ပေါက်-၂၀၂၃ မတ် ၉ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ဝန်းရွာကို စစ်ကောင်စီတပ်တွေလက်နက်ကြီးငယ်တွေပစ်ခက်ပြီး ဒီနေ့မနက်ပိုင်းကဝင်စီးတာကြောင့် လက်နက်ကြီးကျည်မှန်ပြီး အဖွားအိုသုံးဦးသေဆုံးသွားတယ်လို့ အဲဒီကဒေသခံတွေကပြောပါတယ်။
“အဖွားကြီးသုံးယောက် လက်နက်ကြီးထိပြီးတော့သေတယ်ဆိုတာပဲသိရသေးတယ်၊ အဲ့တာတော့သေချာတယ်။ အဖမ်းခံရတာတွေတော့ မသိရသေးဘူး။ လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ ပြည်သူတွေထိတယ်။ ဒါ့ထက်လည်းများလာနိုင်သေးတယ်။ အခုကရှောင်နေရတာဆိုတော့ကျန်တဲ့ဟာ မသိရသေးဘူး” လို့ အဲဒီဒေသခံကပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေက ညောင်ဝန်းရွာအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိရာဘက်ကို ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်စီးတာကြောင့် ညောင်ဝန်းရွာအပြင် အနီးနားရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံအနှံ့နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ယခုနှစ်ဖေဖော်ဝါရီလကထုတ်ပြန်ထားပါတယ်။
#Dailynews

