ဆားလင်းကြီး – ၂၀၂၃ မတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဆားလင်းကြီးမြို့ပေါ်ကနေ ရေခါးရွာ၊ ရေခါးရွာဘက်ကနေ ဆားထုံးအုပ်စု ဆားထုံးရွာထိပ်ကို သေနတ်တွေဖောက်ပြီးဝင်တာဗျ။ အခုလောလောဆယ်တော့ မီးရှို့တာ၊ဖမ်းဆီးတာလည်း မရှိသေးဘူးဗျ။ စစ်ကြောင်းထိုးလာတဲ့အတွက် ယာယီစစ်ရှောင်ရတဲ့သဘောပါ။ တိုက်ပွဲဖြစ်လို့ရှောင်ရတာမဟုတ်ပါဘူး” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာစစ်ကောင်စီတပ်တွေဟာ နားတောင်းရွာတောင်ဘက်မှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေကတော့ ထွက်ပြေးနေရတုန်းပဲလို့ ဆိုပါတယ်။
ဒီမနက် စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့ ကျေးရွာ အုပ်စုသုံးစုဟာ ဆားထုံးအုပ်စု၊ တုံရွာအုပ်စုနဲ့ ဖောင်းကတာကျေးရွာအုပ်စုတို့ဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာကျော်ရှိတယ်လို့ သိရပါတယ်။
#Dailynews

