ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၉ (မော်ကွန်း)
တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာ၊ AGD bank ဘေးချင်းကပ်မှ Real Life Advertising ကုမ္ပဏီအဆောက်အဦးမှာ မီးလောင်မှုဖြစ်ပွါးနေပါတယ်။
မွန်းလွဲ ၂:၂၀ ဝန်းကျင်လောက်ကတည်းက မီးလောင်မှုဖြစ်ပွါးခဲ့တာပါ။ ဘယ်ကဘယ်လိုမီးစလောင်ခဲ့တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။
လက်ရှိမှာ တော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က Level 1 အဆင့် မီးသတ်ယာဉ်တွေရောက်လာပြီး ငြှိမ်းသတ်နေပါတယ်။
ဘေးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး လုံခြုံရေးယူထားတာလည်းမြင်တွေ့ရပါတယ်။
Photo: Supplied
#Dailynews

