ရန်ကုန် – ၂၀၂၃၊ မတ်လ ၉ (မော်ကွန်း)
မန္တလေးမြို့ကဇလုံကြီးဟင်းအနှစ်ဆိုင်ပိုင်ရှင်ဖမ်းခံရပြီးနောက် ရန်ကုန်၊ကျောက်တံတားမြို့နယ်၊လမ်း၄၀ အပေါ်ဘလောက်ကဇလုံကြီးအနှစ်ထုပ်ရောင်းတဲ့ဆိုင်ပိုင်ရှင်တစ်ဦးရဲ့နေအိမ်ကို စကစတွေလာရောက်ရှာဖွေခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။
“နေ့လယ်လောက်ကတွေ့လိုက်တယ်။ အများကြီးပဲလာရှာကြတာ။ ဖမ်းခေါ်သွားတာတော့မတွေ့လိုက်ဘူး” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။
ဒီကနေ့ မွန်းလွဲလောက်မှာ စစ်ကောင်စီက မန္တလေးမြို့၊၆၆ လမ်း၊ ၃၁ လမ်း နဲ့ ၃၂ လမ်းကြားက ဇလုံကြီးအနှစ်ထုပ်ရောင်းတဲ့ဆိုင်ပိုင်ရှင်အား ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့အပြီး ရန်ကုန်က ဇလုံကြီးအနှစ်ထုပ်ပိုင်ရှင်ကိုလည်းလာရောက်ရှာဖွေခဲ့တာပါ။
ဒီလိုဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေအဖမ်းမခံရခင်ရက်ပိုင်းအလိုက ဖေ့စ်ဘွတ်ဆယ်လီ ပန်ဆယ်လိုဟာ အမေရိကမှာ ၎င်းဖွင့်လှစ်ထားတဲ့ စတိုးဆိုင်မှာ ဇလုံကြီးဟင်းအနှစ်ထုပ်တွေလည်းရနိုင်တယ်ဆိုပြီး ရေးသားခဲ့တာပါ။
အဲဒီနောက်မှာတော့ စစ်ကောင်စီလော်ဘီချန်နယ်ကနေ ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်တွေကိုဖမ်းဆီးကြဖို့ရေးသားခဲ့တာပါ။ အဲဒီချန်နယ်မှာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က ဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ပိုင်ရှင်ရဲ့နေရပ်လိပ်စာအတိအကျက်ိုရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိမှာဆိုလည်း ကျောက်တံတားမြို့နယ်ထဲမှာ စကစတပ်တွေခြေရှုပ်နေတယ်လို့လည်းအနီးအနားနေထိုင်သူတွေကပြောပါတယ်။
#Dailynews

