ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စမ်းချောင်းပဒုမ္ဓာလမ်းမှာ ဒီကနေ့ည ၇:၂၀ လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။
“ဘားတွေရှိတဲ့နားလေးမှာပေါက်တာ။ ပြင်းမပြင်းတော့မသိဘူး။ ပေါက်ပေါက်ချင်းလူတွေထွက်ပြေးကုန်တာ” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။
အခုလက်ရှိမှာတော့စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေပါတယ်။
အနီးအနားတစ်ဝိုက်မှာဆိုရင်လည်း လူသွားလူလာတွေ ကြက်ပျောက်ငှက်ပျောက်သလ််ိုရှင်းလင်းနေပါတယ်။
ဒီပေါက်ကွဲမှုကြောင့်ထိခိုက်သူရှိမရှိ နဲ့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရသေးပါ။
#Dailynews

