ့ အိမ်ထောင်သုံးပစ္စည်းအသစ် တွေနဲ့ တန်ဖိုးသင့် လဲလှယ်ပေးကြတယ်။ ကျွန်တော်မှတ်မိ သလောက်ဆိုရင် ပလတ်စတစ်ဇလုံ၊ ဟင်းအုပ်တဲ့ ပလတ် စတစ်အုပ်ဆောင်း၊ ဓာတ်ဘူးစတာတွေနဲ့ လဲပေးကြတယ်။

ပုဆိုးစုတ်တွေ၊ ထဘီအဟောင်းတွေလည်း ဝယ်ကြတယ်။ ကျွန်တော်တို့အိမ်နီးချင်းတော်တော်များများ ရောင်းကြတယ်။ တကယ်တော့ ရောင်းတယ်ဆိုတာထက် လဲလှယ်တယ်လို့ပြော မှ ပိုမှန်တယ်။ ငွေနဲ့ပေးပြီး ဝယ်တဲ့သူက နည်းတယ်။ ရပ်ကွက် ထဲ လှည့်ဝယ်ကြသူအများစုက အိန္ဒိယနွယ်ဖွားတွေ များတယ်။ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားနေကြတာပဲ။

““အထည်ဟောင်း၊ အထည်စုတ်တွေ ဝယ်ဒယ်၊ ဒန်အိုး ပေါက်၊ ကြေးအိုးပေါက်တွေ ဝယ်ဒယ်၊ ပစ္စည်းအသစ်နဲ့ လဲဒယ်””

အိမ်ရှင်မတွေ လဲလှယ်ရောင်းချတယ်ဆိုတာ အိမ်မှာ ဘယ်လိုမှ သုံးလို့မရတော့တဲ့ ပစ္စည်းတွေကိုသာ ရောင်းကြတာ ပါ။ ဈေးသည်တွေ လာပြီဆိုမှ ချောင်ကြိုချောင်ကြားထိုးထားတဲ့ ပစ္စည်းတွေကို ထုတ်လာကြတာဖြစ်တယ်။ တချို့ပစ္စည်းတွေများ ပင့်ကူအိမ်တွေစွဲလို့ ဖုန်အထပ်ထပ် ကြေးအလိမ်းလိမ်းနဲ့။

ဒန်အိုးပေါက်တွေ၊ အဝတ်အစားအဟောင်းတွေ၊ ဖောင် တိန်အဟောင်း၊ နာရီအဟောင်းတွေ၊ ဓာတ်ဘူးအပျက်တွေ၊ မျက်မှန်ကိုင်းအကျိုးအပဲ့တွေ၊ ပုံနှိပ်စာအုပ်သုံးပြီးသားတွေ၊ မီး သီး၊ မီးချောင်းအကျွမ်းတွေ စုံနေတာပဲ။ ဘယ်လိုမှ ပြုပြင်ဖာ ထေးသုံးစွဲလို့ မရတော့လို့သာ ဈေးဖိုးရရ ကျောင်းစရိတ်လေး ရရဆိုပြီး ရောင်းချကြတာပါ။

မြန်မာ့လူ့အဖွဲ့အစည်းက (အရင်က) ပစ္စည်းတစ်ခုအပေါ် မှာ စသုံးပါပြီဆိုကတည်းက သံယောဇဉ်ထားပြီး သုံးတဲ့ ဓလေ့ ရှိတယ်။ တော်တော်နဲ့ စွန့်ပစ်ဖို့ ခဲယဉ်းတယ်။ ဘယ်ပစ္စည်းဖြစ် ဖြစ် စလယ်ဆုံးသုံးမှ ကျေနပ်ကြတယ်။ အခုခေတ်လို (Throw Away Society) သုံးပြီး လွှင့်ပစ်လူ့အဖွဲ့အစည်းမဟုတ်သေး ဘူး။ အခုခေတ်ကတော့ (ပိုက်ဆံသာပေါရင်) သုံးစရာပစ္စည်း တွေက ရေကန်အသင့် ကြာအသင့်။ သုံးပြီး လွှင့်ပစ်ရုံပဲ။ တချို့ များကြတော့ သုံးလက်စတောင် လွှင့်ပစ်ကြသေးတယ်။

ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေထဲမှာ ဘောလ်ပင် တစ်ချောင်းကို အစအဆုံး သုံးဖူးတဲ့သူ ရှားနေပြီ။ ဘောလ်ပင် ကိုယ်တိုင်က မင်မလိုက်တာနဲ့၊ မင်လိုက်ပြန်တော့လည်း သုံးစွဲ သူကိုယ်တိုင် စည်းကမ်းမရှိလို့ ပျောက်ပျက်သွားရတာနဲ့ဆို တော့ စလယ်ဆုံးသုံးလိုက်ရတယ်ကို မရှိတော့ဘူး။ ဘောလ်ပင် သုံးရင်း မင်ကုန်လို့ မင်ချောင်းဝယ်ထည့်ရတဲ့ ကျောင်းသားဆို တာ ယုန်ချို၊ လိပ်မွေးထက်တောင် ရှားသေး။ ဗြဟ္မာပြည်က အပ်တွေကို ကွန်တိန်နာနဲ့ လူ့ပြည်က အပ်စက်ရုံပေါ် ချရင် အပ် ချင်းထိဖို့ ဖြစ်နိုင်သေးတယ်။ မင်ကုန်လို့ မင်ချောင်းဝယ်ဖြည့်တဲ့ ကျောင်းသား ရှာဖို့ မလွယ်ဘူး။

တကယ်တော့ မြန်မာတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေ သုံးစွဲ တဲ့အခါ တရိုတသေသုံးလေ့ရှိတဲ့လူမျိုး ဖြစ်တယ်။ ခေတ်စနစ်က တောင်းဆိုလို့လည်း ဖြစ်နိုင်တာပေါ့။ အစစအရာရာ ရှားပါးနေ တော့ မရိုသေလို့ကလည်း မရဘူးလေ။

လက်ဝဲသမားတွေ မကြာခဏပြောလေ့ရှိတဲ့ စကားတစ် ခွန်းရှိတယ်။ “ဘဝက အသိကို ပြဋ္ဌာန်းသတဲ့”။ အဲဒီစကားစုကို မျက်စိစုံမှိတ်ပြီး ခေါင်းညိတ်ဖို့ မလိုသလို ဖင်ပိတ်ပြီး ငြင်းဖို့ လည်း မဟုတ်ပါဘူး။ စဉ်းစားဖို့ကောင်းတာကတော့ အမှန်ပဲ။

ကျေးလက်ဒေသတွေမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်း တွေရဲ့ စီမံခန့်ခွဲမှုကို လေ့လာကြည့်ရင် စနစ်ကျတဲ့ စီမံခန့်ခွဲမှုဆို တာ တွေ့ရမှာပါ။ သင်္ကန်းတစ်ထည် အလှူခံရလာပြီဆိုရင် ပထမဆုံး ဘုရားကို လှူတယ်၊ ဘုရားလှူပြီးရင် တရားပွဲလာပင့် တဲ့အခါ၊ ဆွမ်းကပ်လာပင့်တဲ့အခါ သင်္ကန်းအသစ်ကို ရုံသွား တယ်။ ပြန်လာရင် ကျောင်းထဲမှာပဲ လှန်းတယ်။ (အရောင်လွင့် သွားမှာစိုးလို့ နေပူထဲ မလှန်းဘူး)။ နောက်တော့ အဲဒီသင်္ကန်း ကိုပဲ ထသွားလာသွားရှိတဲ့အခါ အပေါ်ရုံသင်္ကန်းအဖြစ် သုံး တယ်။ နည်းနည်းနွမ်းသွားရင် ကျောင်းမှာ သီတင်းသုံးတဲ့အခါ သုံးတယ်။ စုတ်လာရင်တော့ ရေချိုးတဲ့အခါ ရေလဲအဖြစ် သုံး ပြန်ရော။ ရေလဲသုံးလို့မရတော့ဘူးဆိုရင် ကြမ်းတိုက်အဖြစ် သုံးကြပြန်တယ်။ နောက်ဆုံး ကြမ်းတိုက်လို့ မရအောင်အထိ အပိုင်းပိုင်းပြတ်လာတဲ့အခါ ရေနံချေးနဲ့ စိမ်ပြီး မီးစာအဖြစ် မီး မွှေးရာမှာ အသုံးပြုတယ်။ ပစ္စည်းတစ်ခုအပေါ်မှာ စလယ်ဆုံး အသုံးပြုသွားတာပါ။

ဒါတင်မကသေးဘူး၊ ဆွမ်း၊ ကွမ်းတွေ စီမံခန့်ခွဲတာလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ဆွမ်းခံလို့ရလာတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို အရင်ဆုံး ဘုရားမှာ ဆွမ်းတော်ကပ်တယ်။ ဆွမ်းတော်ချရင် ကျောင်းထိုင်ဘုန်းကြီးနဲ့ ဦးဇင်းဘုဉ်းပေး တယ်။ ဆရာတော်ကြီးတွေပြီးမှ ကိုရင်ငယ်တွေ ဘုဉ်းပေးကြရ တယ်။ အဲဒီနောက် ကပ္ပိယနဲ့ ဘုန်းကြီးကျောင်းသားတွေအလှည့် ပေါ့။ ကျောင်းမှာရှိတဲ့ လူကုန်တဲ့အထိ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ပိုနေသေးရင် ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေကို ကျွေးမွေးကြပြန်တယ်။ ပိုနေသေးရင် ကျေးငှက်တွေကို ကျွေး တယ်။ ပိုနေသေးရင် ဆွမ်းဟင်းတွေကို ပေါင်းပြီး ဟင်းလေး ချက်လိုက်တယ်။ နောက်တစ်နေ့စာအတွက်ပေါ့။ ဆွမ်းတွေကို တော့ နေလှန်းပြီး ရိက္ခာခြောက်အဖြစ် စုဆောင်းထားရသေး တာ။ ၀၀လင်လင် စည်းကမ်းရှိရှိ စားကြရတဲ့အပြင် အလေ အလွင့်လည်း မရှိဘူး။

