ရန်ကုန်- ၂၀၂၃ မတ် ၁၆ (မော်ကွန်း)
လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမ၊ဗေဒါစု (၁) လမ်းထိပ်က ဇွဲမင်းရွှေဆိုင်မှာ ညနေ ၃ နာရီခွဲလောက်က ဗုံးတွေ့လို့ စစ်ကောင်စီတပ်တွေလာရောက်ဖောက်ခွဲသွားတယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။
“ဇွဲမင်းရွှေဆိုင်မှာဗုံးတွေ့လို့ ချစ်တီးဘုရားကျောင်းကွင်းထဲမှာ လာဖောက်သွားတယ်။ အကျယ်ကြီးပဲ။” လို့ အနီးနားနေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက အိမ်စီးကားတစ်စီး၊ စစ်ကားနှစ်စီး၊ ရဲကားတစ်စီး၊ ရဲဂျစ်ကားတစ်စီး တို့နဲ့ အင်အားအများအပြားလာပြီး ညနေ ၄:၀၀ နာရီ ကျော်လောက်မှာ အနီးအနားက ချစ်တီးဘုရားကျောင်းထဲမှာပဲ ဗုံးကိုဖောက်ခွဲခဲ့တာပါ။
ဗုံးတွေ့ခဲ့တဲ့ ဘူတာရုံလမ်းမပေါ် ဗေဒါစု (၁)လမ်းထိပ်မှာ စကစတပ်သားတွေက လမ်းပိတ်ပြီးလာသမျှကားတွေပြန်လှည့်ခိုင်းခဲ့ပါတယ်။ အခုတော့ လမ်းတွေပြန်ဖွင့်ပေးလိုက်ပြီလို့သိရပါတယ်။
ဒီဗုံးတွေ့ရှိမှုမှာ ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါဘူး။
#Dailynews

