မြိုင်မြို့နယ် ညောင်တွင်းရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

မြိုင်မြို့နယ် ညောင်တွင်းရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

မြိုင် – ၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း)

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ညောင်တွင်း (အနောက်ရွာ)ကို အာဏာသိမ်းစစ်တပ် စစ်​ကြောင်းက ဒီနေ့မနက် ၇: ၀၀ ဝန်းကျင်မှာမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ အင်အား ၈၀ ခန့်ရှိပြီး ဧပြီ ၂၂ရက်နေ့ကစတင်ကာ မြိုင်မြို့က တစ်ဆင့် ဝက်ကြုံး၊ မင်းကန်၊ ပန်းတိုင်းတောရွာတွေကိုဖြတ်ပြီး ညောင်တွင်းအနောက်ရွာကိုမီးရှို့ခဲ့တာလို့စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

” ပန်းတိုင်းတောကိုလည်း လက်နက်ကြီးတွေဆက်တိုက်ပစ်ပြီးဝင်တာ၊ အဲ့ဒါပြီးဒီနေ့ ညောင်တွင်းအနောက်ရွာကိုမီးရှို့တာ၊ စကစတယ်လီဂရန်ချန်နယ်မှာညောင်တွင်းအနောက်ရွာက နာမည်ကြီးနေတာ၊ ဒါကြောင့်ဖိနေတာ”လို့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

ညောင်တွင်းအနောက်ရွာကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလအတွင်းမှာ နေအိမ် အလုံး ၅၀ခန့်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီနေ့ နေအိမ် ၃၂လုံးကိုထပ်မံမီးရှို့ခဲ့တာလို့ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ညောင်တွင်းအနောက်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကိုလည်း မီးရှို့ ခဲ့တယ်လို့စစ်ရှောင်တွေဆီက သိထားရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကတော့ လတ်တလောထုတ်ပြန်ခြင်းမရှိသေးပါဘူး။

အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ၊ဖေဖော်ဝါရီ ၂၈ရက်အထိ မကွေးတိုင်းမှာ ၉,၀၁၉ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ – မီးရှို့ခံရတဲ့ ညောင်တွင်းရွာ
ဓာတ်ပုံ – Supplied


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."