ခေတ်တွေပြောင်းလာပြီဆိုတော့ အဟောင်းရောင်းတဲ့ ဓလေ့ သိပ်မရှိတော့ဘူး။ အဝတ်အစားဟောင်းတွေ၊ မီးချောင်း အဟောင်းတွေ လိုက်ဝယ်တာ သိပ်မတွေ့ရတော့ပေမယ့် ပုလင်းအဟောင်းတို့၊ စက္ကူအဟောင်းတို့ကတော့ အခုအချိန် အထိ ရောင်းပန်းဝယ်ပန်းလှနေတုန်းပဲ။

ဘာကြောင့် အဟောင်းလုပ်ငန်း ကွယ်ပျောက်စပြုရတာ လဲ။ ခေတ်စနစ်က မတောင်းဆိုတော့လို့လား။စဉ်းစားဖို့ကောင်း တယ်။ ဒါပေမဲ့ အဟောင်းဈေးကွက်မှာ အမည်သစ်တွေ ဝင်လာ တာတော့ ရှိတာပေါ့။ အရင်က သိပ်ကြားရလေ့မရှိတဲ့ အိမ် ဟောင်း၊ တိုက်ဟောင်း ရောင်းဝယ်တာတို့၊ တီဗီတို့၊ အောက် စက်အဟောင်းတို့ စတဲ့ အီလက်ထရောနစ်အဟောင်းရောင်း ဝယ်တာတို့တွေတော့ ပေါ်ပေါက်လာတယ်။ ဟန်းဆက် အဟောင်း၊ ကွန်ပျူတာအဟောင်း၊ တက်ပလက်အဟောင်းတွေ လည်း ဈေးကွက်ထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။

အဟောင်းတွေ ရောင်းရာဝယ်ရာမှာ မိတ်ဆွေတစ် ယောက်ရဲ့ မှတ်ချက်စကားကလည်း စိတ်ဝင်စားစရာကောင်း တယ်။ သူက ဓာတ်ဘူးအဟောင်းတွေ ရောင်းဝယ်တာနဲ့ ပတ် သက်ပြီး မျက်စိစပါးမွေးစူးနေပုံရတယ်။ ဓာတ်ဘူးအဟောင်း ရောင်းပြီး ဈေးသည်ဆီက ပါလာတဲ့ ဓာတ်ဘူးအသစ်ကို အလိုက်ပေးပြီး ပြန်ဝယ်တဲ့အခါ အများစုက ဓာတ်ဘူးအဖုံးလေး ဖွင့်ပြီး အသံနေအသံထားကို နားထောင်ကြည့်ကြတယ်။ အဲဒီ လုပ်ရပ်အပေါ်မှာ အမြင်မကြည်လင်တာပါ။

““ဓာတ်ဘူးအသံ နားထောင်ရုံနဲ့ ဓာတ်ဘူးကောင်း၊ မကောင်း ဘယ်လိုခွဲခြားသလဲတော့ မသိဘူး။ ဓာတ်ဘူးတိုင်းက တော့ အဖုံးဖွင့်နားထောင်ရင် အသံကတော့ မြည်ကြတာချည်း ပဲ””တဲ့လေ။ ကျွန်တော်ကတော့ သူ့ကို ဘာထင်မြင်ချက်မှ မပေး မိဘူး။

အခြေအနေပေးရင် ကျွန်တော်လည်း အဟောင်းတွေ ရောင်းချင်သေးတယ်။ ကျွန်တော်ရောင်းချင်တဲ့ အဟောင်းတွေ က ရုပ်ဝတ္ထုပစ္စည်းအဟောင်းတွေတော့ မဟုတ်ဘူး။  အချင်း ချင်းတော့ အားနာလို့ မရောင်းချင်ဘူး။ အိတ်စပို့ပို့လို့ရရင် ပို ကောင်းမယ်။ ကွန်တိန်နာနဲ့ အလုံး ၂၀ လောက်ရှိတယ်။

