မတ္တရာ – ၂၀၂၃ မေ ၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်မြစ်ကို မနေ့မနက် ၂း၀၀နာရီဝန်းကျင်က လှေနဲ့ဖြတ်ကူးတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေ လှေမှောက်ပြီး ခြောက်ဥိီးသေဆုံးတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ဗိုလ်ကျားကြီးကပြောပါတယ်။
မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ပေ ၁၀၀ အကျယ်ရှိတဲ့ ညောင်မြစ်ကိုလှေနဲ့ဖြတ်ကူးချ်ိန်မှာလှေမှောက်ပြီး သေဆုံးကြတာလို့ သူကပြောပါတယ်။
“ရေစီးကနည်းနည်းသန်တယ်၊ ချောက်ထဲကျတာပေါ့၊ ရေကသိပ်ပြောပလောက်အောင်မနစ်ဘူး၊ သူတို့ကျောပိုးအိတ်တွေကလေးတော့ သူတို့မကူးနိုင်ဘဲနစ်ကြတာ”လို့ဗိုလ်ကျားကြီးကပြောပါတယ်။
အနီးနားကဒေသခံတွေကိုဖမ်းဆီးပြီး ရေငုပ်အလောင်းရှာခိုင်းနေကာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကိုရောက်ရှိနေတဲ့စစ်သား ၅၀ ဝန်းကျင်က အနောက်ဘက်ခြမ်းမှာကင်းစောင့်ပေးနေတယ်လို့ဗိုလ်ကျားကြီးကပြောပါတယ်။
ဆယ်ယူရရှိတဲ့အလောင်းတွေကို အာဏာသိမ်းစစ်တပ်က အရှေ့ဘက်ကမ်းကိုတင်ဆောင်သွားပြီး အလောင်းဆယ်ယူမှုကိုဆက်လုပ်နေတယ်လို့ သူကပြောပါတယ်။
#Dailynews

