ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် ဒီကနေ့မှာ ဘက်ဟိုးမြေတူးစက်တွေနဲ့ လမ်းကို စစ်တပ်ကဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ညောင်ပင်ကြီးကနေ ဆားလင်းကြီးကိုသွားတဲ့လမ်းကို ဘက်ဟိုးတွေနဲ့ ဖျက်ဆီးပစ်တာဖြစ်ပြီး ညောင်ပင်ကြီးတိုက်ပွဲမှာ စစ်တပ်ဘက်က အရေးနိမ့်ခဲ့တာကြောင့် ခုလိုဖျက်ဆီးတာဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။
ဒီကနေ့ နေ့လယ် ၁၂း၀၀ နာရီလောက်မှာ စစ်ကြောင်းဟာ မုံရွာကနေ ချင်းတွင်းမြစ်ကိုကူးပြီး ညောင်ပင်ကြီးဘက်ကို ကူးလာခဲ့ပြီး ဇာတ်သဘော်ပေါ်မှာ ဘက်ဟိုးလည်းပါလာတယ်လို့ မြင်တွေ့ရတဲ့ ဒေသခံတွေကဆိုပါတယ်။
အခုအချိန်မှာတော့ စစ်ကြောင်းဟာ ညောင်ပင်ကြီးရွာကို မီးဆက်ရှို့နေပြီး တိုက်ပွဲဖြစ်တဲ့နေ့ကနေ ဒီနေ့ထိ သုံးရက်ဆက်တိုက်မီးရှို့နေတာဖြစ်ပါတယ်။
#Dailynews