ကျွန်တော်တို့ဆီက သယံဇာတတွေ၊ တွင်းထွက်တွေ၊ ကျောက်မျက်တွေ (လူတောင် ဝယ်တယ်) ဘာဖြစ်ဖြစ် ဒိုင်ခံ ဝယ်နေတဲ့ ပုံမှန်ဖောက်သည်ကြီးဆီ ရောင်းလိုက်ရင်တော့ ထောပြီ။ ကျွန်တော်ရောင်းမယ့်ပစ္စည်းတွေက အခြားတော့ မဟုတ်ပါဘူး။ နောင်တတွေရယ်၊ သင်ခန်းစာတွေရယ်၊ ပိုက်ဆံ ချေးပြီး ပြန်မဆပ်တဲ့ မိတ်ဆွေတစ်ယောက်၊ ကွယ်ရာမှာ အတင်းတုတ်လေ့ရှိတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်၊ တချို့လူ တွေကတော့ ခြစားမှုတို့၊ အာဏာရှင်စနစ်တို့၊ လာဘ်ပေးလာဘ် ယူလိုဟာမျိုးတို့ ရောင်းချင်ကြသတဲ့။ ခင်ဗျားတို့ရော ဘယ်လို အဟောင်းတွေ ရောင်းချင်ကြလဲ။ ဝယ်လက်ကောင်းကောင်းရှိ ရင် လက်တို့အသိပေးကြစေလိုပါတယ်။ ပွဲခကောင်းကောင်း ပေးပါ့မယ်။ အရင်ခေတ်က ဘာအလဲသည်တွေကိုတော့ လွမ်းမိပါရဲ့။        ။

[:en]ပစ္စည်းအဟောင်းတွေထဲမှာ ကောင်းတာတွေ ပါတတ် သလို အကောင်းတွေထဲမှာလည်း အဟောင်းတွေ ရောနေလေ့ရှိ တယ်။ ပစ္စည်းဟောင်းတွေရဲ့ မူလအစဟာ အသစ်ကျပ်ချွတ်တွေ ပါပဲ။ အဟောင်းဖြစ်ဖို့ ကာလတစ်ခုကို မုချဖြတ်သန်းခဲ့ရတာချည်း။ အဟောင်းသီးသန့် ထုတ်လုပ်လိုက်တဲ့ စက်ရုံရယ်လို့ လောကမှာ မရှိ။

 

ရွှေပြည်ကြီးအဖို့ အဟောင်းတွေက အသုံးတည့်လှတယ်။ အဖိုးနည်းဝန်ပါဖြစ်တာလည်း ပါတာပေါ့။ အခုတော့ ပစ္စည်း အသစ်အဆန်းတွေ (ပိုက်ဆံသာ တကယ်ပေါရင်)အလွယ်တကူ ဝယ်သုံးလို့ရနေပြီ။ ကျွန်တော်တို့ငယ်စဉ်က ဘာပစ္စည်းဖြစ်ဖြစ် ပြုပြင်သုံး၊ ဖာထေးသုံး၊ သပ်သပ်ရပ်ရပ်သုံး၊ ရိုရိုသေသေသုံးဆို တာတွေနဲ့ လုံးချာလိုက်ခဲ့ရတယ်။

အစစအရာရာ ရှားပါးပြတ်လပ်တဲ့ ခေတ်မို့ ပစ္စည်းအသစ် ကိုင်နိုင်ဖို့ဆိုတာ တော်ရုံလူ အိပ်မက်မမက်ရဲဘူး။ အဖေက အကြီး ရဲ့ အကျ၊ ဦးလေးက အဖေသုံးပြီးသားပစ္စည်း၊ ညီက အစ်ကိုရဲ့ လက်ကျ၊ လက်ဆင့်ကမ်းသုံးကြရတယ်။ ငယ်စဉ်ကျောင်းသား ဘ၀ ကျောင်းနေပါပြီဆိုတော့လည်း အစ်ကိုဖြစ်သူရဲ့ ကွန်ပါဘူး အဟောင်းကို ညီက လက်ဆင့်ကမ်းသုံးရတယ်။ ပုံနှိပ်စာအုပ်က လည်း အသစ်ရဖို့မလွယ်။ မဲပေါက်ပါမှ။ လူလေးဆယ်ရှိတဲ့ စာသင် ခန်းမှာ ကွန်ပါဘူးက လေး၊ ငါး၊ ခြောက်ဘူး ခွဲတမ်းရတာလေ။ ကွန်ပါဘူးမဲပေါက်တဲ့သူက ပုံနှိပ်စာအုပ် မဲနှိုက်ခွင့် မရှိ။ ပုံနှိပ်စာ အုပ်မှာလည်း အစုံလိုက် ဘယ်ကျောင်းသားမှ မရခဲ့ကြ။ သမိုင်း စာအုပ် မဲပေါက်သူက ပထဝီမရဘူး။ ပထဝီစာအုပ်မဲပေါက်သူက သိပ္ပံစာအုပ် မဲနှိုက်ခွင့်မရဘူး။ ဟန်တော့ကျတယ်။ ကျောင်းသား လေးဆယ်လောက်ရှိတဲ့ စာသင်ခန်းမှာ ကျောင်းသားတိုင်းက ကံ ထူးရှင်တွေချည်းပဲ။ ကွန်ပါဘူး မဲပေါက်တဲ့သူနဲ့၊ မြန်မာစာမဲပေါက် သူနဲ့၊ တချို့ကလည်း ခဲတံလေး၊ ပေတံလေး မဲပေါက်တယ်။ မာ စရိုက်လုံချည်တို့၊ တက်ထရွန်အဖြူတို့ မဲပေါက်တဲ့သူလည်း ရှိ တယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ရဲ့ ရွှေအိုရောင်နှစ်ကာ လများပေါ့။

