ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ မွန်းလွဲ ၁:၃၀ ဝန်းကျင်က ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ကျေးရွာအကြား စစ်ဆေးရေးလုပ်နေတဲ့ စစ်သားလေးဦးကို ပစ်ခတ်ခဲ့ပြီး သုံးဦးနေရာတင်သေဆုံးခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံကိုပိန်ကပြောပါတယ်။
” သူတို့စစ်ဆေးနေတာကိုဝင်ပစ်ခဲ့တာ၊ သုံးယောက်ကတော့ပြန်ကိုမပစ်နိုင်ဘူး၊ နေရာတင်သေတာ၊ တစ်ယောက်ကတော့ ပြန်ပစ်တယ်၊ ကျွန်တော်တို့ကားက အဆင်မပြေတော့ သေနတ်တွေကောက်ပြီး သူတို့ကားနဲ့ ပြန်ထွက်လာခဲ့တာ”လို့ကိုပိန်ကပြောပါတယ်။
သေနတ်နှစ်လက်အပါအဝင် G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်နှစ်ခု၊ ကားတစ်စီး၊ လက်ထိပ်၊ ဆက်ကြေးစာအုပ်တစ်အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသားသုံးသိန်းနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
ပုံစာ – သိမ်းဆည်းရမိတဲ့လက်နက်၊ ပစ္စည်းများ။
ဓာတ်ပုံ – Supplied
#Dailynews

