ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ တိုက်ခိုက်ခဲ့ပြီး စခန်းကိုမီးရှို့ကာ ရဲဘော်နှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပုလဲမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကိုမီးရှို့သွားခဲ့တာပါ။
“လတ်တလော ရဲဘော်နှစ်ဦးအဖမ်းခံရတာကတော့သေချာပါတယ်၊ တစ်ဦးကျဆုံးတယ်ဆိုတဲ့သတင်းကတော့ အတည်ပြုလို့မရသေးဘဲ စုံစမ်းနေတုန်းပါ”လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့မှာ အင်အား ၂၀၀ ဝန်းကျင်ပါရှိပြီး ဒီကနေ့ညမှာတော့ ရွာထဲနေရာအနှံ့နဲ့ မေဓါရာမဘုန်းကြီးကျောင်းမှာတပ်စွဲထားတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