ဘယ်ပစ္စည်းဖြစ်ဖြစ် လိုလို၊ မလိုလိုကို ဝယ်ထားကြရတယ်။ ဈေးကွက်ရဲ့ လိုအပ်ချက်အရ အဟောင်းဈေးကွက်က မဖြစ်မနေ ပေါ်လာရတယ်။ အခုခေတ်လို လက်ထဲ ပိုက်ဆံလေးရှိလို့ ကုမ္ပဏီ ထောင်ပြီး ကိုယ်လိုချင်တဲ့ပစ္စည်း ဝယ်သွင်းလို့ရတာ မဟုတ် ဘူး။ အစိုးရကိုယ်တိုင် တင်သွင်းလာတဲ့ပစ္စည်းကိုပဲ ခွဲတမ်းစနစ် နဲ့ သတ်မှတ်ဈေးအတိုင်း ပြည်သူတွေက ဝယ်ယူသုံးစွဲခဲ့ကြရတာ။

ပစ္စည်းအဟောင်းတွေ ဝယ်တဲ့သူတွေက တောင်းကြီး၊ တောင်းငယ်တွေ သယ်ပိုးပြီး ရပ်ကွက်တွေအတွင်း လှည့်ဝယ် ကြတယ်။ တချို့အဟောင်းဝယ်ကြသူတွေက ပစ္စည်းအဟောင်း  ယူပြီး မုန့်ပဲသရေစာနဲ့ လဲလှယ်ပေးကြတာလည်း ရှိတယ်။ အထူးသဖြင့် ပဲကြီးလှော်တို့၊ မရွေးတို့နဲ့ လဲလှယ်ကြတာပါ။ အဲဒီလို အသည်တွေလာရင် အိမ်ရှင်မတွေက သဘောကျတယ်။အနှစ်နှစ်အလလက စုဆောင်းထားတဲ့ အဟောင်းအမြင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အိမ်ထဲက ထွက်လာပြီး အဟောင်းဝယ် တဲ့ ဈေးသည်တွေထံ ရောင်းကြတယ်။ ကလေးတွေကလည်း တရုန်းရုန်းပေါ့။ ကလေးတွေကို ပဲကြီးလှော်တွေ အလကား ကျွေးတယ်။ ဈေးသည်တချို့က အဟောင်းတွေကို ငွေကြေးပေး ပြီးလည်း မဝယ်သလို အစားအသောက်နဲ့လည်း အလဲအလှယ် မလုပ်ကြဘူး။ သူတို့သယ်လာတဲ့ အိမ်ထောင်သုံးပစ္စည်းအသစ် တွေနဲ့ တန်ဖိုးသင့် လဲလှယ်ပေးကြတယ်။ ကျွန်တော်မှတ်မိ သလောက်ဆိုရင် ပလတ်စတစ်ဇလုံ၊ ဟင်းအုပ်တဲ့ ပလတ် စတစ်အုပ်ဆောင်း၊ ဓာတ်ဘူးစတာတွေနဲ့ လဲပေးကြတယ်။

ပုဆိုးစုတ်တွေ၊ ထဘီအဟောင်းတွေလည်း ဝယ်ကြတယ်။ ကျွန်တော်တို့အိမ်နီးချင်းတော်တော်များများ ရောင်းကြတယ်။ တကယ်တော့ ရောင်းတယ်ဆိုတာထက် လဲလှယ်တယ်လို့ပြော မှ ပိုမှန်တယ်။ ငွေနဲ့ပေးပြီး ဝယ်တဲ့သူက နည်းတယ်။ ရပ်ကွက် ထဲ လှည့်ဝယ်ကြသူအများစုက အိန္ဒိယနွယ်ဖွားတွေ များတယ်။ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားနေကြတာပဲ။

““အထည်ဟောင်း၊ အထည်စုတ်တွေ ဝယ်ဒယ်၊ ဒန်အိုး ပေါက်၊ ကြေးအိုးပေါက်တွေ ဝယ်ဒယ်၊ ပစ္စည်းအသစ်နဲ့ လဲဒယ်””

