သပိတ်ကျင်း – ၂၀၂၃ မေ ၃ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ရွှေကိုးပင်လမ်းပေါက်နားမှာ
အာဏာသိမ်းစစ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို မနေ့ညက မိုင်းဆွဲတိုက်ခိုက် ခဲ့တယ်လို့တကောင်းပ.က.ဖ ဆီကသိရပါတယ်။
အင်းနက်ရွာကနေ ဆင်းလာတဲ့ စစ်သားတွေလိုက်ပါလာတဲ့ကားကို မိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသုံးယောက်သေဆုံးခဲ့တယ်လို့ တကောင်းပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မာမီကပြောပါတယ်။
“သူတို့ကားတည့်တည့်ထိတာ၊ အရှေ့က စစ်သားတွေတော့သက်သာသွားတယ်၊ ကားကလုံးဝပျက်စီးသွားတာ၊ ကားပေါ်ပါစစ်သားတွေလွင့်သွားတယ်”လို့ မာမီကပြောပါတယ်။
မိုင်းဖောက်ခွဲခံရမှုကြောင့် စစ်သားသုံးဦးနေရာတင်သေဆုံးသွားပြီး သေဆုံးဒဏ်ရာရစစ်သားတွေကို
တကောင်းဆေးရုံကို သယ်ယူပို့ဆောင်လိုက်တယ်လို့ သူကပြောပါတယ်။
မိုင်းဆွဲခံရပြီးပျက်စီးသွားတဲ့ကားကိုတော့ နာရီဝက်ခန့်အကြာမှာ လာရောက်ယူဆောင်သွားတယ်လို့သူကပြောပါတယ်။
#Dailynews

