အရာတော် – ၂၀၂၃ ဇန်နဝါရီ ၂၆ (မော်ကွန်း)
စစ်အာဏာရှင်ကို နေ့စဉ်မပြတ်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ လူထုသပိတ်ဦးဆောင်ကော်မတီကနေ ဒေသခံပြည်သူလူထုကို ဟောပြောပွဲတစ်ခု ဒီကနေ့ညမှာ ပြုလုပ်ခဲ့ပါတယ်။
အင်တာနက်ဖြတ်တောက်ကာ သတင်းအချက်အလက်အမှောင်ချခံထားရတဲ့ ကျေးရွာတွေက ပြည်သူ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ အရာတော်လူထုသပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ လတ်တလောတော်လှန်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဒေသခံပြည်သူတွေသိရှိအောင် အခုလို ပြုလုပ်ရတာလို့ဆိုပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