အိမ်ရှင်မတွေ လဲလှယ်ရောင်းချတယ်ဆိုတာ အိမ်မှာ ဘယ်လိုမှ သုံးလို့မရတော့တဲ့ ပစ္စည်းတွေကိုသာ ရောင်းကြတာ ပါ။ ဈေးသည်တွေ လာပြီဆိုမှ ချောင်ကြိုချောင်ကြားထိုးထားတဲ့ ပစ္စည်းတွေကို ထုတ်လာကြတာဖြစ်တယ်။ တချို့ပစ္စည်းတွေများ ပင့်ကူအိမ်တွေစွဲလို့ ဖုန်အထပ်ထပ် ကြေးအလိမ်းလိမ်းနဲ့။

ဒန်အိုးပေါက်တွေ၊ အဝတ်အစားအဟောင်းတွေ၊ ဖောင် တိန်အဟောင်း၊ နာရီအဟောင်းတွေ၊ ဓာတ်ဘူးအပျက်တွေ၊ မျက်မှန်ကိုင်းအကျိုးအပဲ့တွေ၊ ပုံနှိပ်စာအုပ်သုံးပြီးသားတွေ၊ မီး သီး၊ မီးချောင်းအကျွမ်းတွေ စုံနေတာပဲ။ ဘယ်လိုမှ ပြုပြင်ဖာ ထေးသုံးစွဲလို့ မရတော့လို့သာ ဈေးဖိုးရရ ကျောင်းစရိတ်လေး ရရဆိုပြီး ရောင်းချကြတာပါ။

မြန်မာ့လူ့အဖွဲ့အစည်းက (အရင်က) ပစ္စည်းတစ်ခုအပေါ် မှာ စသုံးပါပြီဆိုကတည်းက သံယောဇဉ်ထားပြီး သုံးတဲ့ ဓလေ့ ရှိတယ်။ တော်တော်နဲ့ စွန့်ပစ်ဖို့ ခဲယဉ်းတယ်။ ဘယ်ပစ္စည်းဖြစ် ဖြစ် စလယ်ဆုံးသုံးမှ ကျေနပ်ကြတယ်။ အခုခေတ်လို (Throw Away Society) သုံးပြီး လွှင့်ပစ်လူ့အဖွဲ့အစည်းမဟုတ်သေး ဘူး။ အခုခေတ်ကတော့ (ပိုက်ဆံသာပေါရင်) သုံးစရာပစ္စည်း တွေက ရေကန်အသင့် ကြာအသင့်။ သုံးပြီး လွှင့်ပစ်ရုံပဲ။ တချို့ များကြတော့ သုံးလက်စတောင် လွှင့်ပစ်ကြသေးတယ်။

ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေထဲမှာ ဘောလ်ပင် တစ်ချောင်းကို အစအဆုံး သုံးဖူးတဲ့သူ ရှားနေပြီ။ ဘောလ်ပင် ကိုယ်တိုင်က မင်မလိုက်တာနဲ့၊ မင်လိုက်ပြန်တော့လည်း သုံးစွဲ သူကိုယ်တိုင် စည်းကမ်းမရှိလို့ ပျောက်ပျက်သွားရတာနဲ့ဆို တော့ စလယ်ဆုံးသုံးလိုက်ရတယ်ကို မရှိတော့ဘူး။ ဘောလ်ပင် သုံးရင်း မင်ကုန်လို့ မင်ချောင်းဝယ်ထည့်ရတဲ့ ကျောင်းသားဆို တာ ယုန်ချို၊ လိပ်မွေးထက်တောင် ရှားသေး။ ဗြဟ္မာပြည်က အပ်တွေကို ကွန်တိန်နာနဲ့ လူ့ပြည်က အပ်စက်ရုံပေါ် ချရင် အပ် ချင်းထိဖို့ ဖြစ်နိုင်သေးတယ်။ မင်ကုန်လို့ မင်ချောင်းဝယ်ဖြည့်တဲ့ ကျောင်းသား ရှာဖို့ မလွယ်ဘူး။

တကယ်တော့ မြန်မာတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေ သုံးစွဲ တဲ့အခါ တရိုတသေသုံးလေ့ရှိတဲ့လူမျိုး ဖြစ်တယ်။ ခေတ်စနစ်က တောင်းဆိုလို့လည်း ဖြစ်နိုင်တာပေါ့။ အစစအရာရာ ရှားပါးနေ တော့ မရိုသေလို့ကလည်း မရဘူးလေ။

လက်ဝဲသမားတွေ မကြာခဏပြောလေ့ရှိတဲ့ စကားတစ် ခွန်းရှိတယ်။ “ဘဝက အသိကို ပြဋ္ဌာန်းသတဲ့”။ အဲဒီစကားစုကို မျက်စိစုံမှိတ်ပြီး ခေါင်းညိတ်ဖို့ မလိုသလို ဖင်ပိတ်ပြီး ငြင်းဖို့ လည်း မဟုတ်ပါဘူး။ စဉ်းစားဖို့ကောင်းတာကတော့ အမှန်ပဲ။

ကျေးလက်ဒေသတွေမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်း တွေရဲ့ စီမံခန့်ခွဲမှုကို လေ့လာကြည့်ရင် စနစ်ကျတဲ့ စီမံခန့်ခွဲမှုဆို တာ တွေ့ရမှာပါ။ သင်္ကန်းတစ်ထည် အလှူခံရလာပြီဆိုရင် ပထမဆုံး ဘုရားကို လှူတယ်၊ ဘုရားလှူပြီးရင် တရားပွဲလာပင့် တဲ့အခါ၊ ဆွမ်းကပ်လာပင့်တဲ့အခါ သင်္ကန်းအသစ်ကို ရုံသွား တယ်။ ပြန်လာရင် ကျောင်းထဲမှာပဲ လှန်းတယ်။ (အရောင်လွင့် သွားမှာစိုးလို့ နေပူထဲ မလှန်းဘူး)။ နောက်တော့ အဲဒီသင်္ကန်း ကိုပဲ ထသွားလာသွားရှိတဲ့အခါ အပေါ်ရုံသင်္ကန်းအဖြစ် သုံး တယ်။ နည်းနည်းနွမ်းသွားရင် ကျောင်းမှာ သီတင်းသုံးတဲ့အခါ သုံးတယ်။ စုတ်လာရင်တော့ ရေချိုးတဲ့အခါ ရေလဲအဖြစ် သုံး ပြန်ရော။ ရေလဲသုံးလို့မရတော့ဘူးဆိုရင် ကြမ်းတိုက်အဖြစ် သုံးကြပြန်တယ်။ နောက်ဆုံး ကြမ်းတိုက်လို့ မရအောင်အထိ အပိုင်းပိုင်းပြတ်လာတဲ့အခါ ရေနံချေးနဲ့ စိမ်ပြီး မီးစာအဖြစ် မီး မွှေးရာမှာ အသုံးပြုတယ်။ ပစ္စည်းတစ်ခုအပေါ်မှာ စလယ်ဆုံး အသုံးပြုသွားတာပါ။

ဒါတင်မကသေးဘူး၊ ဆွမ်း၊ ကွမ်းတွေ စီမံခန့်ခွဲတာလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ဆွမ်းခံလို့ရလာတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို အရင်ဆုံး ဘုရားမှာ ဆွမ်းတော်ကပ်တယ်။ ဆွမ်းတော်ချရင် ကျောင်းထိုင်ဘုန်းကြီးနဲ့ ဦးဇင်းဘုဉ်းပေး တယ်။ ဆရာတော်ကြီးတွေပြီးမှ ကိုရင်ငယ်တွေ ဘုဉ်းပေးကြရ တယ်။ အဲဒီနောက် ကပ္ပိယနဲ့ ဘုန်းကြီးကျောင်းသားတွေအလှည့် ပေါ့။ ကျောင်းမှာရှိတဲ့ လူကုန်တဲ့အထိ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ပိုနေသေးရင် ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ၊ ကြောင်တွေကို ကျွေးမွေးကြပြန်တယ်။ ပိုနေသေးရင် ကျေးငှက်တွေကို ကျွေး တယ်။ ပိုနေသေးရင် ဆွမ်းဟင်းတွေကို ပေါင်းပြီး ဟင်းလေး ချက်လိုက်တယ်။ နောက်တစ်နေ့စာအတွက်ပေါ့။ ဆွမ်းတွေကို တော့ နေလှန်းပြီး ရိက္ခာခြောက်အဖြစ် စုဆောင်းထားရသေး တာ။ ၀၀လင်လင် စည်းကမ်းရှိရှိ စားကြရတဲ့အပြင် အလေ အလွင့်လည်း မရှိဘူး။

ခေတ်တွေပြောင်းလာပြီဆိုတော့ အဟောင်းရောင်းတဲ့ ဓလေ့ သိပ်မရှိတော့ဘူး။ အဝတ်အစားဟောင်းတွေ၊ မီးချောင်း အဟောင်းတွေ လိုက်ဝယ်တာ သိပ်မတွေ့ရတော့ပေမယ့် ပုလင်းအဟောင်းတို့၊ စက္ကူအဟောင်းတို့ကတော့ အခုအချိန် အထိ ရောင်းပန်းဝယ်ပန်းလှနေတုန်းပဲ။

ဘာကြောင့် အဟောင်းလုပ်ငန်း ကွယ်ပျောက်စပြုရတာ လဲ။ ခေတ်စနစ်က မတောင်းဆိုတော့လို့လား။စဉ်းစားဖို့ကောင်း တယ်။ ဒါပေမဲ့ အဟောင်းဈေးကွက်မှာ အမည်သစ်တွေ ဝင်လာ တာတော့ ရှိတာပေါ့။ အရင်က သိပ်ကြားရလေ့မရှိတဲ့ အိမ် ဟောင်း၊ တိုက်ဟောင်း ရောင်းဝယ်တာတို့၊ တီဗီတို့၊ အောက် စက်အဟောင်းတို့ စတဲ့ အီလက်ထရောနစ်အဟောင်းရောင်း ဝယ်တာတို့တွေတော့ ပေါ်ပေါက်လာတယ်။ ဟန်းဆက် အဟောင်း၊ ကွန်ပျူတာအဟောင်း၊ တက်ပလက်အဟောင်းတွေ လည်း ဈေးကွက်ထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါပြီ။

အဟောင်းတွေ ရောင်းရာဝယ်ရာမှာ မိတ်ဆွေတစ် ယောက်ရဲ့ မှတ်ချက်စကားကလည်း စိတ်ဝင်စားစရာကောင်း တယ်။ သူက ဓာတ်ဘူးအဟောင်းတွေ ရောင်းဝယ်တာနဲ့ ပတ် သက်ပြီး မျက်စိစပါးမွေးစူးနေပုံရတယ်။ ဓာတ်ဘူးအဟောင်း ရောင်းပြီး ဈေးသည်ဆီက ပါလာတဲ့ ဓာတ်ဘူးအသစ်ကို အလိုက်ပေးပြီး ပြန်ဝယ်တဲ့အခါ အများစုက ဓာတ်ဘူးအဖုံးလေး ဖွင့်ပြီး အသံနေအသံထားကို နားထောင်ကြည့်ကြတယ်။ အဲဒီ လုပ်ရပ်အပေါ်မှာ အမြင်မကြည်လင်တာပါ။

““ဓာတ်ဘူးအသံ နားထောင်ရုံနဲ့ ဓာတ်ဘူးကောင်း၊ မကောင်း ဘယ်လိုခွဲခြားသလဲတော့ မသိဘူး။ ဓာတ်ဘူးတိုင်းက တော့ အဖုံးဖွင့်နားထောင်ရင် အသံကတော့ မြည်ကြတာချည်း ပဲ””တဲ့လေ။ ကျွန်တော်ကတော့ သူ့ကို ဘာထင်မြင်ချက်မှ မပေး မိဘူး။

အခြေအနေပေးရင် ကျွန်တော်လည်း အဟောင်းတွေ ရောင်းချင်သေးတယ်။ ကျွန်တော်ရောင်းချင်တဲ့ အဟောင်းတွေ က ရုပ်ဝတ္ထုပစ္စည်းအဟောင်းတွေတော့ မဟုတ်ဘူး။  အချင်း ချင်းတော့ အားနာလို့ မရောင်းချင်ဘူး။ အိတ်စပို့ပို့လို့ရရင် ပို ကောင်းမယ်။ ကွန်တိန်နာနဲ့ အလုံး ၂၀ လောက်ရှိတယ်။

ကျွန်တော်တို့ဆီက သယံဇာတတွေ၊ တွင်းထွက်တွေ၊ ကျောက်မျက်တွေ (လူတောင် ဝယ်တယ်) ဘာဖြစ်ဖြစ် ဒိုင်ခံ ဝယ်နေတဲ့ ပုံမှန်ဖောက်သည်ကြီးဆီ ရောင်းလိုက်ရင်တော့ ထောပြီ။ ကျွန်တော်ရောင်းမယ့်ပစ္စည်းတွေက အခြားတော့ မဟုတ်ပါဘူး။ နောင်တတွေရယ်၊ သင်ခန်းစာတွေရယ်၊ ပိုက်ဆံ ချေးပြီး ပြန်မဆပ်တဲ့ မိတ်ဆွေတစ်ယောက်၊ ကွယ်ရာမှာ အတင်းတုတ်လေ့ရှိတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်၊ တချို့လူ တွေကတော့ ခြစားမှုတို့၊ အာဏာရှင်စနစ်တို့၊ လာဘ်ပေးလာဘ် ယူလိုဟာမျိုးတို့ ရောင်းချင်ကြသတဲ့။ ခင်ဗျားတို့ရော ဘယ်လို အဟောင်းတွေ ရောင်းချင်ကြလဲ။ ဝယ်လက်ကောင်းကောင်းရှိ ရင် လက်တို့အသိပေးကြစေလိုပါတယ်။ ပွဲခကောင်းကောင်း ပေးပါ့မယ်။ အရင်ခေတ်က ဘာအလဲသည်တွေကိုတော့ လွမ်းမိပါရဲ့။—

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."